မြန်မာနိုင်ငံသားများအလုပ်လုပ်ကိုင်နေသည့် ထိုင်းနိုင်ငံ၊ စမုစခွန်ပြည်နယ်၊ အုန်းနွိုင်းမြို့ရှိ မော်တော်ယာဉ်အပိုပစ္စည်းထုတ်လုပ်သည့်စက်ရုံတွင် ဖေဖော်ဝါရီ ၁၀ ရက်က မီးလေ-ာင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ထိုသို့ မီးလေ-ာင်မှုဖြစ်ပွားရာ မြန်မာအလုပ်သမား(၇)ဦးအပါအဝင် အလုပ်သမား(၁၃)ဦး၌ ထိခို-က်ဒ-ဏ်ရာများရရှိခဲ့သဖြင့် Vichavej International Hospital နှင့် Mahachai 2 Hospital တို့တွင် ဆေးကုသမှုခံယူလျက်ရှိကြောင်း သိရသည်။
ထို့ကြောင့် ဖေဖော်ဝါရီ ၁၁ ရက်တွင် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာအလုပ်သမားသံအရာရှိရုံးမှ အလုပ်သမားသံမှူးက မြန်မာအလုပ်သမားများအားတွေ့ဆုံအားပေးပြီးနောက် စက်ရုံ၏ HR Manager နှင့်တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ခဲ့ကြောင်း သိရသည်။
ဆွေးနွေးမှုများအရ ကုမ္ပဏီဘက်မှ ထိခို-က်ဒ-ဏ်ရာရသူ များအတွက် လူမှုဖူလုံရေးအာမခံမှတစ်ဆင့် နစ်နာ ကြေးများ၊ ဆေးကုသစရိတ်များနှင့် ဆေးရုံတက်နေစဉ်အတွင်း လစာအပြည့်အဝပေးအပ်မည်တို့ကိုညှိနှိုင်းခဲ့ကာ အလုပ်သမားသံအရာရှိရုံးမှလည်း အလုပ်သမားများ ရသင့်ရထိုက်သည့် နစ်နာကြေးများအပြည့်အဝရရှိစေရန် ဆက်လက်ကူညီပေးသွားမည်ဖြစ်ကြောင်း သိရသည်။
