မွန်ပြည်နယ်၊ မုဒုံမြို့နယ်တွင် ယနေ့ သြဂုတ် ၁၆ ရက်က မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျရေစီးဆင်းမှုကြောင့် ကွမ်လှာကျေးရွာနှင့် ရောင်းဒေါင်းကျေးရွာရှိ မော်လမြိုင်-သံဖြူဇရပ်သွားကားလမ်းပေါ်တွင် ရေကျော်လျက်ရှိကြောင်း သိရသည်။
ထို့ကြောင့် ဖြတ်သန်းသွားလာနေသည့် မော်တော်ယာဥ်များဘေးအန္တရာယ်ကင်းရှင်းစွာသွားလာနိုင်ရန် မုဒုံမြို့နယ်မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များ၊ သက်ဆိုင်ရာအဖွဲ့အစည်းများ၊ လူမှုကူညီရေးအသင်းဝင်များ၊ ကျေးရွာနေသူများပူးပေါင်း၍ ကူညီပေးလျက်ရှိကြောင်း သိရသည်။
