မိုးကုတ်၊ ဩဂုတ်-၅
မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ်အတွင်း ကျပ်ပြင်အနောက်ပိုင်းရှိ ပန်းမပတ္တမြားသျှိုရပ်ကွက်နှင့် အောင်သစ်လွင်ရပ်ကွက်တို့တွင် ယနေ့ (သြဂုတ်လ ၅ ရက်) ၌ မြေပြိုမှု ဖြစ်ပွါးခဲ့ခြင်း ဖြစ်သည်။
ဖြစ်စဉ်သည် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် တောင်ကမ်းပါးပြိုကျကာ လူနေအိမ်များအတွင်းသို့ မြေစာများ ဝင်ရောက်သည့် ဘေးအန္တရာယ် ဖြစ်ပွါးခဲ့ခြင်း ဖြစ်သည်။
ဖြစ်စဉ်ဖြစ်ပွားရာနေရာသို့ မိုးကုတ်မြို့နယ် မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ သွားရောက်ကာ အရေးပေါ် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ မြေပြိုမှုကြောင့် အမျိုးသားတစ်ဦး (မစိုးရိမ်ရ) ထိခိုက်ဒ-ဏ်ရာရရှိခဲ့ပြီး မီးသတ်တပ်ဖွဲ့ဝင်များ၏ ကူညီပို့ဆောင်ပေးမှုဖြင့် မိုးကုတ်မြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကာ ဆေးကုသမှု ခံယူစေလျက်ရှိကြောင်း သိရသည်။
ဓာတ်ပုံ- မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့
