Sunday, May 18, 2025

အခမဲ့ဘောလုံးသင်တန်း မန္တလေးတွင် ဒုတိယအကြိမ် ထပ်ဖွင့်မည်

ဘောလုံးဝါသနာပါသည့် လူငယ်များအတွက် မန္တလေးမြို့၌ နွေရာသီအခမဲ့ ဘောလုံးသင်တန်း ဒုတိယ အသုတ်ထပ်ဖွင့်ရန်ရှိကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ထံမှ သိရသည်။ ယခု ဒုတိယအသုတ် သင်တန်းကို မနက်ဖြန် မေ...

ဖင်းလန်တွင် ရဟတ်ယာဉ်နှစ်စင်း တို-က်မိ၍ လူ...

ဖင်းလန်နိုင်ငံတွင် စနေနေ့က ရဟတ်ယာဉ်နှစ်စင်းသည် ဝေဟင်တွင် တို-က်မိကာ မြေပြင်သို့ ပျ-က်ကျခဲ့သောကြောင့် ယာဉ်များပေါ် လိုက်ပါလာသော လူငါးဦးစလုံး ‌ေ-သဆုံးခဲ့သည်ဟု ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။ “စနေနေ့က...

လီဆာ၏ ပုံရိပ်ဖြင့် ထိုင်းသစ်သီးဝလံများကို နိုင်ငံတကာအရောင်းမြှင့်တင်ရန်...

ထိုင်းသစ်သီးဝလံများကို နိုင်ငံတကာတွင် အရောင်းမြှင့်တင်ရေးလှုပ်ရှားမှုတွင် ထိုင်းနိုင်ငံဖွား ကေပေါ့ပ်နာမည်ကျော် လာလီဆာ လီဆာမန်နိုဘောလ်ကို ထည့်သွင်းပေးရန် ဒေသတွင်း သစ်သီးစိုက်တောင်သူများက ဝန်ကြီးချုပ် ပေတုံတန်ရှင်နာဝပ်ထရာကို တောင်းဆိုခဲ့ကြသည်။ စနေနေ့က...

ရေကြီးရေလျှံဖြစ်စဉ်များအတွင်း ရှာဖွေကယ်ဆယ်ရေးများ လုပ်ဆောင်ရန် Speed...

ရေကြီးရေလျှံဖြစ်စဉ်များအတွင်း ရှာဖွေကယ်ဆယ်ရေးများ လုပ်ဆောင်ရန် Speed Boat အသုံးပြုရှာဖွေကယ်ဆယ်ရေးသင်တန်း ယခုမေ (၂၅)ရက်မှ (၃၀) ရက်အထိ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ သင်တန်းကို...
HomeNewsLocal Newsမုံရွာ သပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင်အား...

မုံရွာ သပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင်အား ၅၀၅ အမှု (၅) မှုအတွက် ထောင် (၁၀) နှစ်ချမှတ်

မုံရွာ သပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင်အား  ၅၀၅ အမှု (၅) မှုအတွက် ထောင် (၁၀) နှစ်ချမှတ်

မုံရွာမြို့မှ ‌‌ နွေဦးတော်လှန်ရေး သပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင်အား ဆွဲဆိုထားသည့် အမှုများထဲမှ ပုဒ်မ  ၅၀၅ အမှု (၅) မှုအတွက် ထောင်ဒဏ် (၁၀) နှစ် ချမှတ်လိုက်ကြောင်း တရားရုံးနှင့် နီးစပ်သူများထံမှ သိရသည်။

ကိုဝေမိုးနိုင်သည် နိုင်ငံတော်အကြည်ညိုပျက်စေမှုအပြင်  လူသတ်မှု၊ အပြင်းအထန် နာကျင်စေမှု၊ မတရားသင်းဆက်သွယ်မှုတွေအပါအဝင် နှစ်ရှည်ထောင်ဒဏ်ချမှတ်နိုင်သည့်အမှုများနှင့် တရားရင်ဆိုင်နေရခြင်းဖြစ်ပြီး မုံရွာအကျဉ်းထောင်တွင် ထိန်းသိမ်းခံထားရခြင်း ဖြစ်သည်။

ကိုဝေမိုးနိုင်အား ဩဂုတ်လ (၁၂) ရက် ရုံးချိန်းတွင် ပုဒ်မ ၅၀၅ အမှု (၅) မှု အတွက် (၁) မှုလျင် ထောင်ဒဏ် (၂) မှုစီဖြင့် စုစုပေါင်း ထောင်ဒဏ် (၁၀) နှစ် ချမှတ်ခဲ့ခြင်းဖြစ် ကြောင်း တရားရုံးနှင့် နီးစပ်သူများထံက သိရသည်။

ရတနာပုံရပ်ကွက်တွင် နေထိုင်သူ တစ်ဦးအား ဖမ်းဆီးရိုက်နှက်ကာ မိသားစုအား နယ်နှင်ဒဏ်ပေးသည့် ဖြစ်စဉ်တွင် ကိုဝေမိုးနိုင် ဦးဆောင်ပါဝင်သည်ဟုဆိုကာ  ရာဇသ တ်ကြီး ဥပဒေ ပုဒ်မ ၃၉၅ (ဓားပြမှု) ၊   မတရားချုပ်နှောင်ထားမှု ပုဒ်မ ၃၄၂ ၊အပြင်းအထန် နာကျင်စေရန် သိလျက်နှင့်ပြုခြင်း ပုဒ်မ ၃၂၅ ၊ အားပေးကူညီမှု ပုဒ်မ ၁၁၄ စသ ည့် ပုဒ်မများဖြင့် အမှုဖွင့် တရားစွဲဆိုထားခြင်း ဖြစ်သည်။

ထို့အပြင်  ၂၀၂၁ မတ်လအတွင်း ဖြစ်ပွားခဲ့သည့် ပုလဲမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်တစ်ဦးနှင့် ခင်ဦးမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင် တစ်ဦး သတ်ဖြတ်ခံရမှုတွင်လည်း ကိုဝေမိုးနိုင်ဟာ ဦးဆောင်ပါဝင်သည်ဆိုသည့် စွဲချက်ဖြင့် ရာ ဇသတ်ကြီး ဥပဒေ ပုဒ်မ ၃၀၂ ၊ အားပေးကူညီမှု ပုဒ်မ ၁၁၄ တို့ဖြင့် အမှုဖွင့် အရေးယူထားခြင်း ဖြစါသည်။

CRPH/NUG တို့နှင့် ဆက်သွယ်မှုအတွက် ပုဒ်မ ၅၀၅ (က) ၊ မုံရွာမြို့မှ လူငယ်အချို့အား PDF သင်တန်းတက်ရန် ဆ က်သွယ်ပို့ဆောင်ပေးသည့်အတွက် မတရားသင်းဆက်သွယ်မှု ပုဒ်မ ၁၇(၁) အပါအဝင် ပုဒ်မ ၁၂၄ ၊ ၅၁၁ အရ အမှုဖွင့် အရေးယူထားခြင်း ဖြစ်သည်။

ထို့အပြင် ကိုဝေမိုးနိုင်သည် မုံရွာမြို့ပေါ်  ဆန္ဒပြပွဲများကို ဦးဆောင်ခဲ့သည့်အတွက် သဘာဝဘေး စီမံခန့်ခွဲရေးဆိုင် ရာဥပဒေ ပုဒ်မ ၂၅ ဖြင့်လည်း အမှုဖွင့်ခံထားရခြင်းဖြစ် သည်။

ကိုဝေမိုးနိုင်သည် ၂၀၂၁ ၊ ဧပြီ ၁၅ ရက်က မုံရွာမြို့၊ သာစည်လမ်း ၊ ရွှေယင်းမာ သီလရှင် ကျောင်းတိုက်အနီး ဆ န္ဒပြနေစဉ် ကားဖြင့်တိုက်၍ ဖမ်းဆီးခြင်း ခံရကာ မုံရွာအကျဉ်း ထောင်၌ ထိန်းသိမ်းခြင်း ခံထားရသူဖြစ်သည်။

ပြီးခဲ့သည့် လအတွင်းက ကိုဝေမိုးနိုင်နှင့် မိသားစုဝင်များကို ပထမအကြိမ် တွေ့ဆုံခွင့် ပေးခဲ့ပြီး လက်ရှိအချိန်တွင် ကိုဝေမိုးနိုင်မှာ ကျန်းမာရေး ကောင်းမွန်လျက်ရှိကြောင်း မိသားစုနှင့် နီးစပ်သူများထံမှ သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အခမဲ့ဘောလုံးသင်တန်း မန္တလေးတွင် ဒုတိယအကြိမ် ထပ်ဖွင့်မည်

ဘောလုံးဝါသနာပါသည့် လူငယ်များအတွက် မန္တလေးမြို့၌ နွေရာသီအခမဲ့ ဘောလုံးသင်တန်း ဒုတိယ အသုတ်ထပ်ဖွင့်ရန်ရှိကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ထံမှ သိရသည်။ ယခု ဒုတိယအသုတ် သင်တန်းကို မနက်ဖြန် မေ (၁၉) မှ (၃၀) ရက်အထိ ဖွင့်လှစ်သွားမည်ဖြစ်ပြီး ပထမအကြိမ်တွင် သင်တန်းသား (၂၀၀) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ စီစဉ်ခဲ့သည့် MFF Summer Football Skills Course 2025 (AYA Pay | M21) နွေရာသီ အခြေခံဘောလုံး အခမဲ့သင်တန်း (မန္တလေး)...

ဖင်းလန်တွင် ရဟတ်ယာဉ်နှစ်စင်း တို-က်မိ၍ လူ ငါးဦး ‌ေ-သဆုံး

ဖင်းလန်နိုင်ငံတွင် စနေနေ့က ရဟတ်ယာဉ်နှစ်စင်းသည် ဝေဟင်တွင် တို-က်မိကာ မြေပြင်သို့ ပျ-က်ကျခဲ့သောကြောင့် ယာဉ်များပေါ် လိုက်ပါလာသော လူငါးဦးစလုံး ‌ေ-သဆုံးခဲ့သည်ဟု ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။ “စနေနေ့က အူရာ လေဆိပ်အနီးမှာ ဖြစ်ခဲ့တဲ့ ရဟတ်ယာဉ်မတော်တဆမှုကြောင့် လူ ငါးဦး ‌ေ-သဆုံးခဲ့ပါတယ်” ဟု စုံစမ်းထောက်လှမ်းရေး စစ်ဆေးရေး အရာရှိချုပ် ဂျိုဟန်နက်စ် ဆီးရီလာက ပြောကြားခဲ့သည်။ ရဟတ်တစ်စင်းတွင် လူနှစ်ဦးပါဝင်ပြီး နောက်တစ်စင်းတွင် လူသုံးဦးပါသည်။ အက်စ်တိုးနီးယန်းမြို့တော် တယ်လင်းမှ ပျံတက်ခဲ့သော ယင်းရဟတ်ယာဉ်များသည် အခင်းဖြစ်နေရာမှ ကီလိုမီတာအနည်းငယ်အကွာရှိပီကာဂျာဗီ ဒေသသို့ထွက်ခွာလာခြင်းဖြစ်ကြောင်း သိရသည်။ သတင်းများအရ ‌ေ-သဆုံးသူများတွင်...

လီဆာ၏ ပုံရိပ်ဖြင့် ထိုင်းသစ်သီးဝလံများကို နိုင်ငံတကာအရောင်းမြှင့်တင်ရန် တောင်းဆို

ထိုင်းသစ်သီးဝလံများကို နိုင်ငံတကာတွင် အရောင်းမြှင့်တင်ရေးလှုပ်ရှားမှုတွင် ထိုင်းနိုင်ငံဖွား ကေပေါ့ပ်နာမည်ကျော် လာလီဆာ လီဆာမန်နိုဘောလ်ကို ထည့်သွင်းပေးရန် ဒေသတွင်း သစ်သီးစိုက်တောင်သူများက ဝန်ကြီးချုပ် ပေတုံတန်ရှင်နာဝပ်ထရာကို တောင်းဆိုခဲ့ကြသည်။ စနေနေ့က သူ၏ချန်သာဘူရီပြည်နယ် ခရီးစဉ်အတွင်း မစ္စပေတုံတန်သည် အရှေ့ပိုင်းဒေသမှ သစ်သီးစိုက်ပျိုးသူများ၊ လုပ်ငန်းရှင်များနှင့် တွေ့ဆုံခဲ့ရာတွင် ထုတ်လုပ်မှု ကုန်ကျစရိတ်များ မြင့်တက်လာခြင်း၊ တင်ပို့မှု နှောင့်နှေးကြန့်ကြာခြင်းနှင့် လုပ်သားရှားပါးခြင်းတို့ အပါအဝင် စိုးရိမ်ပူပန်မှုများကို ၎င်းတို့က ထုတ်ဖော်ပြောဆိုခဲ့ကြသည်။ အဆိုပါ စိန်ခေါ်မှုများကို အစိုးရက ကူညီဖြေရှင်းပေးနိုင်မည့် နည်းလမ်းများကို ၎င်းတို့က အဆိုပြုတင်ပြခဲ့ကြသည်။ ထင်ရှားသော အဆိုပြုချက်များအနက်တစ်ခုမှာ သစ်သီးဝလံများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071