စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ သုဓမ္မစာရီ ဗိမာန်ကျော င်းတိုက်နှင့် ရွှေတောင်ဦး လယ်တီဝိပဿနာ ရိပ်သာကြီးများ၏ ပဓာနနာယကဆရာတော် ဘဒ္ဒန္တကောသလဥာဏ၏ ဝိဇာတမွေးနေ့ မင်္ဂလာနှင့် ဂုဏဝိသိဌ ပူဇော်ပွဲမင်္ဂလာအကြိုညှိနှိုင်း အစည်းအဝေးကို ဇန်နဝါရီလ(၂၅)ရက် ၊ မွန်းလွဲ (၂) နာရီက မုံရွာမြို့ရုံးကြီးရပ် သုဓမ္မစာရီဗိမာန်ကျောင်း သုဓမ္မသိင်္ဂီ ပြည့်စုံခဏ္ဍသိမ်ကျောင်းတွင် ကျင်းပသည်။
အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆို ဖွင့်လှစ်ပြီး အ ရှေ့လေးထပ်ကျောင်းတိုက်နာယကဆရာတော်မှ သြဝါဒကထာမိန့်ကြားတော်မူပြီး သလ္လာရပ်တိလောကာရုံကျောင်းတို က်ဆရာတော်က သြဝါဒမိန့်ကြားခဲ့သည်။
ဆက်လက်၍ မွေးနေ့ပွဲ၊ ဂုဏဝိသိဌပူဇော်ပွဲနှင့် ပတ်သက်၍ သုဓမ္မစာရီ ဗိမာန်ကျောင်းတိုက်မှ ဦးအာစာရက မိန့်ကြားပြီး လယ်တီဝိပဿနာ ပြန့်ပွားရေးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးကျော်သောင်းက ဂုဏ်ပြုပွဲနှင့်ပတ်သက်၍ လျောက်ထားပြီး အ ထွေထွေကိစ္စများနှင့်ပတ်သက်၍ လယ်တီဝိပဿနာပြန့်ပွားရေးအဖွဲ့ချုပ် အကျိုးတော်ဆောင် ဦးကျော်တင်က တင်ပြလျောက်ထားသည်။
ထို့နောက် သာသနာရေးရုံး ဦးညိုအောင်က လုပ်ထုံးလုပ်န ည်းများ တင်ပြလျောက်ထားပြီး အစည်းအဝေးသို့ ကြွရော က် လာကြသော သံဃာတော်များနှင့် ဧည့်ပရိသတ်များက အကြံပြုလျောက်ထားကြပြီး အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဌတု သုံးကြိမ်ရွတ်ဆိုပြီးရုတ်သိမ်းခဲ့သည်။
သက်တော် (၇၄)နှစ်ပြည့် မွေးနေ့ဝိဇာတမင်္ဂလာနှင့် အဂ္ဂမ ဟာကမ္မဌာနစရိယ ဘွဲ့ဂုဏဝိသိဌ ပူဇာမင်္ဂလာကို ၂၀၂၆ ခုနှစ် ၊ ဖေဖော်ဝါရီလ (၁)ရက် တပို့တွဲ လပြည့်နေ့ နံနက်ပိုင်းတွင် မုံရွာမြို့၊ ရုံးကြီးရပ်၊ နာရီစင်အနီး သုဓမ္မစာရီကလေးဝဗိမာန်တော်တွင် ကျင်းပမည်ဖြစ်ကြောင်း မုံရွာမြို့၊လယ်တီဝိပဿနာပြန့်ပွားရေးဗဟိုအဖွဲ့ချုပ်၊ မွေးနေ့ဝိဇာတနှင့် ဂုဏဝိသိဌပူဇာဖြစ်မြောက်ရေးဂေါပကအဖွဲ့မှ သိရသည်။
