Saturday, June 21, 2025

ASEAN-Korea Startup Innovation Week...

ကိုရီးယားသမ္မတနိုင်ငံ၊ ဆိုးလ်မြို့တွင် ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ (၂၀) ရက်မှ (၂၄) ရက်နေ့အထိ"ASEAN-Korea Startup Innovation Week 2025"...

စစ်ကိုင်းတိုင်း ဒေသကြီးအတွင်း တရားမဝင်စက်သုံးဆီ သယ်ဆောင်ခြင်းများ...

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း တရားမဝင်စက်သုံးဆီ သယ်ဆောင်ခြင်းများ မပြုလုပ်ကြရန် စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကျော်က ညွှန်ကြားခဲ့ကြောင်း သိရသည်။ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း စက်သုံးဆီသယ်ယူဖြန့်ဖြူးရောင်းချခြင်း ညှိနှိုင်းအစည်းအဝေးကို ဇွန်လ (၂၀) ရက်၊ နံနက်ပိုင်းက...

နည်းပညာပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန်ဒေါ်လာ၂ ဒဿမ၃ဘီလျံ ရင်းနှီးမြှုပ်နှံမှုကိုအင်ဒိုနီးရှားနှင့်...

အင်ဒိုနီးရှားနှင့် ရုရှားနိုင်ငံတို့သည် စက်မှုလုပ်ငန်းဆိုင်ရာ အသိပညာ၊ အသုံးချ သုတေသနနှင့် အဆင့်မြင့် ဖြေရှင်းမှုများကို ဖလှယ်နိုင်မည့် နှစ်နိုင်ငံ နည်းပညာလွှဲပြောင်းမှုအတွက် အမေရိကန်ဒေါ်လာ ၂...

ကမ္ဘာ့ရေနံဈေးနှုန်း မြင့်တက်နေသော်လည်း ကြိုတင်မှာယူ ထားခြင်းကြောင့်...

ကမ္ဘာ့ရေနံဈေးနှုန်း မြင့်တက်မှုကြောင့် အာရှပစိဖိတ်ဒေသအတွင်း စက်သုံးဆီဈေးနှုန်း မြင့်တက်ခြင်းနှင့်အတူ ပြည်တွင်းစက်သုံးဆီဈေးနှုန်းများ မြင့်တက်လာသော်လည်းကြို တင်မှာယူထားခြင်းကြောင့် စက်သုံးဆီဖူလုံမှုရှိကြောင်း သိရသည်။ ပြည်တွင်းစက်သုံးဆီဈေးနှုန်းများမြင့်တက်သော်လည်း ပြီးခဲ့သည့်နှစ်ဆန်းပိုင်းက ဖြစ်ပေါ်ခဲ့သော ဈေးနှုန်းများထက်...
HomeCelebrities' Newsမလေးရှားနိုင်ငံမှာ မြန်မာဘောလုံး အသင်းကို...

မလေးရှားနိုင်ငံမှာ မြန်မာဘောလုံး အသင်းကို အားပေးရင်း ဆီးဂိမ်း အတွက် ရိုက်ကူးရေးတွေ လုပ်နေတဲ့ စည်သူမောင်

Cthumgသရုပ်ဆောင် စည်သူမောင်က ဆီးဂိမ်းအစီအစဉ်နှစ်ခုနဲ့ အွန်လိုင်း ပေါ်က လက်ရွေးစင် page  ရိုက်ကူး ရေးတို့ အတွက် သြဂုတ်လ ၁ဝရက်နေ့ က မလေးရှား နိုင်ငံကို ရောက်ရှိနေ ပါတယ်။ ဒီလိုရောက်ရှိနေတဲ့ အချိန် မှာပဲ မြန်မာဘောလုံးပွဲကို တိုက်ရိုက် ထုတ်လွှင့်ခွင့် မပေးတဲ့ အတွက် မြန်မာ ပြည်က ပရိသတ်တွေ ကြည့်ရှုလို့ရ အောင် အွန်လိုင်း Live Stream က တစ်ဆင့် ရိုက်ကူး ထုတ်လွှင့်ခဲ့တယ် လို့ စည်သူမောင်က ပြောပါတယ်။

“မြန်မာ့အသံမှာ ဆီးဂိမ်း အစီ အစဉ် ၂ ခုဖြစ်တဲ့ road to sea Games နဲ့ Football Magazine  တွေ ပြသဖို့အတွက်နဲ့ လက်ရွေးစင် page အတွက်လာတာပါ။ ဖြစ်ချင် တော့ မြန်မာဘောလုံးပွဲ နှစ်ပွဲကို ပေး မရိုက်တော့ မြန်မာတွေ ကြည့်ဖို့ ဘောလုံးအဖွဲ့ချုပ်က ကြိုးစား တာ ရ သွားတယ်။ အစ်ကို တို့ဆီမှာလည်း live လွှင့်တဲ့စက်တွေ တစ်ခါတည်း ပါ လာတော့ မြန်မာ့ အသံနဲ့ ချိတ်ပြီး တစ်တိုင်းပြည်လုံး ကြည့်လို့ရအောင် အစ်ကိုတို့အဖွဲ့ ရိုက်ကူးထုတ်လွှင့် နိုင်ခဲ့တယ်။ အခု MRTV ကပြတဲ့ ဘောလုံးပွဲက အစ်ကို တို့နဲ့ချိတ်ပီး live stream ကနေအစအဆုံး  link  ချိတ်ပြခဲ့တာပါ။ ဆီးဂိမ်းပွဲ အစ အဆုံးပြီးတဲ့အထိ အစ်ကို နဲ့အတူ “လက်ရွေးစင်” အဖွဲ့သားတွေ မလေး ရှား မှာနေပြီးတော့ သတင်းတွေ တင် ဆက်ပေးနေမှာပါ။ မနေ့ကတော့ မြန်မာနိုင်ငံသားတွေ ပိုက်ဆံမကုန် ဖုန်းလေး နဲ့ကြည့်စရာမလိုဘဲ MRTV   ကနေ အားရပါးရကြည့်  ခွင့်ရအောင် လုပ်ပေးနိုင်ခဲ့လို့  တကယ်ကျေနပ်မိ တယ်” လို့ ပြောပါတယ်။ စည်သူ မောင်က ရိုက်ကူးရေး လုပ်နေ ရင်း နဲ့ ပင်ပန်းပြီး ဖျားနေတဲ့ အတွက် လက် ရွေးစင်ဘောလုံး အသင်းရဲ့ ဆရာဝန် က သြဂုတ်လ ၁၆ရက် နေ့ညက ဆေး ကုပေးထားရတယ်လို့ သိရပါတယ်။

အခုလက်ရှိ မြန်မာဘောလုံး အသင်းရဲ့ အခြေအနေအပေါ်ကို စည်သူမောင်က “ပထမနေ့က အရမ်းကောင်း တယ်။ မိနစ် ၈ဝ နောက်ပိုင်း သက်လုံ နည်းနည်းကျ သွားတာတွေ့ရတယ်။ လာအိုနဲ့ပွဲမှာတော့ တစ်ဦးချင်းရော၊ အသင်းလိုက် အပေးအယူမှာပါ လာအို ထက် သာပါတယ်။ ဒါပေမဲ့ နည်းနည်း အမှားများနေတယ်။ ကိုယ့်ထက်နိမ့်တဲ့ အသင်းမို့ ခံသာ နေတာ။ ဒုတိယပိုင်း အစမှာ လူစား လဲတဲ့နေရာ မှာလည်း အမှားအယွင်း အနည်းငယ်ရှိတယ် လို့ထင်တယ်။ ကစားသမား အနည်းစုပဲ ပုံမှန်ခြေ စွမ်းမှာရှိပြီး အများစုက ပုံမှန်ခြေ စွမ်းအောက် ရောက်နေတယ်။ တစ်ဖက် အသင်းကိုလည်း လျှော့ တွက်မိနေလားလို့ပါ။ ဂိုးပေးလိုက် ရပြီးမှ အသည်းအသန် ပြန် ကစားပြီး ပွဲပြီးခါနီး လူစားလဲမှု မှန်ကန်တယ် ပြောရမယ် ။ စိတ်ခံစားချက်ကို အမြင့် ဆုံးအထိ ဆွဲခေါ်သွားပြီး ပျော်ရွှင်မှု တွေပေးနိုင်ခဲ့ ပါတယ်။ ကစားသမား တချို့ ဒုတိယပိုင်း ပြီးခါနီးမှာလည်း သက်လုံတွေ ကျလာတာတွေ့ရတယ်။ စိတ်ဓာတ် နဲ့ညှစ်ပြီးတွန်းကစားလို့ သာ ခုလို အဖြေထွက်လာတာပါ” လို့ သုံးသပ်ခဲ့ပါတယ်။

မြန်မာဘောလုံး အသင်းကို မလေးရှားနိုင်ငံမှာ ရောက်ရှိနေတဲ့ မြန်မာလူမျိုးတွေ ကလည်း အခက် အခဲတွေကြားက အားပေးခဲ့ကြတယ် လို့ ဆိုပါတယ်။

“တချို့တွေဆိုရင် ခိုးနေတာ နေထိုင်ခွင့်မရှိဘူး။ ဒါပေမဲ့ အရဲ စွန့်ပြီး လာအားပေးကြတယ်။ တချို့ က စက်ရုံပိတ်ပြီး ကား ၈စီးစာ၊ တချို့ဆို ကား ၅နာရီ ၆နာရီ စီးပြီး လာ အားပေးကြရတာ။ ဒါပေမဲ့   ဘောလုံးပွဲ လက်မှတ်ကို လိုသလောက် မရောင်းပေးကြလို့ မနေ့ကဆို အပြင် ဘက်မှာ ကြည့်နေရတဲ့ ပရိသတ် တွေလည်း တွေ့မှာပါ။ ဘောလုံးအဖွဲ့ ချုပ် တာဝန်ရှိသူတွေ အဲဒီကိစ္စကို ဖြေရှင်းဖို့ကြိုးစားနေ ကြပါ တယ်။ သူ တို့ခမျာ တကူးတက လာပြီးမှ ဝင် ခွင့်မပေး၊ လက်မှတ်မရောင်းပေးတာ တအားသနားဖို့ ကောင်းပါတယ်။ မလေးရှား ပွဲစီစဉ် သူတွေ ဘယ်လို လုပ်နေလဲတော့ အစ်ကိုမသိဘူး။ တာဝန်ရှိသူတွေဖြေရှင်းဖို့ လုပ်နေကြပါတယ်” လို့ပြောပါတယ်။ မြန်မာ ဘောလုံး အသင်း အနေနဲ့ ရွှေရရှိဖို့ မျှော်လင့်ချက်ရှိနေပြီး ဆီးဂိမ်းကစား သမား အားလုံး ကတော့ ရွှေဆုရ အောင် ကြိုးစား ယှဉ်ပြိုင်နေတဲ့သူ တွေမို့ ရည်မှန်းချက်အတိုင်း အောင် မြင်ပါစေလို့ ဆုတောင်းစကား ပြော ခဲ့ပါတယ်။

ခိုင်ဝေလွင်

Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071