လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန လူမှုဝန်ထမ်းဦးစီးဌာနအောက်ရှိ မသန်စွမ်းသက်ငယ်သင်တန်းကျောင်းများတွင် တက်ရောက်ရန် ကျောင်းသား၊ ကျောင်းသူများကို နိုင်ငံပိုင်သတင်းစာမှတဆင့် ခေါ်ယူထားသည်။
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန လူမှုဝန်ထမ်းဦးစီးဌာန မသန်စွမ်းသက်ငယ်သင်တန်းကျောင်း (ရန်ကုန်) နှင့် မသန်စွမ်းသက်ငယ်သင်တန်းကျောင်း (မန္တလေး) တို့တွင် ၂၀၂၅ -၂၀၂၆ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများတွင် တက်ရောက်နိုင်ခြင်း မရှိသောသူများသည် သတ်မှတ်ချက်များနှင့် ကိုက်ညီပါက လျှောက်ထားနိုင်ကြောင်း သိရသည်။
ယင်းတွင် လက်ခံနိုင်သည့် ကိုယ်အင်္ဂါနှင့် ဉာဏ်ရည်မသန် စွမ်းမှုအမျိုးအစားများ Down Syndrome၊ Autism၊ Attention Deficit Hyper Activity Disorder (ADHD)၊ Global Development Delay (GDD)၊ အခြားဉာဏ်ရည်မသန်စွမ်းမှုအမျိုးအစားများဖြစ်သည့် ခြေလက်မပြည့်စုံသူ (Amputee) သူငယ်နာအကြောတင်း (Cerebral Palsy)သူများဖြစ်ကြောင်း သိရသည်။
လျှောက်ထားသူသည် အသက် (၆) နှစ်မှ (၁၈) နှစ်အတွင်းရှိသူဖြစ်ရမည်ဖြစ်ပြီး အိမ်ထောင်မရှိဘူးသူ (လူပျို/အပျို) ၊ ကျား/မ၊ လူမျိုးနှင့် ကိုးကွယ်ရာဘာသာမရွေး လျှောက်ထားနိုင်သည်။
မိဘ (သို့မဟုတ်) အုပ်ထိန်းသူ ကိုယ်တိုင်ကျောင်းအပ်နှံပြီး ကျောင်းသား ကျောင်းသူများပါ တစ်ပါတည်း ခေါ်ဆောင်၍ အပ်နှံရမည်ဖြစ်ကာကျောင်းအပ်နှံရာတွင် လိုအပ်သည့်အချက်များမှာ ကလေး၏ ပတ်စ်ပို့ဓာတ်ပုံလေးပုံ၊ မွေးစာရင်း မူရင်းနှင့် မိတ္တူ၊ အိမ်ထောင်စုဇယား မူရင်းနှင့် မိတ္တူ၊ သတ်မှတ်ထားသော ရောဂါအမည် (Diagnosis) မိတ္တူကျန်းမာရေးနှင့် ပတ်သက်သော ဆေးမှတ်တမ်းများ ပါရှိရမည်ဖြစ် ကြောင်း သိရသည်။
ကျောင်းသား၊ ကျောင်းသူဟောင်းများအား မေလဆန်း တတိယပတ်တွင် ကျောင်းအပ်လက်ခံမည်ဖြစ်ပြီး ကျောင်းသား၊ ကျောင်းသူသစ်များအား မေလစတုတ္ထပတ်မှစ၍ ကျောင်းအပ် လက်ခံသွားမည်ဖြစ်ပြီး ရွေးချယ်ခံရသူသည် ဖွံ့ဖြိုးမှုနယ်ပယ် (၅)ရပ်အပြင် မိမိတို့၏ တစ်နေ့တာ လုပ်ဆောင်မှုများအား လေ့ကျင့်သင်ကြားရမည် ဖြစ်သည်။
လျှောက်ထားလိုသူများသည် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ မသန်စွမ်းသက်ငယ်သင်တန်းကျောင်း၊ အမှတ်-၆၅၊ ကျိုက်ဝိုင်း ဘုရားလမ်း၊ လူမှုဝန်ထမ်းအတတ်သင်သိပ္ပံဝင်း၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့သို့ လည်းကောင်း၊ မသန်စွမ်းသက်ငယ် သင်တန်းကျောင်း အမှတ် (၂၆) ဘီလမ်း၊ (၅၈) လမ်းနှင့် (၅၉) လမ်းကြား၊ မဟာဇေယျာဘုံရပ်ကွက်၊ အောင်မြေသာဇံ မြို့နယ်၊ မန္တလေးမြို့သို့လည်းကောင်း တို-က်ရို-က်ဖြစ်စေ၊ တိုင်းဒေသကြီး/ပြည်နယ်များရှိ လူမှုဝန်ထမ်း ရုံးများမှတစ်ဆင့်ဖြစ်စေ စုံစမ်းနိုင်ကြောင်း အသိပေးထားသ ည်။
အသေးစိတ်သိရှိလိုပါက လူမှုဝန်ထမ်းဦးစီးဌာန၊ မသန်စွမ်းသူများဖွံ့ဖြိုးတိုးတက်ရေးဌာနစု၊ ဖုန်း ၀၆၇-၄၀၄၂၅၂၊ မသန်စွမ်း သက်ငယ်သင်တန်းကျောင်း (ရန်ကုန်) ဖုန်း ၀၁-၉၆ ၆၁၄၄၂၊ ၀၉-၇၉၉၄၇၈၈၉၃၊ မသန်စွမ်းသက်ငယ်သင်တန်းကျောင်း (မန္တလေး) ဖုန်း ၀၂-၄၀၂၁၀၉၂၊ ၀၉-၄၀၀၄၀၇၅၄ ၂၊ ၀၉-၄၀၂၅၈၃၂၁၆ (ရုံးချိန်အတွင်း) ဆက်သွယ်စုံစမ်းနိုင်ကြောင်းလည်း သိရသည်။