Sunday, May 3, 2026

ထိုင်းမှာ ရဟတ်ယာဉ်တစ်စင်း ပျ-က်ကျ         

ထိုင်းနိုင်ငံ စမွတ်ပရာကန်ပြည်နယ် မြောင်ခရိုင်တွင် တနင်္ဂနွေနေ့နံနက်ပိုင်းက ရဟတ်ယာဉ်တစ်စင်း ပျ-က်ကျခဲ့ပြီး လူနှစ်ဦး ဒ-ဏ်ရာရရှိခဲ့သည်။        ထိုင်းဘန်မြို့ရှိ ဘီတီအက်စ်ပြုပြင်ရေးစင်တာအနီးတွင် ရဟတ်ယာဉ်တစ်စင်း ပျ-က်ကျခဲ့ကြောင်းကို နံနက် ၈...

အောင်ချမ်းသာ တောရကျောင်း ဆရာတော်၏ သက်တော်(...

အောင်ချမ်းသာ တောရကျောင်း ဆရာတော် ဦးကောဝိဒ၏ သက်တော်( ၉၃) နှစ်ပြည့် ဝိဇာတမွေးနေ့အလှူသို့ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ၊ တိုင်း‌ဒေသကြီးလွှတ်‌တော်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက လှူဖွယ်ပစ္စည်းများ...

ပျဥ်းမနားမြို့နယ်၌ မနက်ဖြန် မေ ၄...

နေပြည်တော်၊ ပျဥ်းမနားမြို့နယ်၌ မနက်ဖြန် မေ ၄ ရက်မှစ၍ မေ ၁၀ ရက်အထိ အုပ်စု(A)နှင့် အုပ်စု(B)ခွဲကာ အလှည့်ကျစနစ်ဖြင့် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးသွားမည်ဖြစ်ကြောင်း...

အီရန်တို့၏ အပြုအမူများ မလျော်ကန်ပါက အမေရိကန်အနေဖြင့်...

အီရန်နှင့် သဘောတူညီချက်ရယူမည့် အချက်တစ်ခုအကြောင်း မိမိကို ပြောပြထားသော်လည်း တိကျသည့် စကားလုံးအသုံးအနှုန်းများကို စောင့်ဆိုင်းနေကြောင်းနှင့် အီရန်ဘက်က အပြုအမူ မလျော်ကန်ပါက ထိုနိုင်ငံအပေါ် တို-က်ခိုက်မှုများ...
HomeArticlesမာနကိုစား အားရှိ၏

မာနကိုစား အားရှိ၏

အနုပညာသမားတွေမှာ အနု ပညာမာနရှိတတ်ကြပေမယ့် “သည် ပုတ်ထဲကပဲ၊ သည်ပဲချည်း”လို့တော့ လှေနံဓားထစ်ပြောလို့ မရပါဘူး။ အနုပညာမာနမထားဘဲ သိမ်မွေ့ ယဉ်ကျေးစွာ နေထိုင်ပြောဆိုဆက်ဆံ လေ့ရှိကြတဲ့ အနုပညာသမားတချို့ လည်း ရှိကြပါတယ်။

ဟိုး …တစ်ချိန်က အောင် မြင်ကျော်ကြားခဲ့တဲ့ “အရိုင်းစံပယ်” ရုပ်ရှင်ကားကြီးထဲမှာ အဓိကဇာတ် ဆောင်က “ဘခက်”အမည်ရှိ စွယ်စုံ ဂီတပညာရှင်အနုပညာသမားပါ။ သူ က အနုပညာမာနကြီးလွန်းလို့ ဂီတ အခမ်းအနားတစ်ခုမှာ “မျက် နှာကြီးရာ ဟင်းဖက်ပါ”တဲ့။ ငွေရှင် ကြေးရှင်တွေကို စိန်ခေါ်ပြီး သူ့ရဲ့ တယော တူရိယာကို ဒေါသတကြီး ရိုက်ခွဲခဲ့ပါ တယ်။ အဲသည် ရုပ်ရှင် ကြည့်ချိန်က စာရေးသူဟာ အသက် ၁၂ လောက်ပဲ ရှိသေးတာမို့၊ အရိုင်း စံပယ်ရုပ်ရှင်ထဲမှာ ဘခက်အဖြစ် ပြောင်မြောက် စွာ သရုပ်ဆောင်ခဲ့တဲ့ မင်းသားထွန်း ဝေကို ဘာမသိညာမ သိ အရမ်းသဘောကျခဲ့ပါတယ်။ အနုပညာသမားရဲ့ မာနဆိုတာကို တိတ်တခိုးကိုး ကွယ်မိပါတယ်။ အနု ပညာသမားဆိုတာ မာနရှိရမယ်ဆို တဲ့ အစွဲကို လက်ခံမိခဲ့တယ်။ အနုပ ညာသမားမှန်ရင် မာနရှိရမယ်လို့ ယုံကြည်မိခဲ့တယ်။ မာနကြီးကြတဲ့ အနုပညာသမားတွေကို ပစ်ခတ်ပြီး တော့ကို အားပါးတရထောက်ခံခဲ့ တယ်။

စာရေးသူက သွားလေသူ ပန်း ချီဆရာ ‘ပေါ်ဦးသက်’နဲ့ ဆုံဖူးတော့ မှ အမြင်ပြောင်းလဲသွားရပါတော့ တယ်။

၁၉၇၂/၇၃ လောက် မှာဖြစ်မယ် ထင်တယ်။ အဲသည် အချိန်မှာ “ပေါ်ဦးသက်”ဟာ အောင်မြင်ထင်ရှားတဲ့ ပန်းချီဆရာ ဖြစ်နေပါပြီ။ ယခုတိုင် မားမားမတ် မတ်ရပ်တည်နေတဲ့ “လောကနတ်” ပန်းချီပြခန်းဟာလည်း ရန်ကုန် ပန်းဆိုးတန်းလမ်းမကြီးပေါ်မှာ အထင်ကရ ထည်ဝါဝင့်ကြွားနေ ခဲ့ပါပြီ။ “ထယ်ဝါဝင့်ကြွား” ဆိုတဲ့ ဝေါဟာရကို သုံးရတာကတော့ “လောကနတ်”ကို ပညာရှိလို့ ခေါ်နိုင် တဲ့ “ဘသန်း (ဓမ္မိက)”က ဦးစီးထူ ထောင်ပြီး အဲသည်ကာလလို ခေတ် ကျပ်ခေတ်ကျဉ်းထဲမှာ “လောက နတ်”ဟာ မြန်မာပြည်ကြီးရဲ့ ဂုဏ် ဆောင်တစ်ခုတည်းသော ပန်းချီပြ ခန်းကြီးအဖြစ် နိုင်ငံတကာ ပန်းချီ လောကကို လက်ကမ်းကြိုဆိုနိုင်လို့ ပါပဲ။ မြန်မာပန်းချီဆရာတို့ရဲ့ “မော် ဒန်ပန်းချီ”ကို ကြည့်ရှုလေ့လာချင်သ ပဆိုရင် “လောကနတ်”ကို မရောက် လို့ မဖြစ်ပါဘူး။ အဲသည်တုန်းက “ခင်ဝမ်း”ဟာ သူ့ရဲ့ “စိတ္တဇပန်းချီ” စာအုပ်ကြောင့် ထင်ရှားစ ပြုနေပါ ပြီ။ ပေါ်ဦးသက်ဟာ လောကနတ် အဆောက်အအုံထဲက အခန်းတစ် ခန်းမှာ လူကိုယ်တိုင်လည်း နေ၊ စတူ ဒီယိုအခန်း (အလုပ်ခန်း)အဖြစ် လည်း အသုံးပြုပုံရပါတယ်။ သူက တော့ “ရွှေတိဂုံ”ပန်းချီကားကြောင့် နိုင်ငံတကာ အဆင့်ထိ ကျော်ကြား ပေါက်ရောက်နေပါပြီ။

အဲသည်ကာလမှာ ပန်းချီဝါသ နာပါတဲ့ စာရေးသူဟာ မင်္ဂလာဒုံ၊ ဝါ ယာလက်ရပ်ကွက်မှာနေပြီး မိတ္ထီလာ သား ဝါသနာတူကျောင်းနေဘက် “ဇော်ညို”နဲ့ တစ်တွဲတွဲရှိခဲ့သပေါ့။

ဇော်ညိုဟာ မိသားစုအသိုင်း အဝိုင်းတောင့်တင်းပြီး။ ဝါသနာပါရာ ကို လုပ်ကိုင်ခွင့်ရနေပါတယ်။ ပန်းချီ ဝါသနာပါတော့ ဆေး၊ စုတ်၊ ကင်း ဗတ်အကုန်အစုံဝယ်နိုင်ပါတယ်။ အင်္ဂလိပ်ဘာသာထုတ် “ပီကာဆို” Pablo Picasso အတ္ထုပ္ပတ္တိစာအုပ် ထူကြီး ဝယ်ပြီး လက်ထဲ တကိုင်ကိုင် နဲ့ပေါ့။ စာရေးသူကတော့ နိုင်ငံခြား သားပန်းချီဆရာတွေအကြောင်း သိပ်မသိသေးသလို (ကနေ့အထိ) သိပ်လည်း မကြိုက်ပါဘူး။ စာရေးသူ က ကိုယ့်တိုင်းရင်းပန်းချီဆရာတွေ ထဲက ဆိုရင် (မဂ္ဂဇင်းသရုပ်ဖော်ပုံ တွေကြည့်ရင်း) ပန်းချီဆရာကြီး “ဦး ဘရင်ကလေး”ကို အကြိုက်ဆုံးပါ။ မဂ္ဂဇင်းစာအုပ်ထဲက ဦးဘရင်ကလေး ရဲ့ သရုပ်ဖော်ပုံတွေကို ကူး၊ ကူးဆွဲရ တာအမောပေါ့။ ဦးဘရင်ကလေးရဲ့ သားဖြစ်တဲ့ ပန်းချီဆရာ “မောင်ညို ဝင်း”ကိုတော့ သူ့အဖေရဲ့ တစ်ဝက် လောက်ပဲ ကြိုက်ပါတယ်။ ကြိုက် ကြိုက်၊ မကြိုက်ကြိုက် လောလော လတ်လတ် စာရေးသူ “ဂိမ်း”သွားရင် တော့ စာရေးသူရဲ့ ပုံတူကို ဆရာ မောင်ညိုဝင်းက ရေးဆွဲပေးရမှာပါပဲ။ သူက စာရေးသူထက် အသက်ကြီး ပေမယ့် ကိုယ်က အရင်သေပြီး သူ က ကျန်းကျန်းမာမာ အသက်ရှည် နေပါစေလို့ ဆုတောင်းပါတယ်။

အထက်က ပြောခဲ့တဲ့ ဇော်ညို ဟာ ပေါ်ဦးသက်ကို ကြည်ညိုလွန်း တော့ ပေါ်ဦးသက်ကို လူချင်းတွေ့ရ အောင် ကြိုးစားပါတယ်။ ပေါ်ဦး သက် ဘယ်မှာ အမြဲရှိနေနိုင်သလဲ ဆိုတာ သတင်းရတော့ စာရေးသူကို အဖော်ခေါ်ပြီး “လောကနတ်”ကို သွားကြပါတယ်။ ပေါ်ဦးသက်ကို သူ့ စတူဒီယိုထဲမှာ ဆိုက်ဆိုက်မြိုက်မြိုက် တွေ့ရပါတယ်။

ပေါ်ဦးသက်ဟာ ကမြောက်က ခြောက် မလောက်လေး မလောက် စား လူငယ်ကလေး နှစ်ယောက်ကို သူ့အခန်းမှာ လေးလေးစားစား နေရာပေးပါတယ်။ ဇော်ညိုဟာ ပေါ် ဦးသက်ထံမှာ တပည့်ခံချင်တဲ့အ ကြောင်း စာရေးသူက ပြောတော့ ပေါ်ဦးသက်က ခေါင်းတဆတ်ဆတ် ပဲ ငြိတ်ပါတယ်။ ပြီးလည်း ပြီးရော၊ ပေါ်ဦးသက်ဟာ သူ့စတိုင်အတိုင်း ကြမ်းပေါ်မှာ ငုတ်တုတ်ကြီးထိုင်၊ ဆေးပေါ့လိပ်ကြီးဖွာရင်း ဒဿနဆန် တဲ့ စကားတွေ ကရားရေလွှတ် တစ် တွတ်တွတ်နဲ့ ပြောပါတော့တယ်။ စာ ရေးသူတော့ နားထောင်ရင်း ခေါင်း မူးသလိုလို ဖြစ်လာပါတယ်။ ဇော်ညို ကတော့ ဓမ္မကထိက ဘုန်းကြီးရှေ့ ရောက်နေတဲ့ ဘုရားဒကာလို ပုဆစ် ဒူးတုပ်ထိုင်ရင်း ပေါ်ဦးသက် လေ အေးအေးနဲ့ ပြောတာကို ငေးမော နားစွင့်နေပါတယ်။ နောက်ပိုင်းကာ လ စာရေးသူဟာ သွားလေသူ ဆရာ မကြီး “လူထုဒေါ်အမာ”နဲ့ ခေတ္တဆုံ တုန်း ဆရာမကြီးရဲ့ လေယူလေသိမ်း ကို ကြည့်ရင်း နားထောင်ရင်း “ပေါ် ဦးသက်စကားပြောပုံနဲ့ တူလိုက်တာ” လို့ တွေးမိတယ်။ လက်စသတ်တော့ ပေါ်ဦးသက်ဟာ ဆရာမကြီးရဲ့ သား တပည့် လူထုတိုက်ထွက် ဖြစ်နေသ ကိုး။

ထူးခြားတာက ပေါ်ဦးသက် ဟာ အဲသည်နေ့က လေအေးအေး၊ လျှာလေးလေးနဲ့ ၁ နာရီလောက်ကြာ အောင် မရပ်မနား non-stop စကား ပြောခဲ့တာပါပဲ။ ပိုပြီး ထူးခြားတာက တော့ ပန်းချီဆရာတစ်ယောက်က ပန်းချီဝါသနာရှင်လူငယ်နှစ်ယောက် ကို ပန်းချီပြခန်းကြီးဘေးက ပန်းချီ အလုပ်ခန်းကလေးထဲမှာ ပန်းချီ အ ကြောင်း တစ်လုံးတစ်ပါဒမျှ မပြော ခဲ့တာပါပဲ ခင်ဗျား။
စကားအဆုံးသတ်ပြီးတော့ ပေါ်ဦးသက်က အပြင်ခန်းထဲက စကားဝိုင်းကို စာရေးသူတို့ နှစ် ယောက်ကို ခေါ်သွားပြီး စကားဝိုင်း ထဲက ပန်းချီဆရာတွေနဲ့ မိတ်ဆက် ပေးပါတယ်။ “သူက ပေါ်သိမ့်၊ သူက ပေါ်ညွန့်ရာ၊ သူက မောင်ဒီ”စသဖြင့် ပေါ့။ စကားဝိုင်းထဲက ပန်းချီဆရာ တစ်ယောက်က စာရေးသူတို့ကို ..

“မောင်ရင်တို့ကို …ကိုပေါ် ဦး စကားတွေ အများကြီးပြောတယ် မဟုတ်လား၊ အဲသည်လူပြောတာတွေ ကို မယုံကြနဲ့နော်”လို့ အတည်ပေါက် နဲ့ ပြောတာကို တခြားပန်းချီဆရာ တွေက ဝိုင်းရယ်ကြပါတယ်။ ပေါ်ဦး သက်ကတော့ ခပ်ပြုံးပြုံးနဲ့ ဆေးလိပ် ပဲ ဖွာနေလေရဲ့။

ပြီးတော့ ကုန်သည်လမ်းပေါ်က လက်ဖက်ရည်ဆိုင် တစ်ဆိုင်သွားကြ ပြီး လက်ဖက်ရည်သောက်ကြတယ်။ ပန်းချီဆရာတွေ ပန်းချီအကြောင်း ပြောကြလေမလားဆိုပြီး စာရေးသူ နားစွင့်နေသေးတယ်။ အံ့ရောဗျာ …။ ပန်းချီဆရာတွေဟာ ပန်းချီ အနုပညာအကြောင်း တစ်ခွန်း တောင် မဟကြဘူး။ တခြားထွေလာ ကေလာရယ်စရာစကားတွေပဲ ပြော နေကြတယ်။ တကယ့်ပုဂ္ဂိုလ်ထူးတွေ။

စင်စစ်မတော့ ပန်းချီဆရာဟာ အနုပညာကို တန်ဖိုးထားတယ်။ တန် ဖိုးထားတာအတွက် မာနကြီးတယ်။ မာနကြီးတော့ ပန်းချီအကြောင်း မပြောတော့ဘူး။

စာရေးသူလည်း စာပေနဲ့ပတ် သက်ရင် မာနကြီးပါတယ်။ စာပေ မိတ်ဆွေတွေနဲ့တွေ့ရင် “ပိုက်ဆံ ရမယ့် စာပေအကြောင်းပဲ ပြော။ တခြားလေကြောင်တွေ မမှုတ်နဲ့၊ နိုး …ပဲ”လို့ သတိပေးလေ့ရှိပါတယ်။ (ကိုင်း …) ဘယ့်နှယ်ရှိစ။ ။

ကြူးနှစ်

Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071