ဧရာဝတီတိုင်းတွင် ဇွန် ၁၃ ရက်ကမိုးသည်းထန်စွာရွာ သွန်းမှုကြောင့် ကြိမ်ပင်ဆည်-စက္ကော့-ဓနုဖြူ-ဇလွန်လမ်းရှိ တံတားတစ်စင်း၏ Wing wall တစ်ဘက်ပြုတ်ထွက်ပျက်စီးကာ မြေသားတာဘောင်ပဲ့ကျခဲ့မှု ဇွန် ၁၄ ရက်နံနက် ၅ နာရီခွဲခန့်ကဖြစ်ပွားခဲ့ကြောင်း ဧရာဝတီ တိုင်းအစိုးရအဖွဲ့ထံမှ သိရသည်။
ကြိမ်ပင်ဆည်-စက္ကော့-ဓနုဖြူ-ဇလွန်လမ်းရှိ မိုင်တိုင်အ မှတ် ၁၈/၀ နှင့် ၁၈/၁ ကြားဘယ်ဘက်ခြမ်း တံတားအ မှတ်(၁/၁၉)(၁၀ ပေ)အုတ်စီကမ်းကပ်ခုံ RC Slab တံ တား၏ Wing wall တစ်ဘက်ပြုတ်ထွက်ပျက်စီးကာ မြေသားတာဘောင်ပဲ့ကျခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
လက်ရှိအချိန်၌ ဖြစ်စဉ်ကြောင့် ကတ္တရာလမ်းသားထိ ခိုက်မှုမရှိသော်လည်း ယာဥ်အန္တရာယ်မရှိစေရန် ကတ္တရာပေပါခွံ၊ လမ်းတားပုံးများဖြင့်အချက်ပြတားဆီးထားကြောင်း သိရသည်။
ထို့ပြင် ဘက်ဟိုး(၁)စီး၊ သဲသယ်ကား(၁)စီး၊ မျောတိုင်သယ်ကား(၁)စီး၊ အလုပ်သမားများဖြင့် ယာယီတုတ်ရိုက်ပြုပြင်ရန်စီစဥ်လျက်ရှိပြီး ပျက်စီးနေမှုများအားအမြန်ဆုံးပြုပြင်ရန်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
