ရှမ်းပြည်နယ်(အရှေ့ပိုင်း)သံဃာတော်များနှင့် မိုင်းလားအကြီးအကဲများမှ မိုင်းဖုန်းဆရာတော်ကြီးအား အယားဆွမ်တစ်ပါ(တောနေပျော်မထေရ်ကျော်ဘွဲ့)ကို လာမည့် အောက်တိုဘာ ၁၁ ရက်တွင် ရိုးရာအခမ်းအနားဖြင့် ဆက်ကပ်သွားမည်ဖြစ်ကြောင်း သိရသည်။
လက်ရှိအချိန်၌ မိုင်းဖုန်းဆရာတော်ကြီးသည် မိုင်းဟေ့မိုင်းခန်အုပ်စုရှိ မိုင်းလားဂူတွင် ဝါတွင်းသုံးလအဓိဌာန်အဖြစ် ၃ လ ၃ ရက်တိုင် တရားဘာဝနာပွားများအားထုတ်တော်မူသွားမည်ဖြစ်ကာဂူအတွင်းသို့ တပည့်သာဝကများက လိုက်ပါပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။
မိုင်းဖုန်းဆရာတော်ကြီးသည် မိုင်းလားဂူသို့ကြွရောက်တော်မူခြင်းမပြုမီ ဇူလိုင် ၂ ရက်က မိုင်းဖုန်းဒေသမှသာသနာပြုခရီးအဖြစ်ထွက်ခွာ၍ ကျိုင်းတုံမြို့နယ်၊ လွယ်ပန်ကွဲတောင် ဗုဒ္ဓဥယျာဥ်သို့ကြွရောက်တော်မူကာ ဝစီပိတ်ဆရာတော်တည်ထားဆဲဖြစ်သော လောကသရဖူစေတီတော် (ရှမ်းပြည်နယ် ဗောရောဗုဒ္ဓော)တွင်မေတ္တာပို့သခဲ့ကြောင်း သိရသည်။
ထို့နောက် သက်တော်ရှည် ကျိုင်းရင်းဆရာတော်ကြီးအား ပူဇော်ကန်တော့ပြီး ကျိုင်းတုံမြို့မှ မိုင်းလားမြို့သို့ကြွရောက်တော်မူကာ ဇူလိုင် ၃ ရက်နံနက်ပိုင်းတွင် မိုင်းလားအထူးဒေသ ၄ ဥက္ကဋ္ဌဦးထိန်လင်းအိမ်၌ မေတ္တာပို့တရားဟောကြားပြီး မွန်းလွဲ ၂ နာရီ၌ ကွယ်လွန်သွားသည့် မိုင်းလားအထူးဒေသ ၄ ဥက္ကဋ္ဌ(ဟောင်း)ဦးစိုင်းလင်း၏ ဂူဗိမာန်သို့ကြွရောက်ပြီး ကုသိုလ်မျှပေးတော်မူခဲ့ကြောင်း သိရသည်။
