ယခုရက်သတ္တပတ်အတွင်း သည်းထန်စွာရွာသွန်းနေသည့် မိုးကြောင့် မန္တလေးတိုင်း၊ အမရပူရမြို့နယ် အနိမ့်ပိုင်းရပ်ကွက်များတွင် ရေဝင်နေကြောင်း သိရသည်။
“မနေ့ညကနေ တစ်ညလုံးရွာတာ။ ရေဝင်တာ၊ ရေတက်တာလည်း မြန်တယ်။ အိမ်ထဲ ရေရောက်နေပြီ။ ငလျင်အပြီး ရေလမ်းကြောင်းများပြောင်းသလား မသိဘူး။ ရေတက်တာ မြန်တယ်” ဟု မြို့ခံတစ်ဦးက လူမှုကွန်ရက်က်တွင် မျှဝေထား သည်။
ထို့ပြင် ငလျင်ဒဏ်ကြောင့် ယာယီတဲဖြင့် နေထိုင်သူများလည်း အများအပြားရှိနေသေးသောကြောင့် မိုးများလျှင် အခက်အခဲဖြစ်နေရကြောင်းလည်း သိရသည်။
ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တွင် မုတ်သုံလေ အားကောင်းရာမှ အားအလွန်ကောင်းနေခြင်း၊ အရှေ့ဘက်မှ ရွေ့လျားလာသော လေပွေလှိုင်းများ၏ အရှိန်ကြောင့် ဇွန် (၁၅)ရက်အထိ နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး ၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့ အပြား မိုးထစ်ချုန်းရွာပြီး၊ အချို့ဒေသများတွင် ဒေသအလိုက်နှင့် နေရာကွက်၍ မိုးကြီးမည်ဟု မိုး/ဇလက ထုတ်ပြန်ထားသည်။