Sunday, May 31, 2026

နည်းပညာတက္ကသိုလ်(တောင်ငူ)၌ ငလျင်ဒ-ဏ်ခံနိုင်သည့် ဘွဲ့နှင်းသဘင်ခန်းမပါဝင်သော ဘက်စုံသုံး(၃)ထပ်အဆောက်အအုံဆောက်လုပ်မည်

ပဲခူးတိုင်း၊ တောင်ငူမြို့ရှိ နည်းပညာတက္ကသိုလ်(တောင် ငူ)၌ ငလျင်ဒ-ဏ်ခံနိုင်သည့် ဘွဲ့နှင်းသဘင်ခန်းမပါဝင်သော ဘက်စုံသုံး(၃)ထပ်အဆောက်အအုံကို မကြာမှီ ဆောက်လုပ်သွားမည်ဖြစ်ကြောင်း သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန၏ အမြဲတမ်းအတွင်းဝန်ဒေါက်တာစိုင်းကျော်နိုင်ဦးက ပြောသည်။ အဆိုပါ...

ချမ်းအေးသာစံမြို့နယ်၌ အဆောက်အအုံတစ်ခုတွင် မိနစ်အနည်းငယ်ခန့်ကြာ မီးလေ-ာင်မှုဖြစ်

မန္တလေးတိုင်း၊ ချမ်းအေးသာစံမြို့နယ်ရှိ အဆောက်အအုံတစ်ခုတွင် ယနေ့ မေ ၃၁ ရက်နံနက် ၉ နာရီ ၁၂ မိနစ်ခန့်က မိနစ်အနည်းငယ်ခန့်ကြာသည့် မီးလေ-ာင်မှုတစ်ခုဖြစ်ပွားခဲ့သည်။ ချမ်းအေးသာစံမြို့နယ်၊...

ရန်ကုန်မြို့က ဘား၊ ကလပ်၊ ကေတီဗွီများ...

ရန်ကုန်မြို့တွင်း၌ ရှိသည့် ကေတီဗီ(KTV)၊ ဘားနှင့် ကလပ်များကို ယခု မေလကုန်ပိုင်းကစပြီး ည (၁၁) နာရီနောက်ဆုံးထား ပိတ်ခိုင်းနေကြောင်း စုံစမ်းသိရှိရသည်။ “အချိန်သတ်မှတ်ပြီး ဖွင့်ဖို့...

ကမ္ဘာ့အကျပ်အတည်းအရေး ရှန်ဂရီလာဒိုင်ယာလော့ဂ်၌ တူလမ် သတိပေး

ကမ္ဘာကြီးသည် နိုင်ငံများက ရင်ဆိုင်ရမည့် အန္တရာယ်များစွာနှင့် မရေရာမှုများ ဝန်ရံနေကြောင်း သောကြာနေ့က အာရှ၏ ထိပ်တန်းကာကွယ်ရေးဖိုရမ်ဖြစ်သော ရှန်ဂရီလာဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားတွင် ဗီယက်နမ် သမ္မတ...
HomeNewsLocal Newsမုံရွာမြို့တွင် ပထမဦးဆုံး ပြည်သူ့စကားဝိုင်းကို...

မုံရွာမြို့တွင် ပထမဦးဆုံး ပြည်သူ့စကားဝိုင်းကို ရပ်ကွက်နေပြည်သူများနှင့်ကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့တွင် ပထမဦးဆုံး ပြည်သူ့စကားဝိုင်း (Public Talk) ကို ထန်းတောရပ်ကွက်၊ ရွှေကြာရုံကျောင်းတိုက်၊ ရွှေကြာဓမ္မဗိမာန်တော်တွင် ယနေ့မေလ (၂၉) ရက် ၊ နံနက်ပိုင်းက ရပ်ကွက်နေပြည်သူများနှင့် ကျင်းပခဲ့ကြောင်း သိရသည်။

ပြည်သူ့စကားဝိုင်း မစတင်ခင် စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတင့်လှိုင်မြင့်က မိတ်ဆက်စကားပြောကြားခဲပြီး စစ်ကိုင်းတိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဆန်းဝင်းက ပြည်သူ့စကားဝိုင်းကျင်းပသည့် ရည်ရွယ်ချက်ကို ချပြရှင်းလင်းသည်။

“စစ်ကိုင်းတိုင်း ဒေသကြီးအတွင်းက မြို့တွေမှာ ပြည့်သူ့စကားဝိုင်းတွေနဲ့ကျေးရွာတွေမှာ ကျေးလက်စကားဝိုင်းတွေကို ဖော်ဆောင်ကျင်းပသွားမှာဖြစ်ပါတယ်။ ဒီမိုကရေစီစနစ်နဲ့အညီ အစိုးရတာဝန်ရှိသူတွေနဲ့ ပြည်သူတွေကြားမှာ ဆွေးနွေးနိုင်အောင်စီစဥ်ဆောင်ရွက်ပေးပါမယ်။ ရပ်ရွာဒေသတွေထဲမှာ ဖြစ်ပေါ်နေတဲ့ အကြောင်းအရာတွေကို ဆွေးနွေးညှိနှိုင်းအဖြေရှာဖို့ စကားဝိုင်းတွေကျင်းပသွားမှာပါ။ ဆွေးနွေးအဖြေရှာတဲ့ အလေ့အကျင့်ကောင်းတွေရရှိအောင် စကားဝိုင်းတွေဖော်ဆောင်နေတာပါ။ အများပြည်သူတွေစဥ်းစားတွေးခေါ်မှု ရင့်သန်လာစေဖို့နဲ့ ဆွေးနွေးပွဲမှာပါဝင်ဆွေးနွေးတဲ့အလေ့အကျင့်ကောင်းတွေ ရရှိအောင် စကားဝိုင်းတွေကိုဖော်ဆောင်သွားမှာပါ” ဟု စစ်ကိုင်းတိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဆန်းဝင်းက ပြောသည်။

ဒေသဖွံ့ဖြိုးရေး ဝိုင်းဝန်းကူညီဆောင်ရွက်ပေး ခေါင်းစဥ်ဖြင့်ပြည်သူ့စကားဝိုင်းကို စစ်ကိုင်းမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမင်းမင်းဇေယျာမြင့်က ဦးဆောင်ဆွေးနွေး၍ မုံရွာမြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးနိုင်ဝင်း၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးစိုးနိုင်၊ မုံရွာမြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးထွန်းထွန်းနှင့် မုံရွာခရိုင်မီးသတ်ဦးစီးဌာန ခရိုင်ဦးစီးမှုး ဦးညီညီဇော်တို့က ဆွေးနွေးအဖြေရှာကြသည်။

ပြည်သူ့စကားဝိုင်းတွင် တက်ရောက်လာကြသည့် ရပ်ကွက်နေပြည်သူများကလည်း သိလိုသည်များမေးမြန်းကြသလို အကြံပြုဆွေးနွေးမှုများအပေါ် ဦးဆောင်ဆွေးနွေးကြသည့်အဖွဲ့က အတည်ပြုလက်ခံဆွေးနွေးအဖြေရှာပေးခဲ့ကြသ ည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

နည်းပညာတက္ကသိုလ်(တောင်ငူ)၌ ငလျင်ဒ-ဏ်ခံနိုင်သည့် ဘွဲ့နှင်းသဘင်ခန်းမပါဝင်သော ဘက်စုံသုံး(၃)ထပ်အဆောက်အအုံဆောက်လုပ်မည်

ပဲခူးတိုင်း၊ တောင်ငူမြို့ရှိ နည်းပညာတက္ကသိုလ်(တောင် ငူ)၌ ငလျင်ဒ-ဏ်ခံနိုင်သည့် ဘွဲ့နှင်းသဘင်ခန်းမပါဝင်သော ဘက်စုံသုံး(၃)ထပ်အဆောက်အအုံကို မကြာမှီ ဆောက်လုပ်သွားမည်ဖြစ်ကြောင်း သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန၏ အမြဲတမ်းအတွင်းဝန်ဒေါက်တာစိုင်းကျော်နိုင်ဦးက ပြောသည်။ အဆိုပါ ဘက်စုံသုံး(၃)ထပ်အဆောက်အအုံကို မန္တလေးငလျင်ကြီးဒ-ဏ်ကြောင့် ပျ-က်စီးမှုများဖြစ်ပေါ်ခဲ့၍ အနီရောင်အဆင့်သတ်မှတ်ကာဖြိုဖျ-က်ထားသော အဆောက်အအုံနေရာတွင် ဒီဇိုင်းပုံစံအသစ်ဖြင့်ဆောက် လုပ်သွားမည်ဖြစ်ကြောင်း သိရသည်။ " အခုအသစ်တည်ဆောက်မယ့် နည်းပညာတက္ကသိုလ် (တောင်ငူ)ရဲ့ ဘက်စုံသုံး(၃)ထပ်အဆောက်အအုံကို ဆောက်လုပ်ရေးဝန်ကြီးဌာနကထုတ်ပြန်ထားတဲ့ MNBC-2025 နဲ့ စနစ်တကျဒီဇိုင်းဆွဲပြီးဆောင်ရွက်သွားမှာပါ။ ငလျင်ဒ-ဏ်ခံအဆောက်အဦသစ်အဖြစ် တည်ဆောက်သွားမှာပါ"ဟု သိပ္ပံနှင့် နည်းပညာဝန်ကြီး ဌာန၏ အမြဲတမ်းအတွင်းဝန်ဒေါက်တာစိုင်းကျော်နိုင်ဦးက ပြောသည်။ ထို့ပြင် နည်းပညာတက္ကသိုလ်(တောင်ငူ)၏ ဆောက်လုပ်မည့် အဆောက်အအုံသစ်...

ချမ်းအေးသာစံမြို့နယ်၌ အဆောက်အအုံတစ်ခုတွင် မိနစ်အနည်းငယ်ခန့်ကြာ မီးလေ-ာင်မှုဖြစ်

မန္တလေးတိုင်း၊ ချမ်းအေးသာစံမြို့နယ်ရှိ အဆောက်အအုံတစ်ခုတွင် ယနေ့ မေ ၃၁ ရက်နံနက် ၉ နာရီ ၁၂ မိနစ်ခန့်က မိနစ်အနည်းငယ်ခန့်ကြာသည့် မီးလေ-ာင်မှုတစ်ခုဖြစ်ပွားခဲ့သည်။ ချမ်းအေးသာစံမြို့နယ်၊ မောရဂီဝါရပ်ကွက်၊ အကွက်အမှတ်(၇၀၆)၊ ၇၆ လမ်း၊ ၃၂x၃၃ လမ်းကြားရှိ အဆောက်အအုံတစ်ခုတွင် မီးလေ-ာင်မှုဖြစ်ပွား၍ ချမ်းအေးသာစံမြို့နယ်မီးသတ်စခန်း၊ ကဉ္စဏမဟီအရန်မီးသတ်စခန်း၊ ဟေမာဇလအရန်မီးသတ်စခန်း၊ ပြည်ကြီးမျက်ရှင်အရန်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များကငြှိမ်းသတ်ခဲ့ကြသဖြင့် နံနက် ၉ နာရီ ၁၆ မိနစ်တွင်မီးငြိမ်းသွားခဲ့သည်။ မီးလေ-ာင်မှုစတင်ဖြစ်ပွားရသည့်အကြောင်းရင်းနှင့် ပျ-က်စီးဆုံးရှုံးမှုတန်ဖိုးကို သက်ဆိုင်ရာမီးသတ်တပ်ဖွဲ့တာဝန်ရှိသူများက စစ်ဆေးခဲ့ကြသည်။

ရန်ကုန်မြို့က ဘား၊ ကလပ်၊ ကေတီဗွီများ ည ၁၁ နောက်ဆုံးထား ပိတ်နေ

ရန်ကုန်မြို့တွင်း၌ ရှိသည့် ကေတီဗီ(KTV)၊ ဘားနှင့် ကလပ်များကို ယခု မေလကုန်ပိုင်းကစပြီး ည (၁၁) နာရီနောက်ဆုံးထား ပိတ်ခိုင်းနေကြောင်း စုံစမ်းသိရှိရသည်။ “အချိန်သတ်မှတ်ပြီး ဖွင့်ဖို့ စည်ပင်နဲ့ အုပ်ချုပ်ရေးမှူးတွေက လိုက်ပြောတာ” ဟု အချိန်ပြောင်းလဲ သတ်မှတ်ဖွင့်လိုက်သည့် ဆိုင်ရှင်တစ်ဦးက ပြောသည်။ လက်ရှိ၌ ရန်ကုန်မြို့တွင် ကလပ်အချို့သည် ညနေ ၅နာရီမှ ၁၁ နာရီထိသာ အချိန်ပြောင်းလဲ ဖွင့်လှစ်မည်ဟု ကြေညာထားကြသည်။ အလားတူ ဘားများရှိ ဖျော်ဖြေရေးတီးဝိုင်းများကိုလည်း ဆိုင်ပိတ်ချိန် ၁၁ နာရီမတိုင်ခင် ၁၀ နာရီကတည်းက တီးခတ်သီဆိုဖျော်ဖြေမှုများ ရပ်ရန်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071