မန္တလေးတိုင်း၊ မိတ္ထီလာမြို့နယ်တွင် တပ်မတော်ချည်မျှင်နှင့် အထည်စက်ရုံ(မိတ္ထီလာ)နှင့် အမှတ် (၃)ဘိလပ်မြေစက်ရုံ(တန် ၁၂ဝဝ)တို့လည်း လည် ပတ်လုပ်ကိုင်လျက်ရှိရာ နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယ နေ့ ဇူလိုင် ၁၁ ရက်နံနက်ပိုင်းက ကြည့်ရှုစစ်ဆေးခဲ့သည်။
တပ်မတော်ချည်မျှင်နှင့် အထည်စက်ရုံ(မိတ္ထီလာ) စက်ရုံတွင် ချည်အမျိုးမျိုး၊ အထည်နှင့် ချုပ်ထည်အမျိုးမျိုး၊ တပ်မတော်နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များအတွက်လိုအပ်သည့်ဝတ်စုံများ၊ ကျောင်းဝတ်စုံများ၊ နေ့စဉ်သုံးချည်ထည်ပစ္စည်းများကိုထုတ်လုပ် ပေးလျက်ရှိသည်။
နစက ဥက္ကဋ္ဌမှ ချည်ထည်များထုတ်လုပ်ရာတွင် အရေအတွက်ထက် အရည်အသွေးကို ပိုမိုဦးစားပေးရန်၊ ပြည်တွင်းရှိ အထည်အလိပ်နှင့် ပတ်သက်သည့် SMEလုပ်ငန်းများ၌လိုအပ်သော ချည်မျှင်နှင့် အထည်အလိပ်များကိုလိုအပ်ချက်ပြည့်မီအောင်ထုတ်လုပ်ရန် မှာ ကြားခဲ့သည်။
တပ်မတော်ချည်မျှင်နှင့်အထည်စက်ရုံ(မိတ္ထီလာ) အား ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလတွင် ၂/၈၀ ချည်ချောစက်ရုံခွဲကိုထပ်မံတိုးချဲ့တည်ဆောက်ခါအရည်အသွေးစံနှုန်းများအတိုင်းပြည့်မီစွာထုတ်လုပ်ပေးလျက်ရှိသည်။
မြန်မာစီးပွားရေးကော်ပိုရေးရှင်း၏ အမှတ်(၃)ဘိ လပ်မြေစက်ရုံ(တန် ၁၂၀၀)သည်လည်း မိတ္ထီလာမြို့တွင်လည်ပတ်လျက်ရှိရာ နစက ဥက္ကဋ္ဌက သင့်တင်မျှတသည့်ဈေးနှုန်းဖြင့် ရောင်းချနိုင်ရေး၊စက်စွမ်းအားအလိုက် စွမ်းအားပြည့်လည်ပတ်ထုတ်လုပ်နိုင်ရေးဆောင် ရွက်ရန်တို့ကို မှာကြားခဲ့သည်။
ငလျင်ကြီးကြောင့် ဘိလပ်မြေလိုအပ်ချက်မှာကြီးမားဆဲပင်ဖြစ်သည်။
