Friday, August 7, 2026

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ထိုင်းနိုင်ငံခရီးစဉ်အပြီး နေပြည်တော်သို့...

ထိုင်းနိုင်ငံဝန်ကြီးချုပ် မစ္စတာ အနုထင် ချာဝီရကွန်၏ ဖိတ်ကြားချက်အရ ထိုင်းနိုင်ငံသို့ နိုင်ငံတော်အဆင့် တရားဝင်ခရီးစဉ် (Official Visit) အဖြစ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ...

တရုတ်အရာရှိဟန်ဆောင်သူများက ဟောင်ကောင်သူတစ်ဦးကို ဟောဒေါ်လာ ၆၉...

ဩဂုတ်လ ၇ ရက် တရုတ်ပြည်မကြီးမှ အရာရှိများအဖြစ် ဟန်ဆောင်ထားသော လိမ်လည်သူများ၏ တစ်လကြာ လှည့်ဖြားမှုကြောင့် ဟောင်ကောင်သူတစ်ဦးသည် ဟောင်ကောင်ဒေါ်လာ ၆၉ သန်းနီးပါး (အမေရိကန်ဒေါ်လာ...

ဆစ်ဒ်နီလေဆိပ်၌ လေကြောင်းလိုင်းများ ကြန့်ကြာမှုနှင့် ဖျ-က်သိမ်းမှုများ...

ဆစ်ဒ်နီ၊ ဩဂုတ် ၇ ရက် လေကြောင်းဝန်ဆောင်မှု ဝန်ထမ်းအင်အား မလုံလောက်မှုကြောင့် သောကြာနေ့တွင် ဆစ်ဒ်နီလေဆိပ်၌ လေယာဉ်ခရီးစဉ် အမြောက်အမြား ကြန့်ကြာခဲ့ရပြီး အချို့သော ခရီးစဉ်များကို...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဗန်ကောက်မြို့ရှိ မြန်မာသံရုံး၌...

ထိုင်းနိုင်ငံဝန်ကြီးချုပ် မစ္စတာ အနုထင် ချာဝီရကွန်၏ ဖိတ်ကြားချက်အရ ထိုင်းနိုင်ငံသို့ တရားဝင်ခရီးစဉ် (Official Visit) အဖြစ် ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ...
HomeInternationalမိုင်းကင်းစင်ရေးကမ္ဘာ့ထိပ်သီးအစည်းအဝေး ကမ္ဘောဒီးယား၌ကျင်းပ

မိုင်းကင်းစင်ရေးကမ္ဘာ့ထိပ်သီးအစည်းအဝေး ကမ္ဘောဒီးယား၌ကျင်းပ

စီရမ်ရိဒ်ပ်၊နိုဝင်ဘာ ၂၅

မိုင်းကင်းစင်ရေးကမ္ဘာ့ထိပ်သီးအစည်းအဝေး Siem Reap-Angkor Summit ကို ကမ္ဘောဒီးယားနိုင်ငံ အနောက်မြောက်ပိုင်း စီရမ်ရိဒ်ပ်ပြည်နယ်၌ တနင်္လာနေ့ကကျင်းပခဲ့ပြီး မိုင်းအန္တရာယ်ကင်းရှင်းကာ ပိုမိုငြိမ်းချမ်းသည့်ကမ္ဘာကြီးကိုတည်ဆောက်ရန် ဆွေးနွေးခဲ့ကြသည်ဟုလည်းသိရသည်။

Ottawa Treaty မိုင်းကင်းရှင်း‌ရေးညီလာခံတွင် ပြည်နယ်ပါတီများဖြစ်သည့် နိုင်ငံပေါင်း ၁၅၀ ကျော်မှ ကိုယ်စားလှယ်များလည်းပါဝင်ကြောင်းသိရသည်။

ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်မာနက်က ၁၉၉၈ ခုနှစ်တွင် နိုင်ငံ၌ ငြိမ်းချမ်းရေးကိုအပြည့်အဝရရှိခဲ့သော်လည်း မြေမြှု-ပ်မိုင်းများ၏အန္တရာယ်သည် ဆက်လက်ရှိနေဆဲဖြစ်ပြီး လူ့အသက်အိုးအိမ်စည်းစိမ်နှင့် စစ်ပြီးခေတ်ပြန်လည်ထူထောင်ရေးအတွက် ဆိုးရွားသည့် အန္တရာယ်တစ်ရပ်လည်းဖြစ်လာကြောင်း ထိပ်သီးအစည်းအဝေးအဖွင့်တွင် ပြောကြားခဲ့သည်။

လက်ရှိအချိန်အထိ ကမ္ဘောဒီးယားအနေဖြင့် မြေမြှုပ်မိုင်း ၃,၀၀၀ စတုရန်းကီလိုမီတာကျော်ကို ရှင်းလင်းခဲ့ပြီးဖြစ်ကြောင်း ၎င်းကပြောကြားခဲ့သည်။ကမ္ဘောဒီးယားသည် မြေမြှု-ပ်မိုင်းဒဏ်ကို အဆိုးရွားဆုံးခံစားရသည့် နိုင်ငံတစ်နိုင်ငံဖြစ်သည်။

အာရှနှင့်ပစိဖိတ်ဒေသဆိုင်ရာ စီးပွားရေးနှင့်လူမှုရေးကော်မရှင်၏ အမှုဆောင်အတွင်းရေးမှူးက မြေမြှု-ပ်မိုင်းကြောင့် ထိခိုက်ခဲ့ရသောလူမှုအသိုက်အဝန်းများအတွက် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးပန်းတိုင်များက ဆက်လက်ရှိနေဦးမည်ဟုလည်းပြောကြားခဲ့သည်။

“အသစ်အသစ်သောပဋိပက္ခတွေကိုရင်ဆိုင်ရာမှာလိုအပ်နေတဲ့နိုင်ငံတွေအတွက် လက်တွေ့ကျပြီးရေရှည်တည်တံ့တဲ့ပံ့ပိုးကူညီမှုဖြစ်စေရပါမယ်” ဟုလည်း၎င်းကပြောကြားခဲ့သည်။ကုလသမဂ္ဂအနေဖြင့် မိုင်းဒဏ်ခံရသော နိုင်ငံများသို့ ၎င်း၏ထောက်ပံ့ကူညီမှုများ အားဖြည့်တင်းရန်နှင့် တိုးချဲ့ရန်အသင့်ရှိကြောင်းလည်းပြောကြားခဲ့သည်။

Source : ရှင်းဟွာ

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ထိုင်းနိုင်ငံခရီးစဉ်အပြီး နေပြည်တော်သို့ ပြန်လည်ထွက်ခွာ

ထိုင်းနိုင်ငံဝန်ကြီးချုပ် မစ္စတာ အနုထင် ချာဝီရကွန်၏ ဖိတ်ကြားချက်အရ ထိုင်းနိုင်ငံသို့ နိုင်ငံတော်အဆင့် တရားဝင်ခရီးစဉ် (Official Visit) အဖြစ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ ဩဂုတ် ၇ ရက် မွန်းလွဲပိုင်းတွင် ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့ရှိ ဒွန်မောင်းအပြည်ပြည်ဆိုင်ရာလေဆိပ်မှ အထူးလေယာဉ်ဖြင့် နေပြည်တော်သို့ ပြန်လည်ထွက်ခွာခဲ့သည်။ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အား ထိုင်းနိုင်ငံမှအဆင့်မြင့်အရာရှိကြီးများနှင့် တာဝန်ရှိသူများ၊ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးနှင့် ဇနီး၊ စစ်သံမှူးနှင့် ဇနီး၊ မြန်မာသံရုံးနှင့် စစ်သံရုံးတို့မှ ဝန်ထမ်းများက ဒွန်မောင်းအပြည်ပြည်ဆိုင်ရာလေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ခဲ့ကြသည်။

တရုတ်အရာရှိဟန်ဆောင်သူများက ဟောင်ကောင်သူတစ်ဦးကို ဟောဒေါ်လာ ၆၉ သန်း နီးပါး လိမ်လည်

ဩဂုတ်လ ၇ ရက် တရုတ်ပြည်မကြီးမှ အရာရှိများအဖြစ် ဟန်ဆောင်ထားသော လိမ်လည်သူများ၏ တစ်လကြာ လှည့်ဖြားမှုကြောင့် ဟောင်ကောင်သူတစ်ဦးသည် ဟောင်ကောင်ဒေါ်လာ ၆၉ သန်းနီးပါး (အမေရိကန်ဒေါ်လာ ၈.၈ သန်း) ဆုံးရှုံးခဲ့ရသည်။ အသက် ၄၃ နှစ်အရွယ် အမျိုးသမီးထံသို့ တရုတ်ပြည်မကြီး တရားဥပဒေစိုးမိုးရေး အရာရှိများဟု လိမ်လည်သူများက ဖုန်းဆက်သွယ်ခဲ့ပြီး ၎င်း ကိုပြစ်မှုကျူးလွန်ကြောင်း စွပ်စွဲကာ အပြစ်မရှိကြောင်း သက်သေပြရန်အတွက် ငွေကြေးတောင်းခံခဲ့ကြောင်း ရဲတပ်ဖွဲ့က သောကြာနေ့တွင် ပြောကြားခဲ့သည်။ ပြစ်ဒဏ်စွပ်စွဲခံရသူ အမျိုးသမီးသည် ဇူလိုင်လ ၂ ရက် နေ့မှ ဩဂုတ်လ...

ဆစ်ဒ်နီလေဆိပ်၌ လေကြောင်းလိုင်းများ ကြန့်ကြာမှုနှင့် ဖျ-က်သိမ်းမှုများ ဖြစ်ပေါ်

ဆစ်ဒ်နီ၊ ဩဂုတ် ၇ ရက် လေကြောင်းဝန်ဆောင်မှု ဝန်ထမ်းအင်အား မလုံလောက်မှုကြောင့် သောကြာနေ့တွင် ဆစ်ဒ်နီလေဆိပ်၌ လေယာဉ်ခရီးစဉ် အမြောက်အမြား ကြန့်ကြာခဲ့ရပြီး အချို့သော ခရီးစဉ်များကို ဖျ-က်သိမ်းခဲ့ရကြောင်း သတင်းရရှိသည်။ Qantas လေကြောင်းလိုင်း၏ သတင်းထုတ်ပြန်ချက်အရ ဆစ်ဒ်နီလေဆိပ်မှ ထွက်ခွာမည့် ပြည်တွင်းနှင့် အပြည်ပြည်ဆိုင်ရာ လေယာဉ်ခရီးစဉ် ၅၀ ကျော်မှာ မိနစ် ၉၀ အထိ ကြန့်ကြာခဲ့ရပြီး ပြည်တွင်းခရီးစဉ် ၄ ခုကို ဖျ-က်သိမ်းခဲ့ရကြောင်း သိရသည်။ Qantas အုပ်စုပိုင် လေယာဉ်ခ သက်သာသော လေကြောင်းလိုင်းတစ်ခုဖြစ်သည့် ဂျက်စတား၌လည်း ခရီးစဉ်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071