ရုရှားနိုင်ငံ၊ ဘူရားတီးယား ပြည်နယ်သို့ တရားတင်ခရီးစဥ်ရောက်ရှိနေသည့် နစက ဥက္ကဋ္ဌသည် ယနေ့ ဇွန် ၂၉ ရက်က အူလန်အူဒဲ LVRZ မီးရထားစက်ခေါင်းနှင့် ရထားတွဲပြုပြင်ရေးစက်ရုံတို့အားကြည့်ရှုလေ့ လာစဉ် Arigusi ATV နှင့် Tivicom တို့အပါအဝင် ဒေသခံမီဒီယာများ၏ မေး မြန်းမှုများကိုပြန်လည်ဖြေကြားရာ၌ အဆိုပါ အလားအလာကိုထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
ယနေ့ မိမိတို့လာရောက်ကြည့်ရှုလေ့လာသည်များမှာ နှစ်ဖက်ပူးပေါင်းဆောင်ရွက်ရန် အလားအလာရှိနေသည်။ဘူရားတီးယား ပြည်နယ်သည် ဗုဒ္ဓဘာသာ ကိုးကွယ်သည့် ပြည်နယ်သူ၊ ပြည်နယ်သားများရှိ၍ မြန်မာနိုင်ငံသည်လည်း ဗုဒ္ဓဘာသာနိုင်ငံဖြစ်ရာ ဗုဒ္ဓ ဘာသာနှင့်ပတ်သက်ပြီး ပူးပေါင်းဆောင်ရွက်ရန်အလားအလာများလည်းရှိသည်ဟု ပြောသည်။
ထို့ပြင် အူလန်အူဒဲ မှထုတ်ထားသည့် ရဟတ်ယာဉ်စက်ရုံမှထုတ်ထားသော ရဟတ်ယာဉ်များသည်လည်း မြန်မာနိုင်ငံတွင် ယခုအထိ နှစ်ကြာမြင့်စွာအသုံးပြုနေခြင်းများရှိပြီး အနာဂတ်တွင်လည်း ရဟတ်ယာဉ်နှင့်ပတ်သက်၍ ပို့ဆောင်ရေးကဏ္ဍ၌ပူးပေါင်းဆောင် ရွက်မှုလုပ်ငန်းအများအပြားကြီးလုပ်ဆောင်ရန်စီစဉ်ထားသည်ဟု ပြောသည်။
ယနေ့တွင်လည်း TMH Holding ကုမ္ပဏီမှ ၎င်းတို့၏ ထုတ်ကုန်ပစ္စည်းများနှင့်ပတ်သက်၍ လာရောက်ရှင်းလင်းပြသမှုများရှိ၍ အနာဂတ်တွင် ယင်း နယ်ပယ်နှင့်ပတ်သက်၍ ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေးရန်စီစဉ်ထားကြောငိးဆိုသည်။
ပညာရေး ပူးပေါင်းဆောင်ရွက်မှုတွင်လည်း မြန်မာနိုင်ငံမှ ရုရှားဘာသာစကား ပညာသင်ကြားနေသော ဆရာများကို ထပ်ဆင့်သင်တန်းများ၊ အဆင့်မြင့်သင်တန်းများကို ဘူရားတီးယား ပြည်နယ်တွင်သင်ပေးနိုင်သကဲ့သို့ ဘူရားတီးယား ပြည်နယ်ရှိ တက္ကသိုလ်တွင်လည်း မြန်မာ ဘာသာစကားသင်ကြားနိုင်ရေးအတွက် မြန်မာဘာ သာစကားဌာနဖွင့်ရန် ရည်ရွယ်ဆောင်ရွက်လျက်ရှိသည်ဟု ပြောသည်။