Thursday, April 30, 2026

၂၀၃၀ ပြည့်နှစ်တွင် မြန်မာနိုင်ငံ၌ အ...

၂၀၃၀ ပြည့်နှစ်တွင် မြန်မာနိုင်ငံ၌ အ သည်းရောင်ရောဂါ ကင်းဝေးစေရန်သန္နိဌာန်ချထားသည်ဟု ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက် တာသက်ခိုင်ဝင်း ကပြောကြားသည်။ ​ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ Eastin Grand...

ယနေ့ ဧပြီ ၃၀ ရက်နေ့လည်ပိုင်းကတိုက်ခတ်ခဲ့သည့်လေပြင်းကြောင်း...

ယနေ့ ဧပြီ ၃၀ ရက်နေ့လည်ပိုင်းက ရန်ကုန်တိုင်းအ တွင်း၌ လေပြင်းတိုက်ခတ်မှုဖြစ်ပေါ်ခဲ့ရာ မြို့နယ်အ ချို့တွင် သစ်ပင်လဲကျခြင်း၊ သစ်ကိုင်းကျိုးကျခြင်းများဖြစ်ပေါ်ခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။ ရန်ကင်းမြို့နယ်၊...

ငလျင်ဒဏ်ကြောင့် ပြန်လည်ပြုပြင်ပြီးနောက် မန္တလေး ဂျက်ဖာဆင်စင်တာ...

၂၀၂၅ ခုနှစ် မန္တလေးငလျင် လှုပ်ခတ်ပြီးနောက် ပြန်လည်ပြုပြင်မွမ်းမံပြီး ၂၀၂၆ ခုနှစ် ဧပြီ ၂၉ ရက်တွင် မန္တလေး ဂျက်ဖာဆင်စင်တာ တရားဝင်...

မအူပင်မြို့တွင် ကဆုန်လပြည့်‌နေ့အထိမ်းအမှတ် ညောင်ရေသွန်းလောင်းပူဇော်ပွဲကို စည်ကားသိုက်မြိုက်စွာကျင်းပမှု...

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့တွင် ညောင်ရေသွန်းလောင်းပူဇော်ပွဲအခမ်းအနားကို ဧပြီလ (၃၀) ရက်နေ့ နံနက်ပိုင်းက ရွှေဘုန်းမြင့်ဘုရားရှေ့၌ စည်ကားသိုက်မြိုက်စွာကျင်းပပြုလုပ်ခဲ့ကြောင်းသိရှိရသည်။
HomeCelebrities' Newsမူးယစ်ဆေးဝါးနွံ့ထဲက ဘယ်လို ကျော်ဖြတ်မလဲ...

မူးယစ်ဆေးဝါးနွံ့ထဲက ဘယ်လို ကျော်ဖြတ်မလဲ ဦးကျော်သူ

kyawthu

ပရဟိတသမားတစ်ယောက်အဖြစ် လူမှုအကျိုးပြုလုပ်ငန်းတွေ မလုပ်ခင် ရုပ်ရှင်မင်းသား ကျော်သူ ဘဝက မူးယစ်ဆေးစွဲခဲ့ဖူးတယ်ဆိုတာကို အင်တာဗျူးတွေမှာ အမြဲ တမ်း ဖြေလေ့ရှိတဲ့ နာရေးကူညီမှု အသင်းဥက္ကဋ္ဌ ဦးကျော်သူကို လူငယ် များနဲ့ မူးယစ်ဆေးဝါးကို အန္တရာယ် အကြောင်းပညာပေးအဖြစ် မေးမြန်း ဖြစ်ခဲ့ပါတယ်။ မူးယစ်ဆေးဝါးကို ၃၊ ၄ နှစ်လောက်သုံးစွဲခဲ့ဖူးသူဦးကျော်သူက သူ မူးယစ်ဆေးဝါးကိုဘယ်လို ဖြတ်ခဲ့သလဲဆိုတာကိုမေးဖြစ်တဲ့အခါ ..

” ကျွန်တော့်တုန်းက အရက်စွဲ တာတော့ ကြာတယ်။ မူးယစ်ကတော့ ၃နှစ်၊ ၄နှစ်လောက် လုပ်ဖူးတယ်။ ကျွန်တော်မင်းသား မလုပ်ခင် ကျွန် တော်တို့ခေတ်တုန်းက တော့ ချောင်း ဆိုးပျောက်ဆေးပေါ့ ဗျာ။ အဲဒါသုံးတယ်။ နောက်ပိုင်းဖြတ် တော့ ဒီလို ဆေးဝါးနဲ့ကုတယ်ဆိုတာ စိတ်ဓာတ်တွေ ကယောင်ချောက်ချား ဖြစ်တာ တို့၊ Depression တွေ ဖြစ်လာတယ်။ ဆရာဝန်တွေကလည်း လူနာတစ်ဦး ချင်းစီတိုင်းကို ဂရုစိုက် ပေးဖို့ သိပ်မလွယ်ဘူး။ ကျွန်တော်တိုက်တွန်းပေးချင်တာက ဘာသာ ရေး လုပ်ပါ။ ဝိပဿနာဆိုလည်း ဝိပဿနာ၊ သမထဆိုလည်း သမထ။ ဒါတွေလုပ်ပြီးပရဟိတ လုပ်တယ် ဆိုရင်ပြီး သွားမှာပဲ။ မန္တလေး ဘက်မှာဆို ၆ယောက်လောက် အရက်ပြတ် သွားပြီ။ ဒါကိုကျွန်တော် ပီတိဖြစ်ရတာပေါ့” လို့ သူကပြောပါတယ်။

မူးယစ်ဆေးဝါးဆိုတာ သုံးစွဲစဉ် ခဏမှာသာ အာရုံတွေ ထွေပြားပြီး ကောင်းတယ်လို့ ထင်ရပေမယ့် တကယ်တမ်း ပြီးဆုံးသွားပြီဆိုရင် သူ့ရဲ့ဘေးထွက်ဆိုးကျိုးတွေက များ ပြားလှပါတယ်။ တကယ်တော့ ဆေးစွဲတယ်၊ အရက်စွဲတယ်ဆိုတာ ပရဟိတအလုပ်ကို လုပ်ကိုင်ရတာ လောက် မစွဲပါဘူးလို့ဆိုတဲ့ ဦးကျော်သူက …

” ကျွန်တော်ကတော့ ဒီဟာတွေ ကျွန်တော်ဖြတ်သန်းခဲ့ရတဲ့ဟာတွေ။ ကျွန်တော်လည်းလုပ်ခဲ့ဖူးတာပဲ။ ဒီဟာကို ကျွန်တော်တို့ကတော့ ဆရာဝန်တွေဘာတွေနဲ့ ဖြတ်တာကို မကြိုက်ဘူး။ ကိုယ်ကစွဲလမ်းနေတဲ့ အချိန်မှာ ဒါမျိုးကို အချုပ်အနှောင်တွေနဲ့ ဖြတ်တာကို မကြိုက်ဘူး။ ကျွန်တော်ဘာနဲ့ ဖြတ်သလဲဆိုတော့ ဘာသာရေးနဲ့ ဖြတ်ခဲ့ရတယ်။ ကျွန်တော်အခု ပရဟိတလုပ်တဲ့ နေရာမှာ နယ်တွေသွားတယ်။ မန္တ လေးမှာ ကျွန်တော့်ရဲ့ Documentary ဖြစ်တဲ့ Walking A Fine Line’ကိုပြတယ်။ ကလေးမိဘတွေ အယောက် ၄ဝ လောက် ကျွန်တော့်ဆီကိုရောက်လာတယ်။ သူတို့သားသမီးတွေ ဆေးစွဲနေတာ။ အရက်စွဲနေတာရှိတယ်။ အဲဒါကို ဖြတ်ပေးပါဆိုတော့ ကျွန်တော်ဒီ အတိုင်းပဲ ပြောလိုက်တယ်။ ကျွန်တော့်တုန်းကတော့ ဆေးတွေ ဘာတွေ၊ ဆရာဝန်တွေနဲ့ ဖြတ်တာ မဟုတ်ဘူး။ ကျွန်တော်ဘာသာရေး လုပ်တယ်။ ဘာသာရေးလုပ်ပြီး အဓိဋ္ဌာန်တွေ၊ ပုတီးစိပ်တာတွေ လုပ်တယ်။ လုပ်ပြီးတော့ ပရဟိတကို လုပ်လိုက်တဲ့အချိန်မှာ ယတိပြတ်သွားတယ်။ မူးယစ်ဆေးစွဲတာတို့၊ အရက်စွဲတာတို့ထက် ပရဟိတကို တကယ်စိတ်ပါလက်ပါနဲ့ နှလုံးသား ထဲကနေ လုပ်တယ်ဆိုရင် ဒါတွေ အားလုံးပြီးသွားမှာ။ ပြတ်သွားမှာပါ” လို့ နယ်တွေသွားတိုင်းလည်း သူဖြတ်သန်းခဲ့ရဖူးတဲ့ မူးယစ်ဆေးဝါး သုံးစွဲမှုအကြောင်းကို လူငယ်တွေလမ်းမှားမရောက်စေဖို့ အမြဲတမ်း ပြောပြလေ့ရှိတဲ့ ဦးကျော်သူက ….

” ကျွန်တော်က တောက်လျှောက်လုပ်နေတာပဲ။ နယ်သွားတယ်ဆို နယ်မှာဟောပြောပွဲဆို ဟောပြောပွဲ၊ အသင်းအဖွဲ့တွေနဲ့ တွေ့တယ်ဆို အသင်းအဖွဲ့။ ဒီဟာတွေနဲ့ပဲ ကျွန်တော်ပြောနေတာ။ ကျွန်တော် ကတော့ ဘာမှမချန်ဘူး။ ကိုယ်ဖြတ် သန်းခဲ့တာကို တည့်ပြောတာပဲ။ အခု ဟာက လူငယ်တွေက လုပ်စရာ ဘာမှ မရှိဘူးဖြစ်နေတယ်။ ဘဝအ တွက် ရပ်တည်မှု ဘာမှလုပ်ပိုင်ခွင့် တွေမရှိဘူး။ မရှိတဲ့အတွက် ဒီဟာတွေ လုပ်တဲ့အပိုင်းတွေ ဖြစ်သွားတယ်။ တချို့ကကျတော့လည်း ပိုက်ဆံချမ်းသာတယ်။ ပိုက်ဆံချမ်း သာပြီး ဘာလုပ်ရမှန်းမသိဘူး။ ဒါနဲ့ပဲ သွားတာပဲ။ ကိုယ်တွေက လူ့လောက ရောက်လာတယ်ဆိုတာ လူသားအကျိုးပြု လုပ်ငန်းတစ်ခုခု လုပ်မှ လူဖြစ်ရကျိုးနပ်မှာ။ အဲဒီ အသိတရားလေးရဖို့ အရေးကြီးတာ။ အခုကလည်း မူးယစ်ကို သေသေချာချာ လုပ်မှရမယ်။ မိပြီဆိုရင် ပစ္စည်း တွေ အကုန်လုံး မီးရှို့ပစ်၊ လမ်းကြိတ် စက်နဲ့ ကြိတ်ပစ်။ ဒါမျိုးလုပ်နေရုံနဲ့ မရဘူး။ အဓိကက ဘယ်ကနေ ထွက် တာလဲ။ ထွက်တာကို အပြီးလုပ်မှရမယ်” လို့ ဦးကျော်သူက ပြောပါတယ်။

မျိုးမောင်

Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071