Friday, December 5, 2025

ဖိလစ်ပိုင်အသင်းကို ဦးဆောင်ဂိုး (၁) ဂိုးသွင်းယူထားပြီဖြစ်သည့်...

ဆီးဂိမ်းစ်ဘောလုံးပြိုင်ပွဲ၌ မြန်မာလက်‌ရွေးစင်အမျိုးသမီးအသင်းက ဖိလစ်ပိုင်အမျိုးသမီးအသင်းကို ပထမပိုင်းပွဲချိန်အပြီး ဦးဆောင်ဂိုး (၁) ဂိုး သွင်းယူထားပြီဖြစ်သည်။ အဆိုပါဦးဆောင်ဂိုးကို အသင်းခေါင်း ဆောင်တိုက်စစ်မှူး ဝင်းသိင်္ဂီထွန်းက ပွဲချိန် ၄...

မကွေးမြို့တွင် LED ဘုတ်များဖြင့် ရွေးကောက်ပွဲလှုံ့...

မကွေးတိုင်း၊ မကွေးမြို့တွင် မကွေးတိုင်းအစိုးရအဖွဲ့ ၏ကြီးကြပ်မှုဖြင့် လာမည့် ဒီဇင်ဘာ ၂၈ ရက်မှစတင်ကာကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးနိုင်ရေးအတွက် LED ဘုတ်များဖြင့် ရွေးကောက်ပွဲလှုံ့ဆော်မှု(Campimg)များပြု...

ဆီးဂိမ်းပြိုင်ပွဲတွင် အမိနိုင်ငံအတွက် ရွှေတံဆိပ်ဆုများ ဆွတ်ခူးရယူပေးနိုင်သည့်...

(၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ (ဆီးဂိမ်း)တွင် အမိနိုင်ငံအတွက် ရွှေတံဆိပ်ဆုများ ဆွတ်ခူးရယူပေးနိုင်သည့် အားကစားသမားကောင်းများဖြစ်အောင် ကြိုးစားရန် ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်က တိုက်တွန်းပြောကြားသည်။ ယမန်နေ့...

အရှေ့တောင်အာရှ မူလတန်းပညာသင်ယူမှုတိုင်းတာစစ်ဆေးစံ၏ ဒေသဆိုင်ရာ သုတေသနအစီရင်ခံစာ...

ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့၌ ယမန်နေ့က ကျင်းပသည့် အရှေ့တောင်အာရှမူလတန်း ပညာသင်ယူမှု တိုင်းတာစစ်ဆေးရေးစံ SEA- PLM 2024 ၏ ဒေသဆိုင်ရာ သုတေသနအစီရင်ခံစာ...
HomeNewsLocal Newsမီးသတ်တပ်ဖွဲ့ဝင်အင်အား ၂၀၀ ကျော်နှင့်...

မီးသတ်တပ်ဖွဲ့ဝင်အင်အား ၂၀၀ ကျော်နှင့် Times City Complex ဝန်ထမ်းများပူးပေါင်းကာ မီးဘေးလုံခြုံရေးနှင့် ဘေးအန္တရာယ်လွတ်မြောက်ရေး လေ့ကျင့်ဆောင်ရွက်ခဲ့

ယနေ့ ဒီဇင်ဘာ ၅ ရက်တွင် ရန်ကုန်တိုင်းဒေသကြီးမီးသတ်ဦးစီးဌာန၏ လမ်းညွှန်ဦးဆောင်မှုဖြင့် မီးသတ်ဦးစီးဌာနနှင့် Times City Complex ဝန်ထမ်းများမှ မီးဘေးလုံခြုံရေးနှင့် ဘေးအန္တရာယ်လွတ်မြောက်ရေး ပူးပေါင်းလေ့ကျင့်ခြင်း (Fire Safety Drill) ကို နံနက် ၁၀ နာရီ၌ Times City Jewellery Mall ရှေ့တွင် လက်တွေ့သရုပ်ပြ လေ့ကျင့်ဆောင်ရွက်ခဲ့သည်။

အဆိုပါ လက်တွေ့သရုပ်ပြ လေ့ကျင့်မှုကို မီးသတ်ဌာနချုပ်မှ INSARAG medium Team တပ်ဖွဲ့ဝင်များနှင့် ကယ်ဆယ်ရေးအတွက် အထူးလေ့ကျင့်ထားသည့် ကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ အပါအဝင် သက်ဆိုင်ရာနယ်မြေအသီးသီးမှ မီးသတ်တပ်ဖွဲ့ဝင်များ စုစုပေါင်းတပ်ဖွဲ့ဝင် အင်အား ၂၁၀ ဖြင့် ပါဝင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယာဉ်စက်အင်အားအနေဖြင့် 48 Platform ယာဉ် ၂ စီး၊ LUF 60 ၄ စီး၊ LUF Nano ၃ စီး၊ Firefighting၊ Water Bowser ရေသယ်ယာဉ်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဖြည့်ဆည်းပေးထားသော လူနာတင်ယာဉ်ကားများဖြင့် ပူးပေါင်းဆောင်ရွက်ခဲ့သည်။

အဆိုပါ လေ့ကျင့်ဆောင်ရွက်မှုနှင့်ပတ်သက်ပြီး ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးမှူးရုံးမှ ညွှန်ကြားရေးမှူး ဦးမင်းစမ်းအေးက “မီးဘေးလုံခြုံရေးနဲ့လုပ်ငန်းစဉ်တွေကိုဆောင်ရွက်တဲ့အခါ ကျွန်တော်တို့ရဲ့ရည်မှန်းချက်တာဝန်(၄)ရပ်ဖြစ်တဲ့ မီးဘေးလုံခြုံရေး၊ ရှာဖွေကယ်ဆယ်ရေး၊ မီးငြှိမ်းသတ်ရေးနဲ့ ပြည်သူ့အကျိုးပြုလုပ်ငန်းများဆောင်ရွက်ရေးဆိုတဲ့ ရည်မှန်းချက်တွေကို အကောင်အထည်ဖော်ဆောင်ရွက်ခြင်းဖြစ်ပါတယ်။ နှစ်စဉ်နှစ်တိုင်း အထပ်မြင့်အဆောက်အဦး မီးငြှိမ်းသတ်ရေးလုပ်ငန်းစဉ်တွေကို စဉ်ဆက်မပြတ် လေ့ကျင့်ဆောင်ရွက်လျက်ရှိပါတယ်ဟု ပြောသည်။

ဒါ့အပြင် မီးသတ်တပ်ဖွဲ့သည် မီးငြှိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးမှာ အဓိကလုပ်ငန်းစဉ်တွေဖြစ်သဖြင့် ပြည်သူများအနေဖြင့်လည်း သဘာဝဘေးအန္တရာယ်တွေဖြစ်ပေါ်လာပါက 191 Report ကို အမြဲတမ်းဆက်သွယ်ဆောင်ရွက်သတင်းပေးပါဟု ထပ်လောင်းပြောကြားခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဖိလစ်ပိုင်အသင်းကို ဦးဆောင်ဂိုး (၁) ဂိုးသွင်းယူထားပြီဖြစ်သည့် မြန်မာအမျိုးသမီးအသင်း

ဆီးဂိမ်းစ်ဘောလုံးပြိုင်ပွဲ၌ မြန်မာလက်‌ရွေးစင်အမျိုးသမီးအသင်းက ဖိလစ်ပိုင်အမျိုးသမီးအသင်းကို ပထမပိုင်းပွဲချိန်အပြီး ဦးဆောင်ဂိုး (၁) ဂိုး သွင်းယူထားပြီဖြစ်သည်။ အဆိုပါဦးဆောင်ဂိုးကို အသင်းခေါင်း ဆောင်တိုက်စစ်မှူး ဝင်းသိင်္ဂီထွန်းက ပွဲချိန် ၄ မိနစ်အရောက်မှာ စတင် သွင်းယူနိုင်ခဲ့ခြင်းဖြစ်သည်။ ဆီးဂိမ်းပြိုင်ပွဲအတွင်း ပထမဆုံးယှဉ်ပြိုင် ကစားကြသည့် မြန်မာလက်ရွေးစင်အမျိုးသမီးအသင်းသည် ယနေ့ ညနေ (၃)နာရီခွဲအချိန်၌ ထိုင်းနိုင်ငံ ချောင်ဘူရီမြို့ IPE Chonburi Stadium ၌ ယှဥ်ပြိုင်ကစားနေကြခြင်းဖြစ်သည်။ ပွဲစဉ်အပြီး မြန်မာအသင်း အနိုင်ကစားနိုင်မည်လားဆိုသည်ကို မြန်မာပရိတ်သတ်များ စောင့်ဆိုင်း အားပေးနေကြပြီး ပွဲမစခင်ကွင်းအတွင်းတွင်လည်း မြန်မာအမျိုးသမီးဘောလုံးအသင်းကို လာရောက်နှုတ်ဆက်ခဲ့ကြသည်ကိုလည်း တွေ့မြင်ရသည်။ ဓာတ်ပုံ- i...

မကွေးမြို့တွင် LED ဘုတ်များဖြင့် ရွေးကောက်ပွဲလှုံ့ ဆော်မှု(Campimg)များပြုလုပ်

မကွေးတိုင်း၊ မကွေးမြို့တွင် မကွေးတိုင်းအစိုးရအဖွဲ့ ၏ကြီးကြပ်မှုဖြင့် လာမည့် ဒီဇင်ဘာ ၂၈ ရက်မှစတင်ကာကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးနိုင်ရေးအတွက် LED ဘုတ်များဖြင့် ရွေးကောက်ပွဲလှုံ့ဆော်မှု(Campimg)များပြု လုပ်ထားကြောင်း သိရသည်။ မကွေးမြို့ရှိ လူစည်ကားရာနေရာများဖြစ်သော ကန်သာမင်္ဂလာကန်တော်တွင် LED ဘုတ်ယေ Night Market တွင် ‌LED ဘုတ်များဖြင့် ရွေးကောက်ပွဲလှုံ့ဆော်ရေးတေးသီချင်းများ၊ ရုပ်ရှင်အနုပညာရှင်များ၏ ရွေး ကောက်ပွဲအသိပညာပေးဆိုင်ရာနှိုးဆော်မှုဇာတ်လမ်းတိုများဖွင့်လှစ်၍ ဆန္ဒမဲပေးနိုင်ရေးအတွက် အရှိန်အဟုန်မြှင့်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။ ထို့ပြင် ဒီဇင်ဘာ ၁ ရက်မှစတင်၍ မကွေးတိုင်းရှိ မြို့ နယ်များအလိုက် ထွေအုပ်ဝန်ထမ်းများ၊ ပြန်ကြားရေးနှင့်...

ဆီးဂိမ်းပြိုင်ပွဲတွင် အမိနိုင်ငံအတွက် ရွှေတံဆိပ်ဆုများ ဆွတ်ခူးရယူပေးနိုင်သည့် အားကစားသမားကောင်းများဖြစ်အောင် ကြိုးစားရန် ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် တိုက်တွန်း

(၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ (ဆီးဂိမ်း)တွင် အမိနိုင်ငံအတွက် ရွှေတံဆိပ်ဆုများ ဆွတ်ခူးရယူပေးနိုင်သည့် အားကစားသမားကောင်းများဖြစ်အောင် ကြိုးစားရန် ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်က တိုက်တွန်းပြောကြားသည်။ ယမန်နေ့ ဒီဇင်ဘာ (၄)ရက်က (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် အားကစားအဖွဲ့များ၏ လေ့ကျင့်နေမှုများကို လိုက်လံကြည့်ရှုစဉ် ထို့သို့ပြောကြားခဲ့ခြင်းလည်းဖြစ်သည်။ ရွှေတံဆိပ်ဆုရရှိသူများကိုလည်း နိုင်ငံတော်မှ ထိုက်ထိုက်တန်တန် ဂုဏ်ပြုသကဲ့သို့ သက်ဆိုင်ရာအားကစားအဖွဲ့ချုပ်များနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ မှလည်း ဂုဏ်ပြုချီးမြှင့်ငွေများကို ချီးမြှင့်သွားမည်ဖြစ်၍ ကြိုးစားကြစေလိုကြောင်း မှာကြားသည်။ ထို့ပြင် အားကစားသမားများအ‌နေဖြင့် ပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်ရန် နီးကပ်လာပြီဖြစ်သည့်အတွက် ကျန်းမာရေးကို အထူးဂရုစိုက်ပြီး လေ့ကျင့်မှုများပြုလုပ်ရာတွင်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071