စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ ကုတင် (၅၀၀)ဆံ့ ပြည်သူ့ဆေးရုံကြီးတွင် မျက်စိဝေဒနာရှင်များအား အခမဲ့ စစ် ဆေးပေးခြင်း၊ အခမဲ့ ခွဲစိပ်ကုသပေးခြင်းများကို ဩဂုတ်လ (၂ ၉) ရက်မှ စက်တင်ဘာလ (၂) ရက်အထိ ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်းသိရသည်။
အဆိုပါ အစီအစဥ်ကို စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် အခမဲ့စစ်ဆေးခွဲစိပ်ကုသပေးမည်ဖြစ်ပြီး ဆေးကုသလိုသူများသည် သက်ဆိုင်ရာ ခရိုင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီရုံးများတွင် အမည် စာရင်းများ ပေးသွင်းနိုင်ပြီဖြစ်ကြောင်း သိရသည်။
အမည်စာရင်း ပေးသွင်းထားသော မျက်စိဝေဒနာရှင်များအားလုံးကို အခမဲ့ စစ်ဆေးပေးသွားမည်ဖြစ်ပြီး ခွဲစိပ်ရန် လို အပ်မည့် မျက်စိဝေဒနာရှင်များကိုလည်း အခမဲ့ ခွဲစိပ်ကုသပေးမည်ဖြစ်သောကြောင့် မျက်စိဝေဒနာရှင် မည်သူမဆို စာ ရင်းပေးသွင်းနိုင်ကြောင်း သိရသည်။
ခွဲစိပ်ရမည့် မျက်စိဝေဒနာရှင်များအတွက် လူနာနှင့်အတူ လူနာစောင့် (၁) ဦးတို့အား တည်းခိုနေထိုင်ရေး အဆင်ပြေအောင်ဆောင်ရွက်ပေးသွားမည်ဖြစ်ကာ နေထိုင်စဉ်အချိန် အခမဲ့ကျွေးမွေးဧည့်ခံပေးမည်ဖြစ်ကြောင်း မုံရွာခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီရုံးမှ သိရသည်။
မျက်စိစမ်းသပ်ခွဲစိတ်ပေးမည့် အစီအစဥ်ကို အလှူရှင်များအနေဖြင့် လှူဒါန်းလိုပါက မျက်စိစမ်းသပ်မှုအတွက် တစ်ဦးလျှင် ငွေကျပ် (၂) သောင်းခွဲ၊ ခွဲစိပ်ကုသမှုအတွက် တစ်ဦးလျှင်ငွေကျပ် (၂) သိန်းခွဲနှုန်းဖြင့် ပါဝင်လှူဒါန်းနိုင်ကြောင်း သိရသည်။
