Tuesday, February 3, 2026

𝐌𝐂𝐄𝐅 မှ မန္တလေးမြို့တွင် အဆောက်အဦးများပြုပြင်ခြင်းဆိုင်ရာ(ပန်းရံ)...

မြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်းချုပ် (𝐌𝐂𝐄𝐅) မှ ကြီးမှူး၍ မန္တလေးတိုင်းဒေသကြီး၊ ဆောက်လုပ်ရေးဆိုင်ရာလုပ်ငန်းရှင်များအသင်းမှဦးစီးကာ အဆောက်အဦးများပြုပြင်ခြင်းဆိုင်ရာ (ပန်းရံ) သင်တန်းအား မန္တလေးမြို့နှင့် မန္တလေးမြို့ဝန်းကျင်တွင် ဖွင့်လှစ်သွားမည်ဖြစ်သည်။ အဆိုပါသင်တန်းကို...

မြန်မာ့အကြီးဆုံး ဆောက်လုပ်ရေးပြပွဲကြီး (၃) ရက်တိုင်တိုင်...

ရန်ကုန်မြို့တွင် မြန်မာ့အကြီးဆုံး ဆောက်လုပ်ရေးပြပွဲကြီး Myanmar 8 Build Expo 2026 ပြပွဲကို (၃) ရက်တိုင်တိုင်ကျင်းပမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ ပြပွဲတွင်...

တရုတ်နှစ်သစ်ကူး နီးလာပြီဖြစ်သည့်အတွက် ဖရဲ၊ သခွားများ...

မြန်မာ - တရုတ်နယ်စပ်ဂိတ်တွင် တရုတ်နှစ်ကူးနီးလာပြီဖြစ်သည့်အတွက် ဖရဲ၊ သခွားများဈေးကောင်း‌ရနေကြောင်း သစ်သီးကုန်သည်များ၏ ပြောပြချက်အရ သိရသည်။ ဖေဖော်ဝါရီလ ၁၆ ရက်နေ့သည် တရုတ်နှစ်သစ်ကူးပွဲတော်ရက်ဖြစ်၍ ယင်းကာလမတိုင်မီ...

ICRCက အကျဉ်းထောင် အကျဉ်းစခန်းများမှ လွတ်မြောက်လာသူများအတွက်...

အကြောင်းအမျိုးမျိုးကြောင့် အကျဉ်းကျခံရပြီးနောက်အကျဉ်းထောင်/အကျဉ်းစခန်းများမှ ပြန်လည်လွတ်မြောက်လာသူများအတွက် မိသားစုခရီးစရိတ်ကူညီပံ့ပိုးပေးနေသည်ဟု အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီက အသိ ပေးထားသည်။ အဆိုပါ အစီအစဉ်တွင် နေအိမ်သို့ ဘေးကင်းစွာပြန်လည်ရောက်ရှိရေး အစီအစဥ်နှင့် မိသားစုခရီးစရိတ်ပံ့ပိုးကူညီမှုအစီအစဥ်ဟု...
HomeNewsLocal Newsမူးယစ်ဆေးဝါးထုတ်လုပ်ရာတွင်အသုံးပြုသည့် အစပျိုးဓာတုပစ္စည်းများသည် ပြည်တွင်းထွက်ကုန်မဟုတ်ဘဲ...

မူးယစ်ဆေးဝါးထုတ်လုပ်ရာတွင်အသုံးပြုသည့် အစပျိုးဓာတုပစ္စည်းများသည် ပြည်တွင်းထွက်ကုန်မဟုတ်ဘဲ ပြည်ပမှမှောင်ခိုတင်သွင်းလာခြင်းဖြစ်

မူးယစ်ဆေးဝါးထုတ်လုပ်ရာတွင်အသုံးပြုသည့် အစပျိုးဓာတုပစ္စည်းများသည် ပြည်တွင်းထွက်ကုန်မဟုတ်ဘဲ ပြည်ပမှမှောင်ခိုတင်သွင်းလာခြင်းဖြစ်သည်ဟု ဩစတြီးယားနိုင်ငံ၊ ဗီယင်နာမြို့အခြေစိုက် ကုလသမဂ္ဂနှင့် အခြားနိုင်ငံတကာအဖွဲ့အစည်းများဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီးဦးမင်းသိမ်းက ပြောသည်။

ဖေဖော်ဝါရီ ၂ ရက်ကကျင်းပသည့် အပြည်ပြည်ဆိုင် ရာမူးယစ်ဆေးဝါးထိန်းချုပ်ရေးဘုတ်အဖွဲ့မှ မကြာမီထုတ်ဝေမည့် ၂၀၂၅ ခုနှစ်အတွက် နှစ်စဉ်အစီရင်ခံစာနှင့် အစပျိုးဓာတုပစ္စည်းဆိုင်ရာအစီရင်ခံစာများနှင့်ပတ်သက်သည့် ရှင်းလင်းပွဲတွင်ပြောကြားခဲ့ခြင်းဖြစ်သည်။

ထိုသို့ ပြည်ပမှ မှောင်ခိုတင်သွင်းလာခြင်းဖြစ်၍ ယင်းထောက်ပံ့ရေးလမ်းကြောင်းများကို ဖြတ်တောက်ရန်အ ရေးကြီးကာ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းများအား INCB၊ UNODC နှင့် အခြားသက်ဆိုင်ရာ မိတ်ဖက်အဖွဲ့အစည်းများနှင့် ဆက်လက်ပူးပေါင်းဆောင် ရွက်သွားမည်ဟု ပြောသည်။

ထို့ပြင် မြန်မာအမြဲတမ်းကိုယ်စားလှယ်က ထိန်းချုပ်ဓာတုပစ္စည်းများလမ်းလွှဲတင်သွင်းမှုကို ထိရောက်စွာတားဆီးနိုင်ရန် “ဆိပ်ကမ်းတစ်ခုတည်းမှ ဝင်/ထွက်ခွင့်ပြုသည့်စနစ်”ကျင့်သုံးနေမှု၊ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလတွင် ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုင်းရယ်မြို့နယ်အနီး၌ မူးယစ်ဆေးဝါးနှိမ်နှင်းရေး အထူးစစ်ဆင်ရေးများပြုလုပ်ခဲ့ရာ၌ အကြီးမားဆုံးမူးယစ်ဆေးဝါးထုတ်လုပ်သည့် နေရာများရှာဖွေဖော်ထုတ်နိုင်ခဲ့မှုတို့ကို ရှင်းလင်းပြောကြားသည်။

ထို့အတူ ဒေသတွင်းနှင့် နိုင်ငံတကာအဆင့် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ပူးပေါင်းဆောင်ရွက်နေမှု၊ စိန်ခေါ်မှုများစွာရှိနေမှုတို့ကိုလည်းရှင်းလင်းပြောကြားခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

𝐌𝐂𝐄𝐅 မှ မန္တလေးမြို့တွင် အဆောက်အဦးများပြုပြင်ခြင်းဆိုင်ရာ(ပန်းရံ) သင်တန်းအတွက် သင်တန်းသားများ ခေါ်ယူ

မြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်းချုပ် (𝐌𝐂𝐄𝐅) မှ ကြီးမှူး၍ မန္တလေးတိုင်းဒေသကြီး၊ ဆောက်လုပ်ရေးဆိုင်ရာလုပ်ငန်းရှင်များအသင်းမှဦးစီးကာ အဆောက်အဦးများပြုပြင်ခြင်းဆိုင်ရာ (ပန်းရံ) သင်တန်းအား မန္တလေးမြို့နှင့် မန္တလေးမြို့ဝန်းကျင်တွင် ဖွင့်လှစ်သွားမည်ဖြစ်သည်။ အဆိုပါသင်တန်းကို ဖေဖော်ဝါရီလတတိယပတ်မှစတင်၍ (၁) လ သင်တန်း (အခမဲ့) ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ပြီး သင်တန်းသားဦး‌ရေ (၁၀၀) ကို လက်ခံသင်ကြားပို့ချသွားမည်ဖြစ်သည်။ အဆိုပါသင်တန်းသားများကို သင်တန်းနေရာ (၁) ခု တွင် သင်တန်းသား (၂၀) ဦးနှုန်းဖြင့် (၅) နေရာခွဲကာ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း၊ဆောက်လုပ်ရေးပညာရပ်ဆိုင်ရာ နည်းပညာပြန့်ပွားစေလိုခြင်းအတွက် အဓိကထား ဖွင့်လှစ်ခြင်းဖြစ်ပြီး အခြေခံပန်းရံလုပ်ငန်း လုပ်နိုင်သူ မည်သူမဆို...

မြန်မာ့အကြီးဆုံး ဆောက်လုပ်ရေးပြပွဲကြီး (၃) ရက်တိုင်တိုင် ကျင်းပမည်

ရန်ကုန်မြို့တွင် မြန်မာ့အကြီးဆုံး ဆောက်လုပ်ရေးပြပွဲကြီး Myanmar 8 Build Expo 2026 ပြပွဲကို (၃) ရက်တိုင်တိုင်ကျင်းပမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ ပြပွဲတွင် ဆောက်လုပ်ရေးပြပွဲ၊ အိမ်ခြံမြေ အရောင်းပြပွဲ၊ ဆိုလာ၊ လျှပ်စစ်နှင့် EV အရောင်းပြပွဲကြီးဖြစ်ကြောင်း သိရသည်။ ပြပွဲကို မတ်လ ၆ ရက် မှ ၈ ရက်အထိ မနက် ၁၀ နာရီ မှ ညနေ ၅ နာရီထိ Yangon Convention Center-YCC (ရန်ကုန်ကွန်ဗန်းရှင်းစင်တာ) ၌...

တရုတ်နှစ်သစ်ကူး နီးလာပြီဖြစ်သည့်အတွက် ဖရဲ၊ သခွားများ ဈေးကောင်း‌ရနေ

မြန်မာ - တရုတ်နယ်စပ်ဂိတ်တွင် တရုတ်နှစ်ကူးနီးလာပြီဖြစ်သည့်အတွက် ဖရဲ၊ သခွားများဈေးကောင်း‌ရနေကြောင်း သစ်သီးကုန်သည်များ၏ ပြောပြချက်အရ သိရသည်။ ဖေဖော်ဝါရီလ ၁၆ ရက်နေ့သည် တရုတ်နှစ်သစ်ကူးပွဲတော်ရက်ဖြစ်၍ ယင်းကာလမတိုင်မီ ဝယ်လိုအားကောင်းနေသကဲ့သို့ ပုံမှန်အရဆိုလျှင်လည်း ၎င်းတို့ဘက်မှ လိုအပ်ချက်ရှိနေခြင်းကြောင့် အရည်အသွေးကောင်းလျှင် ဈေးကောင်းရခြင်းဖြစ်ကြောင်း သိရသည်။ တရုတ်ဈေးကွက်တွင် တစ်ကီလိုဈေးနှုန်များအနေဖြင့် အရည်အသွေးကောင်းပါက ၈၅၅ ဖရဲ နှင့် စေ့မဲ့ဖရဲသီးမှာ ၄ ဒသမ ၈ ယွမ်၊ ထိုင်ဝမ်ဖရဲသီးမှာ ၄ ဒသမ ၅ ယွမ် နှင့် စေ့မဲ့ဖရဲသီးမှာ အမြင့်ဈေးရရှိနေပြီး ကားအစီးပြတ်ဆိုလျှင်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071