Saturday, June 7, 2025

ပြည်တွင်း မြေဩဇာတင်သွင်းထုတ်လုပ်ခွင့် မှတ်ပုံတင် (၇,၆၀၀)...

မြေဩဇာကော်မတီက ပြည်တွင်းမြေဩဇာတင်သွင်းခွင့်နှင့် ထုတ်လုပ်ခွင့် လုပ်ငန်းလုပ်လိုသူပေါင်း (၇,၆၀၀) ကျော်ကို လုပ်ငန်းမှတ်ပုံတင်ထုတ်ပေးထားပြီး လုပ်ကိုင်ခွင့်ပြုထားကြောင်း သိရသည်။ ထပ်မံလျှောက်ထားလိုသူများကိုလည်း စိစစ်၍လုပ်ငန်းမှတ်ပုံတင်ခွင့် ပြုထုတ်ပေးလျက်ရှိကြောင်းလည်း သိရသည်။ မြေဩဇာများ တင်သွင်းခွင့်၊...

မြန်မာ့စီးပွားရေး လုပ်ငန်းရှင်များ အာဆီယံဗီဇာ လျှောက်ထားနိုင်ကြောင်း...

မြန်မာနိုင်ငံမှ စီးပွါးရေးလုပ်ငန်းရှင်များအနေဖြင့် ဗီဇာသက်တမ်း (၅)နှစ်ရှိသည့် အာဆီယံဗီဇာ လျှောက်ထားနိုင်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ထုတ်ပြန်ထားသည်။ အဆိုပါ အာဆီယံဗီဇာကို မိမိကိုယ်တိုင်သာမက မိမိ၏ အိမ်ထောင်ဖက်၊...

ပြည်တွင်း၌ စားသုံးသည့် ရွှေ‌ဘိုပေါ်ဆန်း ရည်ညွှန်းဈေး...

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန စားသုံးသူရေးရာဦးစီးဌာနမှ လစဉ်သင့်တင့်မျှတသည့် ရည်ညွှန်းဈေးနှုန်းများကို သတ်မှတ်ထုတ်ပြန်လျက်ရှိရာ ယခုဇွန်လတွင် ပြည်တွင်းစားဆန် ရွှေ‌ဘိုပေါ်ဆန်း ရည်ညွှန်းဈေးအနည်းငယ်မြင့်တက်လာကြောင်း ထုတ်ပြန်ထားသည့် ရည်ညွှန်းဈေးအရ...

အာမခံအလုပ်သမားဝန်ထမ်းများကို ရွေ့လျားဆေးကုသယာဉ်ဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးနေ

လူမှုဖူလုံရေးအဖွဲ့တွင်အကျုံးဝင်မှတ်ပုံတင်ထားသည့် အာမခံအလုပ်သမားဝန်ထမ်းများကို ရွေ့လျားဆေးကုသယာဉ်ဖြင့် ကျန်းမာရေးစောင့်ရှောက်မှု များပေးလျက်ရှိကြောင်း သိရသည်။ ထိုသို့ ဆောင်ရွက်ပေးရာတွင် အလုပ်သမားဝန်ကြီးဌာန လူမှုဖူလုံရေးအဖွဲ့နှင့် "ဘေးမခ"အထွေထွေရောဂါကုဆေးခန်းရှိရောဂါရှာဖွေရေး ဓါတ်ခွဲဌာနတို့ပူးပေါင်း၍ ပြည်ထောင်စုနယ်မြေအတွင်းရှိ အကျုံးဝင်...
HomeNewsမလေးရှားနိုင်ငံ MRR 2...

မလေးရှားနိုင်ငံ MRR 2 အဝေးပြေးလမ်းမကြီးပေါ်ရှိ တံတားပေါ်မှခုန်ချခဲ့သည့် မြန်မာနိုင်ငံသား ချင်းမိသားစု ၃ ဦးသေဆုံးကာ ၃ နှစ်ကလေးငယ်ဒဏ်ရာရခဲ့

မလေးရှားနိုင်ငံ MRR 2 အဝေးပြေးလမ်းမကြီးပေါ်ရှိ တံတားပေါ်မှခုန်ချခဲ့သည့် မြန်မာနိုင်ငံသား ချင်းမိသားစု ၃ ဦးသေဆုံးကာ ၃ နှစ်ကလေးငယ်ဒဏ်ရာရခဲ့

မလေးရှားနိုင်ငံရှိ တံတားပေါ်မှခုန်ချခဲ့သည့် မြန်မာနိုင်ငံသား ချင်းလူမျိုးမိသားစုဝင် ၄ ဦးအနက် ၃ ဦးသေဆုံးခဲ့ကာ အသက် ၃ နှစ်အရွယ်ကလေးငယ် ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း မြန်မာလူမှုကူညီရေးအသင်း(မလေးရှား)မှသိရသည်။

အဆိုပါ ချင်းလူမျိုးမိသားစုဝင် ၄ ဦးသည် သြဂုတ် ၂ ရက်နံနက်ပိုင်းက MRR2 အဝေးပြေးလမ်း မကြီးပေါ်မှ အမြင့်ပေ ၂၀ ခန့်ရှိသည့် တံတားပေါ်မှခုန်ချ၍ သေကြောင်းကြံစည်ခဲ့ကြခြင်းဖြစ် ကြောင်း သိရသည်။

ချင်းလူမျိုး ဖခင်ဖြစ်သည့် Cholei(၃၈)နှစ်သည် ကလေးငယ် ၂ ဦးအား တံတားပေါ်မှဦးစွာပစ်ချခဲ့ပြီးနောက် အခြားကလေးငယ် ၁ ဦးနှင့်အတူ ၎င်းပါထပ်မံ၍ ခုန်ချသွားခဲ့ခြင်းဖြစ်သည်။

ထို့သို့ ခုန်ချခဲ့မှုကြောင့် ဖခင်ဖြစ်သည့် Cholei (၃၈)နှစ်၊ သမီးဖြစ်သူ Vadetisoh(၈)နှစ်နှင့်သားဖြစ်သူ Vabiechose(၆)နှစ်တို့မှာ အခင်းဖြစ်နေ ရာ၌ သေဆုံးသွားခဲ့ပြီး သားဖြစ်သူ Shadrah Vabiechopha(၃)နှစ်မှာမူ သေဆုံးခြင်းမရှိခဲ့ဘဲ ထိ ခိုက်ဒဏ်ရာများရရှိခဲ့သဖြင့် Selayang ဆေးရုံတွင်ဆေးကုသမှုခံယူနေရကြောင်း သိရသည်။

အလားတူ သေဆုံးသွားသူများ၏ ရုပ်အလောင်းများကိုလည်း ကွာလာလမ်ပူဆေးရုံ၏ မှုခင်းဆေး ကုသရေးဌာနသို့ ပို့ဆောင်ထားကြောင်း သိရသည်။

ဖြစ်စဥ်အား မလေးရှားနိုင်ငံရဲတပ်ဖွဲ့မှ အမှုဖွင့်၍ စုံစမ်းစစ်ဆေးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ပြည်တွင်း မြေဩဇာတင်သွင်းထုတ်လုပ်ခွင့် မှတ်ပုံတင် (၇,၆၀၀) ကျော် ခွင့်ပြုထား

မြေဩဇာကော်မတီက ပြည်တွင်းမြေဩဇာတင်သွင်းခွင့်နှင့် ထုတ်လုပ်ခွင့် လုပ်ငန်းလုပ်လိုသူပေါင်း (၇,၆၀၀) ကျော်ကို လုပ်ငန်းမှတ်ပုံတင်ထုတ်ပေးထားပြီး လုပ်ကိုင်ခွင့်ပြုထားကြောင်း သိရသည်။ ထပ်မံလျှောက်ထားလိုသူများကိုလည်း စိစစ်၍လုပ်ငန်းမှတ်ပုံတင်ခွင့် ပြုထုတ်ပေးလျက်ရှိကြောင်းလည်း သိရသည်။ မြေဩဇာများ တင်သွင်းခွင့်၊ ထုတ်လုပ်ခွင့်နှင့်တင်ပို့ခွင့်များကို လျှောက်ထားသူသည် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်တွင် မှတ်ပုံတင်ထားသည့် ကုမ္ပဏီ/လုပ်ငန်းဖြစ်ရမည်ဖြစ်ပြီး လျှောက်ထား သူ၏ မှတ်ပုံတင်မိတ္တူ၊ ပြည်ပကုမ္ပဏီ၏ စံချိန်းညွှန်းပြည့်မီကြောင်း ကတိဝန်ခံချက်၊ မြေဩဇာနမူနာနှင့် မြေဩဇာအိတ်ခွံ နမူနာစသဖြင့် လိုအပ်ကြောင်း သိရသည်။ ထို့ပြင် မြေဩဇာတင်သွင်းခွင့် မှတ်ပုံတင်လက်မှတ်ရရှိပြီးသူများသည် ပြည်တွင်း၌ တင်သွင်းဖြန့်ဖြူးမည်ဆိုပါက ကုန်သွယ်ရေးဦးစီးဌာန မြေဩဇာစစ်ဆေးရေးအဖွဲ့က ထောက်ခံစာများကို ထုတ်ပေးလျက်ရှိကြောင်း သိရသည်။ လက်ရှိတွင်...

မြန်မာ့စီးပွားရေး လုပ်ငန်းရှင်များ အာဆီယံဗီဇာ လျှောက်ထားနိုင်ကြောင်း တရုတ်သံရုံး ထုတ်ပြန်

မြန်မာနိုင်ငံမှ စီးပွါးရေးလုပ်ငန်းရှင်များအနေဖြင့် ဗီဇာသက်တမ်း (၅)နှစ်ရှိသည့် အာဆီယံဗီဇာ လျှောက်ထားနိုင်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ထုတ်ပြန်ထားသည်။ အဆိုပါ အာဆီယံဗီဇာကို မိမိကိုယ်တိုင်သာမက မိမိ၏ အိမ်ထောင်ဖက်၊ သားသမီးများလည်း လျှောက်ထားနိုင်သည်ဟု ဆိုသည်။ အာဆီယံဗီဇာသည် အကြိမ်များစွာ ဝင်ထွက်သွားလာနိုင်သည့် (Multiple Entry) နှင့် အရှည်ဆုံး ဗီဇာသက်တမ်း (၅) နှစ်ထိ၊ အရှည်ဆုံး နေထိုင်ခွင့်ကာလ ရက် (၁၈၀) ရှိသည်။ ဗီဇာလျှောက်ထားမှုများကို လာမည့် ဇွန် (၉) ရက်ကစပြီး စိစစ်ခွင့်ပြုသွားမည်ဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။ အာဆီယံဗီဇာလျှောက်ထားလိုသူများသည် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး...

ပြည်တွင်း၌ စားသုံးသည့် ရွှေ‌ဘိုပေါ်ဆန်း ရည်ညွှန်းဈေး အနည်းငယ်မြင့်တက်လာ

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန စားသုံးသူရေးရာဦးစီးဌာနမှ လစဉ်သင့်တင့်မျှတသည့် ရည်ညွှန်းဈေးနှုန်းများကို သတ်မှတ်ထုတ်ပြန်လျက်ရှိရာ ယခုဇွန်လတွင် ပြည်တွင်းစားဆန် ရွှေ‌ဘိုပေါ်ဆန်း ရည်ညွှန်းဈေးအနည်းငယ်မြင့်တက်လာကြောင်း ထုတ်ပြန်ထားသည့် ရည်ညွှန်းဈေးအရ သိရသည်။ သတ်မှတ်ရည်ညွှန်းဈေးနှုန်းများမှာ ရွှေဘိုပေါ်ဆန်း ပထမတန်း (အဟောင်း) (၂၄) ပြည် ဆန်တအိတ်လျှင် ကျပ် (၁၅၅,၀၀၀)၊ ရွှေဘိုပေါ်ဆန်း ပထမတန်း (အသစ်) (၂၄) ပြည် ဆန်တအိတ်လျှင်ရည်ညွှန်းဈေး ကျပ် (၁၄၀,၀၀၀)၊ ရွှေဘိုပေါ်ဆန်း ဒုတိယတန်း (အဟောင်း)(၂၄) ပြည် ဆန်တအိတ်လျှင် ရည်ညွှန်းဈေး ကျပ် (၁၅၀,၀၀၀) နှင့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071