မန္တလေးတိုင်း၊ အမရပူရမြို့တွင် မေ ၂၁ ရက်ညနေ ၄ နာရီကျော်ခန့်က မီနီအိုးဝေမောင်းနှင်သူအား ဓားဖြင့်ထိုး၍ မီနီအိုးဝေယာဥ်ကို လုယက်ယူဆောင်သွားခဲ့မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
အမရပူရမြို့၊ စျေးကြိုရပ်ကွက်နေ အသက်(၆၀) နှစ်ရှိ အမျိုးသားကြီးတစ်ဦးမောင်းနှင်လာသည့် မီနီအိုးဝေယာဥ်အားဌားရမ်းစီးနင်းလာသော အမျိုး သား(၂)ဦးက ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး ၏ မိုင်တိုင်အမှတ် ၃၆၄/၇ အနီးအရောက် မီနီအိုးဝေယာဥ်မောင်းနှင်သူအားဓားဖြင့်ထိုး၍ မီနီအိုးဝေယာဥ်အားလုယက်ယူဆောင်သွားခဲ့ကြကြောင်း သိရသည်။
ဓားဖြင့်ထိုးခံရမှုကြောင့် မီနီအိုးဝေယာဥ်မောင်းနှင်သူမှာ လည်ပင်း၌ထိုးသွင်းဒဏ်ရာ(၂)ချက်၊ ဦးခေါင်းနောက်စေ့ထိုးသွင်းဒဏ်ရာ(၁)ချက်တို့ရရှိခဲ့သဖြင့် ပြစ်မှုကျူးလွန်သူများအားဖမ်းဆီးရမိရေးအ တွက် လုံခြုံရေးအဖွဲ့ဝင်များက စုံစမ်းစစ်ဆေးမှုများပြုလုပ်ခဲ့ကြကြောင်း သိရသည်။
ထို့ကြောင့် ပြစ်မှုကျူးလွန်သူများဖြစ်သည့် ပြည်ကြီးတံခွန်မြို့နယ်၊ တံခွန်တိုင်ရပ်ကွက်နေသူများဖြစ်သည့် စိုးမင်းထွန်း(ခ)ထက်ရှိုင်း(၁၉)နှစ်နှင့် ဇော်ဝင်းထွန်း(၁၆)နှစ်တို့အား လုယက်ယူဆောင်သွားခဲ့သည့် မီနီအိုးဝေယာဥ်၊ ပြစ်မှုကျူးလွန်စဥ်ကအသုံး ပြုခဲ့သော ဓား(၂)ချောင်းတို့နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ထိုသို့ ဖမ်းဆီးရမိခဲ့သဖြင့် ပြစ်မှုကျူးလွန်သူ(၂)ဦးအား ဥပဒေအရထိရောက်စွာအရေးယူနိုင်ရန် လုံခြုံ ရေးအဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။