ရှမ်းပြည်နယ်၊ မောက်မယ်မြို့တွင် ယနေ့ စက်တင်ဘာ ၃၀ ရက်နေ့လည် ၃ နာရီခန့်က မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မွေတော်ရပ်ကွက်နှင့် ဈေတန်းရပ်ကွက်တို့ရှိ မြေနိမ့်ပိုင်းနေအိမ်များအတွင်းသို့ ရေဝင်ရောက်မှုများဖြစ်ပွားလျက်ရှိကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။
ထို့ကြောင့် ရေဝင်ရောက်နေသည့်နေအိမ်များအတွင်းနေထိုင်သူများအား မောက်မယ်မြို့နယ်မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များက ရေဘေးလွတ်ကင်းရာသို့ကူညီရွှေ့ ပြောင်းပေးခဲ့ကြကြောင်း သိရသည်။
