Friday, December 12, 2025

လှေလှော်အားကစားနည်းကနေ မြန်မာအသင်း ငွေတံဆိပ် ဆု...

ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ် ကျင်းပနေသည့် SEA GAMES Canoeing  အမျိုးသားလေးယောက်လှော် (၂၀၀) မီတာ ပြိုင်ပွဲတွင် မြန်မာအသင်းက ငွေတံဆိပ် ဆု...

ဇမ္ဗူသီရိမြို့နယ်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်း Indoor Stadium...

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ရှိ ဇမ္ဗူသီရိမြို့နယ်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်း Indoor Stadium ၌ မီးငြှိမ်းသတ်ရေးဇာတ်တိုက်လေ့ကျင့်မှုပြုလုပ်ခဲ့ကြောင်း သိရသည်။ ယနေ့ (ဒီဇင်ဘာ ၁၂)ရက်က ပြုလုပ်ခဲ့ခြင်းဖြစ်ကာ မီးသတ်ဦးစီးဌာနအနေဖြင့်...

USDP ပါတီမှဦးဆောင်၍ အခြေခံလူတန်းစားများ စားဝတ်နေရေးဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်သွားမည်ကိုကတိသစ္စာပြုဟု...

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီ (USDP)မှဦးဆောင်၍ အခြေခံလူတန်းစားများ စားဝတ်နေရေးဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်သွားမည်ကို ကတိသစ္စာပြုသည်ဟု ဧရာဝတီတိုင်း၊ မဲဆန္ဒနယ်အမှတ်(၁)၊ USDP ပါတီ၏ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးမြင့်ကြိုင်က ပြောသည်။ ယနေ့...

မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း နည်းပြချုပ် ယုကီ...

မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းနည်းပြချုပ် Mr. Tesuro Uki သည် ယမန်နေ့က ဗီယက်နမ်အမျိုးသမီးအသင်းကို ရှုံးနိမ့်ခဲ့ပြီး အုပ်စုအဆင့်မှ မကျော်လွန်ခဲ့သည့်အတွက် ရာထူးမှ နှုတ်ထွက်ခဲ့ပြီ...
HomeNewsLocal Newsမသန်စွမ်းကလေ-းငယ်များကို တစ်လလျှင် (၄၂,၀၀၀)ကျပ်...

မသန်စွမ်းကလေ-းငယ်များကို တစ်လလျှင် (၄၂,၀၀၀)ကျပ် ထောက်ပံ့ပေးအပ်မည်

မြန်မာနိုင်ငံတစ်ဝန်းရှိ အသက် (၂) နှစ်မှ (၁၈) နှစ်အတွင်း မသန်စွမ်းကလေ-းငယ်များကို တစ်လလျှင် ငွေကျပ် (၄၂၀၀၀) နှုန်းထောက်ပံ့ပေးအပ်သွားမည်ဟု Unicef Myanmar က အသိပေးထုတ်ပြန်ထားသည်။

အဆိုပါ ထောက်ပံ့ကြေးအား နှစ်လတစ်ကြိမ် Wave Money မှတဆင့်အကျိုးခံစားခွင့်ရရှိသူထံ တိုက်ရိုက်ထောက်ပံ့ပေးမည်ဖြစ်ပြီး အတူနေမိသားစု၌ အများဆုံး (၃)ဦးအထိ ထောက်ပံ့သွားမည်ဖြစ်ကြောင်း သိရသည်။

ထောက်ပံ့မှု အစီစဉ်တွင် ပါဝင်သည့်သူများမှာ မသန်စွမ်းမှုပြင်းထန်နှင့် အလွန်ပြင်းထန်အဆင့်ရှိကြောင်း စိစစ်အတည်ပြုချက်ရရှိထားပြီးသော အသက် (၂) နှစ်မှ (၁၈) နှစ်အရွယ်ရှိ မသန်စွမ်းကလေ-းငယ်များသာ ရရှိမည်ဖြစ်ကြောင်း သိရသည်။

ထောက်ပံ့ငွေကို မသန်စွမ်းကလေ-းငယ်များအတွက် အစားအစာများဝယ်ယူခြင်း၊ နေထိုင်မကောင်းဖြစ်ပါက ဆေးခန်းပြခြင်း၊ တကိုယ်ရေသန့်ရှင်းရေးအတွက် အသုံးပြုခြင်း၊ မသန်စွမ်းအထောက်အကူပြုနည်းပညာ ပစ္စည်းများ ဝယ်ယူခြင်း၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ၊ ပညာရေးအစရှိသည့်နေရာများတွင် အသုံးပြုရမည်ဖြစ်ကြောင်း အသိပေးထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထောက်ပံ့ကြေးလျှောက်ထားလိုသူများအနေဖြင့် ထောက်ပံ့ကြေးအရေးပေါ်ဖုန်းနံပါတ်များဖြစ်သည့် ၀၉-၈၈၀၉၁၉၂ ၁၁၊ ၀၉-၈၈၀၉၁၉၂၁၂၊ ၀၉-၈၈၀၉၁၉၂၁၃ တို့ကို တနင်္လာမှ သောကြာနေ့အထိ နံနက် (၉) နာရီမှ နေ့လည် (၁၂) နာရီနှင့်နေ့လည် (၁) နာရီမှ ညနေ (၄) နာရီအတွင်း ဆက်သွယ်နိုင်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

လှေလှော်အားကစားနည်းကနေ မြန်မာအသင်း ငွေတံဆိပ် ဆု ထပ်မံရရှိ

ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ် ကျင်းပနေသည့် SEA GAMES Canoeing  အမျိုးသားလေးယောက်လှော် (၂၀၀) မီတာ ပြိုင်ပွဲတွင် မြန်မာအသင်းက ငွေတံဆိပ် ဆု ကို ထပ်မံဆွခူးနိုင်ခဲ့ကြောင်းသိရသည်။ SEA Games Thailand 2025 ၏ Canoeing ပြိုင်ပွဲများမှ ကျင်းပပြီးစီးခဲ့သော အမျိုးသားလေးယောက်လှော် ၂၀၀ မီတာ (Men's Canoe Four 200m - C4 200m) ပြိုင်ပွဲတွင် မြန်မာ့လက်ရွေးစင် အားကစားသမားများဖြစ်သည့် ကျော်ဇေယျ ၊မျိုးလှိုင်ဝင်း၊ ထွဋ်ခေါင်ဇော်နှင့် သန့်ဇင်ဦးတို့က...

ဇမ္ဗူသီရိမြို့နယ်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်း Indoor Stadium ၌ မီးငြှိမ်းသတ်ရေး ဇာတ်တိုက်လေ့ကျင့်မှုပြုလုပ်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ရှိ ဇမ္ဗူသီရိမြို့နယ်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်း Indoor Stadium ၌ မီးငြှိမ်းသတ်ရေးဇာတ်တိုက်လေ့ကျင့်မှုပြုလုပ်ခဲ့ကြောင်း သိရသည်။ ယနေ့ (ဒီဇင်ဘာ ၁၂)ရက်က ပြုလုပ်ခဲ့ခြင်းဖြစ်ကာ မီးသတ်ဦးစီးဌာနအနေဖြင့် ရည်မှန်းချက်တာဝန်(၄)ရပ်နှင့်အညီ မီးဘေးလုံခြုံရေး၊ သဘာဝဘေးအန္တရာယ်ကာကွယ်ရေး၊ ရှာဖွေကယ်ဆယ်ရေး၊ ပြည်သူ့အကျိုးပြုဆောင်ရွက်ရေး စသည့် ရည်မှန်းချက်များကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်ဟု မီးသတ်တပ်ဖွဲ့က ဆိုသည်။ ဇာတ်တိုက်လေ့ကျင့်မှုကို  နေပြည်တော်မီးသတ်ဦးစီးမှူးရုံးအပါအဝင် ခရိုင်၊ မြို့နယ်၊ နယ်မြေမီးသတ်စခန်းများမှ ပိုလန်နိုင်ငံထုတ် ခေတ်မီ မီးငြှိမ်းသတ်ယာဉ်များဖြစ်သည့် LUF 60 (၂)စီး၊ LUF Micro (၁)စီး၊ LUF Nano (၁)စီး၊...

USDP ပါတီမှဦးဆောင်၍ အခြေခံလူတန်းစားများ စားဝတ်နေရေးဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်သွားမည်ကိုကတိသစ္စာပြုဟု အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးမြင့်ကြိုင်ပြော

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီ (USDP)မှဦးဆောင်၍ အခြေခံလူတန်းစားများ စားဝတ်နေရေးဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်သွားမည်ကို ကတိသစ္စာပြုသည်ဟု ဧရာဝတီတိုင်း၊ မဲဆန္ဒနယ်အမှတ်(၁)၊ USDP ပါတီ၏ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးမြင့်ကြိုင်က ပြောသည်။ ယနေ့ ဒီဇင်ဘာ ၁၂ ရက်နံနက်ပိုင်းက ဧရာဝတီတိုင်း၊ လပွတ္တာမြို့နယ်မှ လွှတ်တော်ကိုယ်စားလှယ်လောင်းများ၊ ပါတီဝင်များ၊ ပါတီမိတ်ဆွေများ၊ မဲဆန္ဒရှင်များနှင့်တွေ့ဆုံစဥ် USDP ပါတီ၏ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးမြင့်ကြိုင်က ပြောကြားခဲ့ခြင်းဖြစ်သည်။ "အခြေခံလူတန်းစားတွေ စားဝတ်နေရေးဖွံ့ဖြိုးတိုးတက်အောင် USDP ပါတီကဦးဆောင်ပြီး ဆောင်ရွက်သွားမယ်လို့ကတိသစ္စာပြုပါတယ်"ဟု USDP ပါတီ၏ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်းဦးမြင့်ကြိုင်က ပြောသည်။ ထို့ပြင် မြန်မာနိုင်ငံတည်ငြိမ်အေးချမ်းပြီး တရားဥပဒေစိုးမိုးရန် နိုင်ငံတော်အစိုးရမှ အားကြိုးမာန်တက်ဆောင်ရွက်လျက်ရှိရာ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071