အနုပညာတင်ဆက်ဖျော်ဖြေမှုများတွင် မသန်စွမ်းသူများကို နှိမ့်ချလှောင်ပြောင်သရော်သည့်ပြကွက်များကို ရေးသားညွှန်ကြားသရုပ်ဆောင်မှုများကို မပြုလုပ်ဘဲ ရှောင်ကြည်ကြပါရန် မြန်မာနိုင်ငံရုပ်ရှင်အစည်းရုံးက ဖေဖော်ဝါရီ ၁၈ ရက်က အသိပေးထုတ်ပြန်ထားသည်။
အနုပညာတင်ဆက်ဖျော်ဖြေမှုအချို့တွင် မသန်စွမ်းသူများကို နှိမ့်ချလှောင်ပြောင်သည့် သဘောမျိုးဖြင့် တင်ဆက်ဖျော်ဖြေမှုများကို တွေ့ရှိနေရကြောင်းလည်း အသိပေးချက်တွင် ဖော်ပြထားသည်။
ရုပ်ရှင်ဆင်ဆာအဖွဲ့အနေဖြင့်လည်း မသန်စွမ်းသူများကို နှိမ့်ချလှောင်ပြောင်သရော်သည့် သရုပ်ဆောင်ကွက်များကို သရုပ်ပြသခြင်းမပြုရန် တားမြစ်ထားပြီးဖြစ်ကြောင်းလည်း သိရသည်။
ပြီးခဲ့သည့်ရက်ပိုင်းအတွင်း လူမှုကွန်ယက်စာမျက်နှာ၌ ပျံနှံနေသည့် ဇာတ်သဘင်အဖွဲ့၏ ကပြဖျော်ဖြေမှုတစ်ခုတွင် မသန်စွမ်းမှုကို သရော်ထားသည့်လုပ်ဆောင်ချက်များကြောင့် မသန်စွမ်းသူများ၏ စိတ်ပိုင်းဆိုင်ရာ နှင့် ဂုဏ်သိက္ခာကို များစွာ ထိခို-က်ခြင်းကြောင့် ရွှေမင်းသားဖောင်ဒေးရှင်း(မြန်မာ)က ပြင်းထန်စွာရှုတ်ချကြောင်းလည်း ယမန်နေ့က အသိပေးထုတ်ပြန်ထားသည်။
