မိတ္ထီလာမြို့နယ်၊ အစိုးရ သူနာပြုသင်တန်းကျောင်း၌ ယနေ့ ဩဂုတ် (၁၂)ရက် ၊ နံနက်အစောပိုင်းက သင်တန်းသူ အမျိုးသမီးတစ်ဦး အိမ်သာထဲ၌ မီးလောင်ဒဏ်ရာများဖြင့် အသက်ဆုံးရှုံးခဲ့ကြောင်း သိရသည်။
လက်ရှိ၌ ဖြစ်စဉ်အရ ယင်းကျောင်းသူသည် ဒီဇယ်ပုံးဖြင့် မိမိကိုယ်ကို လောင်းချကာ အဆုံးစီရင်ခဲ့ခြင်း ဖြစ်သည်ဟု သုံးသပ်ထားကြသည်။
“မီးခိုးနံ့တွေ ထွက်လာမှသိကြတာ၊ဂျက်လည်းထိုးထားတော့ ဖျက်ဝင်ရတယ်” ဟု ကူညီရေးတွင် ပါဝင်ခဲ့သူတစ်ဦးကလ ည်း ပြောသည်။
အဆိုပါ အမျိုးသမီးသည် အသက် (၂၀) အရွယ် အမျိုးသမီးဖြစ်ကာ ကယားပြည်နယ်မှ လာရောက်ပြီး သင်တန်းတက်ရောက်သူဖြစ်ကြောင်းလည်း သိရသည်။
လက်ရှိ၌ ရုပ်အလောင်းကို မိတ္ထီလာဆေးရုံကို ပို့ဆောင်ထားပြီး အမှုနှင့် ပတ်သက်၍ သက်ဆိုင်ရာနယ် မြေရဲစခန်းမှ စုံစမ်းစစ်ဆေးနေဆဲဖြစ်သည်။
