Tuesday, January 6, 2026

မန်းရွှေစက်တော်ဘုရားနယ်မြေအနီးဝန်းကျင်မီးဘေးလုံခြုံရေးစစ်ဆေး

မကွေးတိုင်း၊ မင်းဘူးမြို့နယ်ရှိ မန်းရွှေစက်တော်ဘုရားနယ်မြေအနီးဝန်းကျင်အား ဘုရားပွဲတော်ကျင်းပနေစဥ် မီးဘေးလုံခြုံစေရေးအတွက် ရွှေစက်တော်နယ်မြေမီးသ-တ်စခန်းမှတပ်ဖွဲ့ဝင်များက မီးဘေးလုံခြုံရေးအတွက်စစ်ဆေးမှုများကို ယနေ့ ဇန်နဝါရီ ၅ ရက်နံနက်ပိုင်းကပြုလုပ်ခဲ့ကြကြောင်း သိရသည်။ မီးသ-တ်တပ်ဖွဲ့ဝင်များသည် မန်းရွှေစက်တော်ဘုရားနယ်မြေ၏...

လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ ကုန်ကျစရိတ် စာရင်းများကို သတ်မှတ်ရက်အတွင်းတင်သွင်းရန်ပျက်...

လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ ကုန်ကျစရိတ် စာရင်းများကို သတ်မှတ်ရက်အတွင်းတင်သွင်းရန်ပျက် ကွက်ပါက အရည်အချင်းပျက်ယွင်းသူအဖြစ်ကြေညာမည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်UEC) ဥက္ကဋ္ဌ ဦးသန်းစိုးမှ ယနေ့ ဇန်နဝါရီ ၅ ရက်နံနက်ပိုင်းက...

ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့၏ တိုင်းဒေသကြီးလွှတ်တော် (သို့)...

ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့၏ တိုင်းဒေသကြီးလွှတ်တော် (သို့) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အ ဖြစ် ရွေးကောက်တင်မြှောက်ခံရသူများတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (USDP) မှအများဆုံးပါဝင်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) ၏...

ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့၌ USDP ပါတီနှင့်...

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) ၏ ယနေ့ ဇန်နဝါရီ ၅ ရက်က ကြေညာချက်အမှတ် (၇/၂၀၂၆) အရ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့၌ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်...
HomeInternationalမာဒူရိုနှင့်ဇနီးတို့ကို ချက်ချင်းပြန်လွှတ်ပေးရန် မလေးရှားဝန်ကြီးချုပ်...

မာဒူရိုနှင့်ဇနီးတို့ကို ချက်ချင်းပြန်လွှတ်ပေးရန် မလေးရှားဝန်ကြီးချုပ် တောင်းဆို

အမေရိကန်က ဖမ်းဆီးထားသော ဗင်နီဇွဲလားသမ္မတ နီကိုးလက်စ် မာဒူရိုနှင့် ၎င်း၏ဇနီးတို့ကို “မဆိုင်းမတွဘဲ ချက်ချင်းပြန်လွှတ်ပေးရန်” မလေးရှားဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်က တနင်္ဂနွေနေ့တွင် တောင်းဆိုလိုက်သည်။

“ဗင်နီဇွဲလားနိုင်ငံရဲ့ ဖြစ်ပေါ်တိုးတက်မှုတွေကို ကျွန်တော် အလွန်စိုးရိမ်တကြီး စောင့်ကြည့်နေပါတယ်။ ဗင်နီဇွဲလားခေါင်းဆောင်နဲ့ သူ့ရဲ့ဇနီးကို အမေရိကန်စစ်တပ်က ပုံမှန်မဟုတ်တဲ့ နယ်ပယ်နဲ့ ပုံစံမျိုးနဲ့ စစ်ဆင်ရေးလုပ်ပြီး ဖမ်းဆီးခေါ်ဆောင်သွားခဲ့တာ ဖြစ်ပါတယ်” ဟု အန်ဝါက X လူမှုကွန်ရက် (ယခင် Twitter) တွင် ပြောကြားခဲ့သည်။

ထိုသို့သော ပြုလုပ်မှုသည် “အပြည်ပြည်ဆိုင်ရာ ဥပဒေကို ပြောင်ပြောင်တင်းတင်း ချိုးဖေ-ာက်ခြင်းဖြစ်ပြီး အချုပ်အခြာအာဏာပိုင် နိုင်ငံတစ်ခုအပေါ် တရားမဝင် အင်အားသုံး အနိုင်ကျင့်ခြင်း ဖြစ်သည်” ဟု အန်ဝါက အလေးပေး ပြောကြားခဲ့ပြီး “သမ္မတ မာဒူရိုနဲ့ olYရဲ့ဇနီးတို့ကို မဆိုင်းမတွဘဲ ချက်ချင်း ပြန်လွှတ်ပေးရမယ်” ဟု ဆိုသည်။

လက်ရှိအာဏာရ အစိုးရခေါင်းဆောင်တစ်ဦးကို ပြင်ပမှ ဝင်ရောက်စွက်ဖက်ပြီး “အတင်းအဓမ္မ ဖယ်ရှားခြင်း” သည် နိုင်ငံများအကြား အင်အားသုံးစွဲမှုအပေါ် ထိန်းကျောင်းထားသည့် အခြေခံစည်းမျဉ်းများကို ပျ-က်ပြားစေပြီး နိုင်ငံတကာ အစီအစဉ်များကို ထောက်ကူထားသည့် ဥပဒေဘောင်ကို အားနည်းစေကြောင်း သူကမှတ်ချက်ပြုခဲ့သည်။

“မိမိတို့ရဲ့ နိုင်ငံရေးအနာဂတ်ကို ကိုယ်တိုင်ဆုံးဖြတ်ဖို့က ဗင်နီဇွဲလား ပြည်သူတွေရဲ့ ကိစ္စပဲ ဖြစ်ပါတယ်” ဟု မလေးရှားဝန်ကြီးချုပ်က ဆိုသည်။

“မလေးရှားနိုင်ငံအနေနဲ့ အပြည်ပြည်ဆိုင်ရာ ဥပဒေနဲ့ အချုပ်အခြာအာဏာကို လေးစားလိုက်နာခြင်းဟာ နိုင်ငံများအကြား ငြိမ်းချမ်းစွာ ဆက်ဆံရေးအတွက် အဓိကကျတယ်လို့ ယူဆပါတယ်။ အပြုသဘောဆောင်တဲ့ ထိတွေ့ဆက်ဆံမှု၊ တွေ့ဆုံဆွေးနွေးမှုနဲ့ တင်းမာမှုလျှော့ချခြင်းတွေဟာ အရပ်သားတွေကို အကာအကွယ်ပေးပြီး ဗင်နီဇွဲလားပြည်သူတွေရဲ့ တရားဝင် မျှော်မှန်းချက်တွေကို ထိခိုက်နစ်နာမှုမရှိဘဲ ဖော်ဆောင်နိုင်မယ့် အခိုင်မာဆုံး လမ်းစဉ်ဖြစ်ပါတယ်” ဟုလည်း သူက ဆက်လက်ပြောကြားခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မန်းရွှေစက်တော်ဘုရားနယ်မြေအနီးဝန်းကျင်မီးဘေးလုံခြုံရေးစစ်ဆေး

မကွေးတိုင်း၊ မင်းဘူးမြို့နယ်ရှိ မန်းရွှေစက်တော်ဘုရားနယ်မြေအနီးဝန်းကျင်အား ဘုရားပွဲတော်ကျင်းပနေစဥ် မီးဘေးလုံခြုံစေရေးအတွက် ရွှေစက်တော်နယ်မြေမီးသ-တ်စခန်းမှတပ်ဖွဲ့ဝင်များက မီးဘေးလုံခြုံရေးအတွက်စစ်ဆေးမှုများကို ယနေ့ ဇန်နဝါရီ ၅ ရက်နံနက်ပိုင်းကပြုလုပ်ခဲ့ကြကြောင်း သိရသည်။ မီးသ-တ်တပ်ဖွဲ့ဝင်များသည် မန်းရွှေစက်တော်ဘုရားနယ်မြေ၏ ဘုရားကျေးရွာရှိ နေအိမ်များတွင် ပေါ့ဆမှုကြောင့် မီးလေ-ာင်မှု၊ မီးလန့်မှုများမဖြစ်ပွားစေရေး၊ ကျေးရွာအတွင်း၌ ထင်းမီး၊ မီးသွေးမီးဖိုနှင့် လျှပ်စစ်မီးများအသုံးပြု၍ ဂရုတစိုက်ချက်ပြုတ်သုံးစွဲရေး၊ နေအိမ်များတွင် မီးချိတ်၊ မီးကတ်၊ သဲပုံနှင့် ရေပုံးများ အရန်သင့်ထားရှိရေးတို့ကို စစ်ဆေးခဲ့ကြကြောင်း သိရသည်။ ထို့ပြင် မီးဖိုချောင်အနီးတွင် မီးလေ-ာင်လွယ်သော လေ-ာင်စာများမထားရှိစေရေး၊ မီးသွေးနှင့် ထင်းမီးသုံးစွဲသူများ မြေစိုက်မီးဖိုကျင်းများတူ၍ လေကာထားရှိရေး၊ လျှပ်စစ်မီးလိုင်း၊...

လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ ကုန်ကျစရိတ် စာရင်းများကို သတ်မှတ်ရက်အတွင်းတင်သွင်းရန်ပျက် ကွက်ပါက အရည်အချင်းပျက်ယွင်းသူအဖြစ်ကြေညာမည်

လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ ကုန်ကျစရိတ် စာရင်းများကို သတ်မှတ်ရက်အတွင်းတင်သွင်းရန်ပျက် ကွက်ပါက အရည်အချင်းပျက်ယွင်းသူအဖြစ်ကြေညာမည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်UEC) ဥက္ကဋ္ဌ ဦးသန်းစိုးမှ ယနေ့ ဇန်နဝါရီ ၅ ရက်နံနက်ပိုင်းက UEC နှင့် နိုင်ငံရေးပါတီများတွေ့ဆုံပွဲတွင်ပြောကြားခဲ့ခြင်းဖြစ်သည်။ ရွေးကောက်ပွဲကုန်ကျစရိတ်အား တိုးမြှင့်ပြင်ဆင်သတ် မှတ်ပေးထားပြီးဖြစ်၍ လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ ကုန်ကျစရိတ်စာရင်းများကို သက်ဆိုင် ရာလွှတ်တော်ရွေးကောက်ပွဲနည်းဥပဒေ ၁၀၂ အတိုင်း သတ်မှတ်ရက်အတွင်း အချိန်မီတင်သွင်းရမည်ဖြစ်ပြီး တင်သွင်းရန်ပျက်ကွက်ပါက အရည်အချင်းပျက်ယွင်းသူအဖြစ်ကြေညာခံရမည်ဟု ပြောသည်။ UEC အနေဖြင့် မဲဆန္ဒရှင်စာရင်းများပြည့်စုံမှန်ကန်စေရေးအတွက် မဲစာရင်းကို သုံးကြိမ်တိုင်ကပ်ထား ကြေ ညာပေးခဲ့ပြီး မဲစာရင်းတွင်မပါဝင်ပါက တောင်းဆိုခြင်း၊ ပြင်ဆင်ခြင်း၊ ကန့်ကွက်ခြင်းများကို...

ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့၏ တိုင်းဒေသကြီးလွှတ်တော် (သို့) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အ ဖြစ် ရွေးကောက်တင်မြှောက်ခံရသူများတွင် USDP မှအများဆုံးပါဝင်

ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့၏ တိုင်းဒေသကြီးလွှတ်တော် (သို့) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အ ဖြစ် ရွေးကောက်တင်မြှောက်ခံရသူများတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (USDP) မှအများဆုံးပါဝင်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) ၏ ယနေ့ ဇန်နဝါရီ ၅ ရက်ကထုတ်ပြန်သည့် ကြေညာချက်အမှတ် (၈ /၂၀၂၆) အရ သိရသည်။ ရွေးကောက်ပွဲတွင် သက်ဆိုင်ရာ တိုင်းနှင့်ပြည်နယ်ကော်မရှင်အဖွဲ့ခွဲများက တိုင်းဒေသကြီးလွှတ်တော် (သို့) ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲဥပဒေပုဒ်မ ၄၉ ( ခ ) နှင့်အညီ ရွေးကောက်တင်မြှောက်ခံရသူများ၏ အမည်စာရင်းကိုထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။  ချင်းပြည်နယ် (မဲအများဆုံးရသူအနိုင်ယူစနစ်) တွင် USDP...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071