Sunday, August 9, 2026

ရေဘေးအန္တရာယ်ကို တုံ့ပြန်ရုံသာမက ရေရှည်ကြိုတင်ကာကွယ်နိုင်ရေး စနစ်တကျဆောင်ရွက်ရန်...

ပုသိမ်၊ ဩဂုတ် ၈ သဘာဝဘေးအန္တရာယ်များကို ရှောင်လွှဲ၍မရနိုင်သော်လည်း လူတို့၏ စနစ်တကျကြိုတင်ပြင်ဆင်ဆောင်ရွက်မှုများဖြင့် ထိခိုက်ဆုံးရှုံးမှုများကို အတိုင်းအတာတစ်ခုအထိ လျှော့ချနိုင်သဖြင့် ဘေးအန္တရာယ်ကျရောက်ပြီးနောက် ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရုံသာမက...

ပုသိမ်မြို့ဆိပ်ကမ်းကို မြန်မာနိုင်ငံ၏ ဒုတိယဆိပ်ကမ်းမြို့အဖြစ်ဆောင်ရွက်ရန် နိုင်ငံတော်သမ္မတ...

ဧရာဝတီတိုင်း၊ ပုသိမ်မြို့ရှိ ပုသိမ်မြို့ဆိပ်ကမ်းကို မြန်မာနိုင်ငံ၏ ဒုတိယဆိပ်ကမ်းမြို့အဖြစ်ဆောင်ရွက်ရန် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် က ပြောကြားသည်။ နိုင်ငံတော်သမ္မတက ယနေ့ သြဂုတ် ၈ ရက်တွင်...

လေးမျက်နှာမြို့နယ် ရေဘေးအတွက် အလှူရှင်များ ၏လှူဒါန်းငွေကျပ်(၂၃)...

ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်၌ ကြုံတွေ့နေရသည့် ရေဘေးဒဏ်အ တွက် ကူညီကယ်ဆယ်ရေးနှင့် ပြန် လည်ထူထောင်ရေးလုပ်ငန်းများ၌ အသုံးပြုရန် ယနေ့ သြဂုတ် ၈ ရက်မွန်းလွဲပိုင်းက...

ရေကြီးရေလျှံမှုကြောင့် စပါးပြန်လည်စိုက်ပျိုးရန် စိုက် ပျိုးချိန်အခက်အခဲရှိပါက...

ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်၌ဖြစ်ပေါ်လျက်ရှိသည့် ရေကြီးရေလျှံမှုဖြစ်စဥ်ကြောင့် စပါးပြန်လည်စိုက်ပျိုးရန် စိုက်ပျိုးချိန်အခက်အခဲရှိပါက အခြားသီးနှံများကိုစိုက်ပျိုးရန် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် က မှာကြားသည်။ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ယနေ့ သြဂုတ်...
HomeNewsLocal Newsမုံရွာမြို့ ရတနာပုံရပ်ကွက်တွင် အမျိုးသားတစ်ဦး...

မုံရွာမြို့ ရတနာပုံရပ်ကွက်တွင် အမျိုးသားတစ်ဦး ကြိုးဆွဲချ​သေဆုံးမှုဖြစ်ပွား

(Unicode)

မုံရွာမြို့ ရတနာပုံရပ်ကွက်တွင် အမျိုးသားတစ်ဦး ကြိုးဆွဲချသေဆုံးမှုဖြစ်ပွား

မုံရွာမြို့ ၊ ရတနာပုံရပ်ကွက် ကျောက်ကျင်းဘက်တွင်နေထိုင်သူ အမျိုးသားတစ်ဦး ကြိုးဆွဲချသေဆုံးခဲ့သည့်ဖြစ်စဥ်တစ်ခု ဇန်နဝါရီ ၄ ရက်၊ ညပိုင်းအချိန်က ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

မိမိကိုယ့်ကိုယ် ကြိုးဆွဲချ သတ်သေခဲ့သူ အမျိုးသားဟာ အသက် ၃၀ ကျော် အရွယ်ရှိသူဖြစ်ပြီး မည်သည့် အတွက်ကြောင့် အခုလို သတ်သေခဲ့သည်ကိုတော့ မသိရပါဘူး။

၄င်း၏ဇနီးဖြစ်သူဟာ လွန်ခဲ့တဲ့(၃)လခန့်က ဆုံးပါးသွားခဲ့ပြီဖြစ်ပြီး ၄င်းတွင် ကိုရင်ဝတ်နေသည့် ကလေးတစ်ဦး ကျန်ရှိခဲ့တယ်လို့ ၄င်းနေထိုင်ရာ ပတ်ဝန်းကျင်ရှိ ဒေသခံများ၏ ပြောပြမှုအရ သိရကြောင်း သေဆုံးသူ၏ ရုပ်အလောင်းကို သွားရောက်ကူညီ သယ်ဆောင်ပေးခဲ့သည့် မြန်မာနိုင်ငံလူမှုကူညီကယ်ဆယ်ရေးအဖွဲ့ချုပ်(မုံရွာ)မှ သတင်းထုတ်ပြန်ခဲ့ပါတယ်။

“ဖြစ်စဥ် ဖြစ်တာက မုံရွာမြို့ ရတနာပုံရပ်ကွက် ကျောက်ကျင်းဘက်မှာ လူတစ်ဦးကြိုးဆွဲချသေဆုံးနေတယ်ဆိုပြီး ပတ်ဝန်းကျင်က ကျနော်တို့ အသင်းကို အကူအညီတောင်းခံလို့ ကျနော်တို့အဖွဲ့တွေက သွားရောက်ကူညီခဲ့ခြင်းဖြစ်ပါတယ်။ သေဆုံးသူက ခန့်မှန်းရသလောက်က အသက်သိပ်မကြီးသေးပါဘူး။ အသက် ၃၀ ကျော် လောက်ပဲရှိပါတယ်။ အရွယ်ငယ်သေးပါတယ်၊ ဘာကြောင့် အခုလို သတ်သေလဲဆိုတာကတော့ ကျနော်တို့ မသိရပါဘူး။ သူနေထိုင်တဲ့ ပတ်ဝန်းကျင်ရဲ့ ပြောပြချက်အရ သူ့ဇနီးက လွန်ခဲ့တဲ့ ၃ လလောက်ကဆုံးသွားတယ်။ ကိုရင်ဝတ်နေတဲ့ ကလေးတစ်ဦး ကျန်ခဲ့တယ်လို့သိရတယ်။ သေဆုံးသူရဲ့ ပုံစံက ကိုယ့်ကိုယ် ကိုယ် ကြိုးဆွဲချသေဆုံးခဲ့တဲ့ လက္ခဏာတွေကို သူ့မှာ အကုန်တွေ့ရပါတယ်။ ဘယ်လို အကြောင်းကြောင်းကြောင့် ဘယ်လိုကြောင့်လဲဆိုတာက မသိရပါဘူး။ လူတိုင်း လူတိုင်းမှာ အခက်အခဲတော့ရှိတာပေါ့နော်။ စိတ်လွတ်သွားတဲ့ အချိန်ကျရင် ဒီလိုမျိုးတွေက ဖြစ်သွားနိုင်ပါတယ်။ ပြောရရင် လူတိုင်း လူတိုင်းက စိတ်ခံစားချက်တွေကို လွတ်မြောက်စေချင်တယ်။ လွတ်မြောက်တဲ့လမ်းကတော့ နည်းနည်းလွဲသွားတာပေါ့။” လို့ မြန်မာနိုင်ငံလူမှုကူညီကယ်ဆယ်ရေးအဖွဲ့ချုပ်(မုံရွာ)မှ တာဝန်ရှိသူ တစ်ဦးက ပြောပြခဲ့ပါတယ်။

အဆိုပါ သေဆုံးသူ၏ ရုပ်အလောင်းကို မြန်မာနိုင်ငံလူမှုကူညီကယ်ဆယ်ရေးအဖွဲ့ချုပ်(မုံရွာ)မှ သွားရောက် ကူညီသယ်ဆောင်ပြီး မုံရွာပြည်သူ့ဆေးရုံကြီး(ရင်ခွဲရုံ)သို့ ပို့ဆောင်ပေးခဲ့တယ်လို့လည်း သိရပါတယ်။

(Zawgyi)

မုံ႐ြာၿမိဳ႕ ရတနာပုံရပ္ကြက္တြင္ အမ်ိဳးသားတစ္ဦး ႀကိဳးဆြဲခ်ေသဆုံးမႈျဖစ္ပြား

မုံ႐ြာၿမိဳ႕ ၊ ရတနာပုံရပ္ကြက္ ေက်ာက္က်င္းဘက္တြင္ေနထိုင္သူ အမ်ိဳးသားတစ္ဦး ႀကိဳးဆြဲခ်ေသဆုံးခဲ့သည့္ျဖစ္စဥ္တစ္ခု ဇန္နဝါရီ ၄ ရက္၊ ညပိုင္းအခ်ိန္က ျဖစ္ပြားခဲ့တယ္လို႔ သိရပါတယ္။

မိမိကိုယ့္ကိုယ္ ႀကိဳးဆြဲခ် သတ္ေသခဲ့သူ အမ်ိဳးသားဟာ အသက္ ၃၀ ေက်ာ္ အ႐ြယ္ရွိသူျဖစ္ၿပီး မည္သည့္ အတြက္ေၾကာင့္ အခုလို သတ္ေသခဲ့သည္ကိုေတာ့ မသိရပါဘူး။

၄င္း၏ဇနီးျဖစ္သူဟာ လြန္ခဲ့တဲ့(၃)လခန္႔က ဆုံးပါးသြားခဲ့ၿပီျဖစ္ၿပီး ၄င္းတြင္ ကိုရင္ဝတ္ေနသည့္ ကေလးတစ္ဦး က်န္ရွိခဲ့တယ္လို႔ ၄င္းေနထိုင္ရာ ပတ္ဝန္းက်င္ရွိ ေဒသခံမ်ား၏ ေျပာျပမႈအရ သိရေၾကာင္း ေသဆုံးသူ၏ ႐ုပ္အေလာင္းကို သြားေရာက္ကူညီ သယ္ေဆာင္ေပးခဲ့သည့္ ျမန္မာႏိုင္ငံလူမႈကူညီကယ္ဆယ္ေရးအဖြဲ႕ခ်ဳပ္(မုံ႐ြာ)မွ သတင္းထုတ္ျပန္ခဲ့ပါတယ္။

“ျဖစ္စဥ္ ျဖစ္တာက မုံ႐ြာၿမိဳ႕ ရတနာပုံရပ္ကြက္ ေက်ာက္က်င္းဘက္မွာ လူတစ္ဦးႀကိဳးဆြဲခ်ေသဆုံးေနတယ္ဆိုၿပီး ပတ္ဝန္းက်င္က က်ေနာ္တို႔ အသင္းကို အကူအညီေတာင္းခံလို႔ က်ေနာ္တို႔အဖြဲ႕ေတြက သြားေရာက္ကူညီခဲ့ျခင္းျဖစ္ပါတယ္။ ေသဆုံးသူက ခန္႔မွန္းရသေလာက္က အသက္သိပ္မႀကီးေသးပါဘူး။ အသက္ ၃၀ ေက်ာ္ ေလာက္ပဲရွိပါတယ္။ အ႐ြယ္ငယ္ေသးပါတယ္၊ ဘာေၾကာင့္ အခုလို သတ္ေသလဲဆိုတာကေတာ့ က်ေနာ္တို႔ မသိရပါဘူး။ သူေနထိုင္တဲ့ ပတ္ဝန္းက်င္ရဲ႕ ေျပာျပခ်က္အရ သူ႔ဇနီးက လြန္ခဲ့တဲ့ ၃ လေလာက္ကဆုံးသြားတယ္။ ကိုရင္ဝတ္ေနတဲ့ ကေလးတစ္ဦး က်န္ခဲ့တယ္လို႔သိရတယ္။ ေသဆုံးသူရဲ႕ ပုံစံက ကိုယ့္ကိုယ္ ကိုယ္ ႀကိဳးဆြဲခ်ေသဆုံးခဲ့တဲ့ လကၡဏာေတြကို သူ႔မွာ အကုန္ေတြ႕ရပါတယ္။ ဘယ္လို အေၾကာင္းေၾကာင္းေၾကာင့္ ဘယ္လိုေၾကာင့္လဲဆိုတာက မသိရပါဘူး။ လူတိုင္း လူတိုင္းမွာ အခက္အခဲေတာ့ရွိတာေပါ့ေနာ္။ စိတ္လြတ္သြားတဲ့ အခ်ိန္က်ရင္ ဒီလိုမ်ိဳးေတြက ျဖစ္သြားႏိုင္ပါတယ္။ ေျပာရရင္ လူတိုင္း လူတိုင္းက စိတ္ခံစားခ်က္ေတြကို လြတ္ေျမာက္ေစခ်င္တယ္။ လြတ္ေျမာက္တဲ့လမ္းကေတာ့ နည္းနည္းလြဲသြားတာေပါ့။” လို႔ ျမန္မာႏိုင္ငံလူမႈကူညီကယ္ဆယ္ေရးအဖြဲ႕ခ်ဳပ္(မုံ႐ြာ)မွ တာဝန္ရွိသူ တစ္ဦးက ေျပာျပခဲ့ပါတယ္။

အဆိုပါ ေသဆုံးသူ၏ ႐ုပ္အေလာင္းကို ျမန္မာႏိုင္ငံလူမႈကူညီကယ္ဆယ္ေရးအဖြဲ႕ခ်ဳပ္(မုံ႐ြာ)မွ သြားေရာက္ ကူညီသယ္ေဆာင္ၿပီး မုံ႐ြာျပည္သူ႔ေဆး႐ုံႀကီး(ရင္ခြဲ႐ုံ)သို႔ ပို႔ေဆာင္ေပးခဲ့တယ္လို႔လည္း သိရပါတယ္။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071