မော်လမြိုင် – ရန်ကုန် (၈၂)အစုန် အမြန်ရထားခရီးစဉ်အတွက်ကြိုတင်လက်မှတ်များကို နေ့စဉ် နံနက် (၇) နာရီမှနေ့လယ် (၃)နာရီအထိ ရက်ကြိုစနစ်ဖြင့် ပိတ်ရက်မရှိ ရောင်းချပေးနေကြောင်း မော်လမြိုင်ဘူတာကြီး၏ အသိပေးချက်အရ သိရသည်။
အမြန်ရထားလက်မှတ်များ ရက်ကြိုစနစ်ဖြင့်ရောင်းချပေးရာ၌ (၃)ရက်ကြို (၂) ရက် ကြို (၁) ရက်ကြို စနစ်များဖြင့်ရောင်းချပေးနေပြီး နေ့စဉ် လက်ကျန်လက်မှတ်များအား စောင်ရေအလိုက် ခရီးသည်များ သိရှိနိုင်စေရန် ဘူတာကြီးအတွင်း အသိပေးကြေညာထားကြောင်း သိရသည်။
ထိုသို့ ကြေငြာပေးရာ၌ ရထားလက်မှတ်ခနှုန်းထားများသိရှိစေရန် လော်စပီကာဖွင့်၍ ကြေငြာပေးခြင်း၊ မော်လမြိုင်ဘူတာကြီး တာဝန်ရှိဝန်ထမ်းများမှ လက်မှတ်စတင်ရောင်းချချိန်တွင် စာရင်းကောက်ယူခြင်း နှင့် ခရီးသွားပြည်သူများ အဆင်ပြေစွာ လက်မှတ်ဝယ်ယူနိုင်ရေးအတွက် ကြပ်မတ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ရထားဖြင့် ခရီးသွားလာလိုသူများအနေဖြင့် မှတ်ပုံတင်မှုရင်း ပါရှိမှသာ လက်မှတ်ရောင်းချပေးမည်ဖြစ်ကြောင်း အသိပေးထားသည်။
ဓာတ်ပုံ – မော်လမြိုင် ဘူတာကြီး