Sunday, June 22, 2025

ထိုင်းသံရုံးမှ ကြီးမှူးကာ မြန်မာနိုင်ငံရဲ့အကြီးဆုံးသော ထိုင်းသီချင်းဆိုပြိုင်ပွဲကြီးနှင့်...

ယနေ့ ဂျွန်လ ၂၁ ရက်တွင် ထိုင်းသံရုံးမှကြီးမှူးကာ မြန်မာနိုင်ငံရဲ့အကြီးဆုံးသော ထိုင်းသီချင်းဆိုပြိုင်ပွဲကြီး T-Pop Star Challenge Myanmar Season 2...

မှော်ဘီမြို့နယ်၌ ရွှေပြည်စိုက်ပျိုးမွေးမြူရေးဇုန်အကောင်အထည်ဖော်နေမှုကို နစက ဥက္ကဋ္ဌကြည့်ရှုစစ်ဆေး

ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်၌ မြန်မာစီးပွားရေးကော်ပိုရေးရှင်းမှဖော်ဆောင်နေသည့် ရွှေပြည်စိုက်ပျိုးမွေးမြူရေးဇုန် အကောင်အထည်ဖော်နေမှုကို နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ ဇွန် ၂၁ ရက်မွန်းလွဲပိုင်းက...

အမေရိကန်များရာနှင့်ချီ၍ အီရန်မှ ထွက်ခွာ  

  အစ္စရေးနှင့် ပဋိပက္ခအရှိန်မြင့်လာသောကြောင့် ရာနှင့်ချီသော အမေရိကန်နိုင်ငံသားများသည်အီရန်နိုင်ငံမှ ထွက်ခွာနေခဲ့ကြသည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာနတွင်း အစီရင်ခံစာတစ်ခုက ဆိုသည်။       စစ်ပွဲတွင် အမေရိက ဝင်ပါမည့်အခြေအနေကို သမ္မတ ဒေါ်နယ်ထရမ့်ပ်က ချိန်ဆနေသောကြောင့်...

အီရန်သည် နျူလက်နက်ပိုင်ဆိုင်လိုသည့် အထောက်အထားမရှိဟု အစ္စရေးကို...

        အီရန်နိုင်ငံသည် နျူကလီးယားလက်နက်များ ကိုထုတ်လုပ်ရန် ရည်ရွယ်နေသည့် အထောက်အထားမရှိဟု ရုရှားက အစ္စရေးကို ထပ်ခါတလဲလဲ ပြောကြားခဲ့ကြောင်း အင်တာဗျူးတစ်ခုတွင် ပူတင်က ပြောကြားခဲ့သည်ဟု စကိုင်းနူးစ်အာရေဗျက...
HomeNewsLocal Newsမလေးရှား နိုင်ငံခြားရေးဝန်ကြီး NUG...

မလေးရှား နိုင်ငံခြားရေးဝန်ကြီး NUG ၊ CRPH၊ NUCC အဖွဲ့များနှင့် တွေ့ဆုံခဲ့သည့်အပေါ် မြန်မာနိုင်ငံခြားရေး၀န်ကြီးကန့်ကွက်

မလေးရှား နိုင်ငံခြားရေးဝန်ကြီး NUG ၊ CRPH၊  NUCC အဖွဲ့များနှင့် တွေ့ဆုံခဲ့သည့်အပေါ်   မြန်မာနိုင်ငံခြားရေး၀န်ကြီးကန့်ကွက်

မလေးရှားနိုင်ငံခြားရေးဝန်ကြီးက NUG ၊ CRPH နှင့် NUCC စသည့် အဖွဲ့များနှင့် တွေ့ဆုံခဲ့သည့်ကိစ္စ အပေါ် မြန်မာနိုင်ငံအနေဖြင့် ကန့်ကွက်ကြောင်း နစက နိုင်ငံခြားရေးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်က ပြောသည်။

နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဦးဝဏ္ဏမောင်လွင်သည် စက်တင်ဘာလ ၂၁ ရက်တွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ ကမ္ဘောဒီးယား နိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့် အာဆီယံဥက္ကဋ္ဌ၏ အထူးကိုယ်စားလှယ်ရုံးအဖွဲ့ခေါင်းဆောင် H.E. Dr. KUNG Phoak ဦးဆောင်သည့် ကမ္ဘောဒီးယား ကိုယ်စားလှယ်အဖွဲ့အားလက်ခံတွေ့ဆုံပြီး မြန်မာနိုင်ငံအနေဖြင့် အာဆီယံတူညီဆန္ဒ (၅) ချက်ကို အကောင်အထည်ဖော် ဆောင်ရွက်နေမှုများကို ဆွေးနွေးခဲ့ရာတွင် ထည့်သွင်း ပြောကြားခဲ့ခြင်းလည်းဖြစ်သည်။

တွေ့ဆုံဆွေးနွေးပွဲ၌  မြန်မာနိုင်ငံအနေဖြင့်

အာဆီယံတူညီဆန္ဒ (၅)ချက်ကို အကောင်အထည်ဖော် ဆောင်ရွက်နေမှုအပါအဝင် တိုးတက်မှုများရရှိရန် အာဆီယံအလှည့်ကျဥက္ကဋ္ဌ၊ အာဆီယံဥက္ကဋ္ဌ၏ အထူးကိုယ်စားလှယ်နှင့် အာဆီယံအတွင်းရေးမှူးချုပ်တို့နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည့်ကိစ္စများကို  ဆွေးနွေးခဲ့ကြပြီး အာဆီယံ၏တူညီဆန္ဒ (၅) ချက်ကို အကောင်အထည်ဖော် ဆောင်ရွက်နေခြင်းနှင့်ပတ်သက်၍ ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအပေါ် အမြင်ချင်းဖလှယ်ခဲ့ ကြသည်။ 

မြန်မာနိုင်ငံအနေဖြင့် မိမိတို့၏ အမျိုးသားအကျိုးစီးပွား၊ ပြည်တွင်းဖြစ်ပေါ်တိုးတက်မှုများ၊ တည်ဆဲဥပဒေများနှင့် လုပ်ထုံးလုပ်နည်းများအပေါ် အခြေခံလျက် အာဆီယံနှင့် ဆက်လက် ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ၂၀၂၂ ခုနှစ် အာဆီယံအလှည့်ကျဥက္ကဋ္ဌအဖြစ် ကမ္ဘောဒီးယားနိုင်ငံမှ တာဝန်ယူဆောင်ရွက်နေသည့်ကိစ္စများကို ဆက်လက် ထောက်ခံအားပေးသွားမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးကဆိုသည်။

မလေးရှားနိုင်ငံခြားရေးဝန်ကြီးသည် စက်တင်ဘာ ၁၉ ရက်တွင် NUG ၊ CRPH နှင့် NUCC ဟုခေါ်ဆိုသည့် အဖွဲ့များနှင့် နယူးယောက်မြို့တွင် တွေ့ဆုံခဲ့သည့်ကိစ္စအပေါ်   မြန်မာနိုင်ငံအနေဖြင့် ကန့်ကွက်ကြောင်း၊ အာဆီယံ၏ ပဋိညာဉ်၊ စည်းမျဉ်းများနှင့် ဆန့်ကျင်နေသည့် ဆောင်ရွက်မှုမျိုးနှင့် ဆွေးနွေးမှုမျိုးကို အာဆီယံအသိုက် အဝန်းအတွင်းသို့ ယူဆောင်လာခြင်း မပြုရန်အတွက်လည်း အာဆီယံအလှည့်ကျဥက္ကဋ္ဌ ကမ္ဘောဒီးယားနိုင်ငံ အနေဖြင့် တိုက်တွန်းတားမြစ်ဆောင်ရွက်ပေးပါရန် ပြည်ထောင်စုဝန်ကြီးက အသိပေးပြောကြားခဲ့သည်ဟု သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ထိုင်းသံရုံးမှ ကြီးမှူးကာ မြန်မာနိုင်ငံရဲ့အကြီးဆုံးသော ထိုင်းသီချင်းဆိုပြိုင်ပွဲကြီးနှင့် ထိုင်းရိုးရာအစားအစာနှင့်ပစ္စည်းများရောင်းချသည့် ပွဲတော် ပြုလုပ်

ယနေ့ ဂျွန်လ ၂၁ ရက်တွင် ထိုင်းသံရုံးမှကြီးမှူးကာ မြန်မာနိုင်ငံရဲ့အကြီးဆုံးသော ထိုင်းသီချင်းဆိုပြိုင်ပွဲကြီး T-Pop Star Challenge Myanmar Season 2 ၏ Semi Final နှင့် ထိုင်းရိုးရာအစားအစာနှင့် ထိုင်းရိုးရာပစ္စည်းများ ခင်းကျင်းပြသရောင်းချခြင်းတို့ကို ရန်ကုန်မြို့ရှိ Novotel Yangon Max Hotel တွင် ကျင်းပခဲ့သည်။ အဆိုပါ အခမ်းအနားသို့ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံအမတ်ကြီး H.E Mr. Mongkol Visitstump နှင့် ဖိတ်ကြားထားသော ထိုင်းနိုင်ငံမှ နာမည်ကြီး အနုပညာရှင်များဖြစ်သည့်...

မှော်ဘီမြို့နယ်၌ ရွှေပြည်စိုက်ပျိုးမွေးမြူရေးဇုန်အကောင်အထည်ဖော်နေမှုကို နစက ဥက္ကဋ္ဌကြည့်ရှုစစ်ဆေး

ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်၌ မြန်မာစီးပွားရေးကော်ပိုရေးရှင်းမှဖော်ဆောင်နေသည့် ရွှေပြည်စိုက်ပျိုးမွေးမြူရေးဇုန် အကောင်အထည်ဖော်နေမှုကို နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ ဇွန် ၂၁ ရက်မွန်းလွဲပိုင်းက ကြည့်ရှုစစ်ဆေးခဲ့သည်။ ဇုန်အတွင်း၌ စိုက်ပျိုးမွေးမြူရေးဇုန်အကောင်အထည်ဖော်ဆောင်ရွက်နေမှု၊ ဥစားကြက်မွေးမြူရေးဆောင်ရွက်ထားရှိမှုနှင့် ဆက်လက်တိုးချဲ့မွေးမြူနိုင်ရေးဆောင်ရွက်လျက်ရှိမှု၊ အသားတိုးဝက်မွေးမြူထားရှိမှုနှင့် ဝက်သားပေါက်ထုတ်လုပ်ရေး ဆောင်ရွက်လျက်ရှိမှု၊ အစေ့ထုတ်ပြောင်းစပ်မျိုးစိုက်ပျိုးထုတ်လုပ်ဆောင်ရွက်လျက်ရှိမှု၊ တိရစ္ဆာန်အစာစပ် စက်ရုံတည်ဆောက်နေမှုနှင့် အထွက်တိုးပြောင်းမျိုး စေ့ဆောင်ရွက်လျက်ရှိမှုတို့ကို နစက ဥက္ကဋ္ဌအား ရွှေပြည်စိုက်ပျိုးမွေးမြူရေးဇုန်တာဝန်ခံက ရှင်းလင်းတင်ပြခဲ့သည်။ ထို့နောက် နစက ဥက္ကဋ္ဌမှ စိုက်ပျိုးမွေးမြူရေးဇုန်မှ ထွက်ရှိသည့် အသား၊ ငါး၊ ဥအမျိုးမျိုးနှင့် ဟင်းသီး ဟင်းရွက်များကို ဈေးကွက်အတွင်းသို့လတ်ဆက်စွာဖြင့်...

အမေရိကန်များရာနှင့်ချီ၍ အီရန်မှ ထွက်ခွာ  

  အစ္စရေးနှင့် ပဋိပက္ခအရှိန်မြင့်လာသောကြောင့် ရာနှင့်ချီသော အမေရိကန်နိုင်ငံသားများသည်အီရန်နိုင်ငံမှ ထွက်ခွာနေခဲ့ကြသည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာနတွင်း အစီရင်ခံစာတစ်ခုက ဆိုသည်။       စစ်ပွဲတွင် အမေရိက ဝင်ပါမည့်အခြေအနေကို သမ္မတ ဒေါ်နယ်ထရမ့်ပ်က ချိန်ဆနေသောကြောင့် အီရန်ရှိ အမေရိကန်နိုင်ငံသားများ သည်အန္တရာယ်ရှိနေသည်ဟု သောကြာနေ့က အခြေအနေအစီရင်ခံစာ အသေးစိတ်တွင် ဖော်ပြခဲ့သည်။        အီရန်တွင်ရှိနေသည့် အမေရိကန်နိုင်ငံသား အရေအတွက်အတိအကျကို မသိရဘဲ နိုင်ငံခြားရေးဌာနအနေဖြင့် ပြည်ပရောက် အမေရိကန်နိုင်ငံသားများကို မှတ်ပုံတင်ရန် မလိုအပ်ပေ။          အမေရိကသည် အစ္စရေးရှိ သိန်းနှင့် ချီသော အမေရိကန်နိုင်ငံသားများကို နိုင်ငံမှ ပြန်ခေါ်ထုတ်ရန် သယ်ယူပို့ဆောင်ရေးဆိုင်ရာ အစီအစဉ်များကိုလုပ်ဆောင်နေသကဲ့သို့ အီရန်ရောက် နိုင်ငံသားများအတွက်မူ ယင်းအစီအစဉ်များကို...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071