Sunday, June 28, 2026

နိုင်ငံတော်အစိုးရအနေဖြင့် MSME လုပ်ငန်းများ ကမ္ဘာ့ဈေးကွက်အထိထိုးဖောက်ယှဉ်ပြိုင်နိုင်စွမ်းရှိလာရန်...

နိုင်ငံတော်အစိုးရအနေဖြင့် MSME လုပ်ငန်းများ ကမ္ဘာ့ဈေးကွက်အထိထိုးဖောက်ယှဉ်ပြိုင်နိုင်စွမ်းရှိလာရန် အ စွမ်းကုန်ဆက်လက်ပံ့ပိုးကူညီပေးသွားမည်ဟု နိုင်ငံ တော်သမ္မတ ဦးမင်းအောင်လှိုင်က ပြောကြားသည်။ ယနေ့ ဇွန် ၂၇ ရက်နံနက်ပိုင်းက...

သက်ကြီးဂီတပညာရှင်(၁၅၈)ဦးကို ပူဇော်ကန်တော့ နိုင်ငံတော်သမ္မတနှင့် ဇနီး၊...

မြန်မာနိုင်ငံဂီတအစည်းအရုံး(ဗဟို)၏ (၁၆)ကြိမ်မြောက် သက်ကြီးဂီတပညာရှင်ကြီးများအား ပူဇော်ကန် တော့ပွဲကို ယနေ့ ဇွန် ၂၇ ရက်က ရန်ကုန်မြို့၌ကျင်းပခဲ့ကြောင်း သိရသည်။ အဆိုပါ ပူဇော်ကန်တော့ပွဲသို့ နိုင်ငံတော်သမ္မတ...

MSME လုပ်ငန်းရှင်များ ဒစ်ဂျစ်တယ်နည်းပညာအသုံးပြုကြရန် နိုင်ငံတော်သမ္မတ...

MSME လုပ်ငန်းရှင်များ ဒစ်ဂျစ်တယ်နည်းပညာအသုံးပြုကြရန် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ယနေ့ ဇွန် ၂၇ ရက်နံနက်ပိုင်းတွင် နေပြည်တော်ရှိ MICC-1 ၌ကျင်းပသည့် ကမ္ဘာ့အသေးစား၊...

MSME လုပ်ငန်းရှင်များ ဒစ်ဂျစ်တယ်နည်းပညာအသုံးပြုကြရန် နိုင်ငံတော်သမ္မတ...

MSME လုပ်ငန်းရှင်များ ဒစ်ဂျစ်တယ်နည်းပညာအသုံးပြုကြရန် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ယနေ့ ဇွန် ၂၇ ရက်နံနက်ပိုင်းတွင် နေပြည်တော်ရှိ MICC-1 ၌ကျင်းပသည့် ကမ္ဘာ့အသေးစား၊...
HomeNewsLocal Newsမလေးရှားနိုင်ငံသို့ ပို့ဆောင်မည် မူးယစ်ဆေးဝါးများ...

မလေးရှားနိုင်ငံသို့ ပို့ဆောင်မည် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

ဒေသခံပြည်သူများ၏ သတင်းပေးပို့ချက်အရ စက်တင်ဘာ(၅)ရက်က ရန်ကုန်တိုင်း ၊ ရွှေပြည်သာမြို့နယ် (၂၅)ရပ်ကွက် က ဂိုဒေါင်တစ်ခုတွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

အဆိုပါ ဂိုဒေါင်မှ ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နေ AA အဖွဲ့မှ ထောက်ပံ့ရေး ဒုတိယတာဝန်ခံအဆင့်ရှိ မူးယစ်ဆေးဝါးတရားခံ ထွန်းထွန်းနိုင် နှင့် AA အဖွဲ့မှထောက်ပံ့ရေးအဖွဲ့ဝင် အေးသန်းထွန်းတို့အပါအဝင် မူးယစ်ဆေးဝါးတရားခံများဖြစ်သည့် အားလျံ(ခ)ဝမ်ရှင်းလျံ၊ ထွန်းထွန်းနိုင်(ခ)အယ်လ်တီ၊ အေးမြင့်နှင့်လင်းမင်းထက်တို့ (၆)ဦးအား ICE (၁၈ ၄၀) ကီလိုဂရမ်၊ စိတ်ကြွရူးသွပ်ဆေးပြား သိန်း (၄၀)၊ ဘိန်းဖြူအမှုန့် (၁၄) ကီလိုဂရမ်၊ Mitsubishi Canter (အဖြူရောင်) ယာဉ်တစ်စီးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်များအရ နောက်ဆက်တွဲတရားခံများ နှင့်မူးယစ်ဆေးဝါးများကို ဖမ်းဆီးရမိခဲ့ပြီး မြောက်ဥက္ကလာပမြို့နယ်၊ ရွှေပေါက္ကံမြို့သစ်၊ အမှတ် (၂၂) ရပ်ကွက်၊ မြို့ပတ်လမ်းရှိ ခြံဝင်းအတွင်း၌ တရားခံဇော်ဦး (ခ)ရာဂျူးနှင့် ရဲလင်းအောင်(ခ)ဂျိုးဇက်တို့အား ICE ၁၅၀၀ ကီလိုဂရမ်၊ Mark II (ခဲရောင်)ယာဉ်တစ်စီး၊ I-Zone Express (ခဲရောင်)ယာဉ်တစ်စီးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ထို့အတူ ရွှေပြည်သာမြို့နယ်၊ အမှတ်(၃)ရပ်ကွက်၊ အမှတ် (၄) လမ်းမကြီးပေါ်ရှိ Denko ဆီဆိုင်အနီးတွင် တရားခံအောင်ခိုင်မိုးနှင့် ရဲကိုခိုင်တို့ နှစ်ဦးအား Toyoace (အပြာရောင်) ယာဉ်ပေါ်တွင် တင်ဆောင်ထားသည့် ICE (၁၁၀၀) ကီလိုဂရမ်၊ ကတ်တမင်း (၁၁၀၀) ကီလိုဂရမ်တို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

ထို့ပြင် မူးယစ်ဆေးဝါးများ သယ်ဆောင်ရာတွင် ရှေ့ပြေးအဖြစ်လိုက်ပါလာသည့် AA အဖွဲ့ထောက်ပံ့ရေးအဖွဲ့ဝင် ဝင်းနိုင်ဆန်း၊ ရေကြောင်းမှ သယ်ဆောင်နိုင်ရန် စက်လှေရှာဖွေပေးမည့်သူ တရားခံဇော်မျိုး၊ မောင်မောင်စိုးတို့အား Toyota Probox(အဖြူရောင်) ယာဉ်တစ်စီးနှင့် အတူ ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

စက်တင်ဘာ (၇) ရက် ညနေပိုင်းတွင် မူးယစ်ဆေးဝါးများကို မလေးရှားနိုင်ငံသို့ပို့ဆောင်ရာတွင် စက်လှေရှာဖွေပေးသူ မျိုးမင်းထိုက်(ခ) နိုအာလမ်အား ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်၊ အမှတ်(၁၀)မြောက် ရပ်ကွက်တွင်လည်းကောင်း၊ မူးယစ်ဆေးဝါးတင်ဆောင်မည့် စက်လှေများအား စောင့်ကြည့်ပေးသည့် စိုးမင်းအောင်နှင့် မင်းတင်ထက်တို့အား ရန်ကုန်တိုင်းဒေသကြီး၊ ပန်းဘဲတန်းမြို့နယ်၊ ဗိုလ်ချုပ်လမ်းရှိ CENTRAL ဟိုတယ်၊ အခန်းအမှတ်(၄၁၀)တွင်လည်းကောင်း အသီးသီးထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ထို့ကြောင့် ဖြစ်စဉ်တွင် မူးယစ်ဆေးဝါးတရားခံ (၁၆) ဦးတို့အား ICE (၄၄၄၀) ကီလိုဂရမ်၊ ကတ်တမင်း (၁၁၀၀) ကီလို ဂရမ်၊ စိတ်ကြွရူးသွပ်ဆေးပြား သိန်း (၄၀)၊ ဘိန်းဖြူအမှုန့် (၁၄) ကီလိုဂရမ် (မူးယစ် ဆေးဝါးကာလတန်ဖိုးငွေကျပ် ၁၇ ၀ ဒသမ ၄၉ ဘီလီယံခန့်)နှင့် မော်တော်ယာဉ်(၅)စီးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မူးယစ်ဆေးဝါးသယ်ဆောင်သည့် သတင်းများရရှိပါက သက်ဆိုင်ရာသို့ လျှို့ဝှက်စွာ သတင်းပေးတိုင်ကြားနိုင်ပါကြောင်း၊ သတင်းပေးသူနှင့် ပူးပေါင်းပါဝင်ဖမ်းဆီးပေးသူများအား ထိုက်တန်စွာ လျှို့ဝှက်၍ ဆုငွေများချီးမြှင့်ပေးမည်ဖြစ်ကြောင်းလည်း အသိပေးထားသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

နိုင်ငံတော်အစိုးရအနေဖြင့် MSME လုပ်ငန်းများ ကမ္ဘာ့ဈေးကွက်အထိထိုးဖောက်ယှဉ်ပြိုင်နိုင်စွမ်းရှိလာရန် အ စွမ်းကုန်ဆက်လက်ပံ့ပိုးကူညီပေးသွားမည်ဟု နိုင်ငံ တော်သမ္မတပြော

နိုင်ငံတော်အစိုးရအနေဖြင့် MSME လုပ်ငန်းများ ကမ္ဘာ့ဈေးကွက်အထိထိုးဖောက်ယှဉ်ပြိုင်နိုင်စွမ်းရှိလာရန် အ စွမ်းကုန်ဆက်လက်ပံ့ပိုးကူညီပေးသွားမည်ဟု နိုင်ငံ တော်သမ္မတ ဦးမင်းအောင်လှိုင်က ပြောကြားသည်။ ယနေ့ ဇွန် ၂၇ ရက်နံနက်ပိုင်းက နေပြည်တော်ရှိ MICC-1 ၌ အသေးစား၊ အငယ်စားနှင့် အလတ်စား စီး ပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မ တီကကြီးမှူးကျင်းပသည့် ကမ္ဘာ့အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများနေ့အထိမ်းအ မှတ်အခမ်းအနားတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ မြန်မာနိုင်ငံ၏ MSME လုပ်ငန်းများသည် စိန်ခေါ်မှုများစွာရှိနေရာ ယင်း စိန်ခေါ်မှုများကိုကျော်လွှားနိုင်ရန် နိုင်ငံ တော်နှင့် ပုဂ္ဂလိကတို့ပူးပေါင်းပြီး စုပေါင်းလုပ်ဆောင်သည့် စနစ်၊ စိတ်တူသဘောတူများ...

သက်ကြီးဂီတပညာရှင်(၁၅၈)ဦးကို ပူဇော်ကန်တော့ နိုင်ငံတော်သမ္မတနှင့် ဇနီး၊ မိသားစုက အလှူငွေကျပ်သိန်း(၁၀၀)လှူဒါန်း

မြန်မာနိုင်ငံဂီတအစည်းအရုံး(ဗဟို)၏ (၁၆)ကြိမ်မြောက် သက်ကြီးဂီတပညာရှင်ကြီးများအား ပူဇော်ကန် တော့ပွဲကို ယနေ့ ဇွန် ၂၇ ရက်က ရန်ကုန်မြို့၌ကျင်းပခဲ့ကြောင်း သိရသည်။ အဆိုပါ ပူဇော်ကန်တော့ပွဲသို့ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီးဒေါ်ကြူကြူလှ၊ မိသားစုကလှူဒါန်းသည့် အလှူငွေကျပ်သိန်း(၁၀၀)အား မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၏ ညွှန်ကြားရေးမှူးချုပ်က(ကိုယ်စား) ပေးအပ်လှူဒါန်းရာ မြန်မာနိုင်ငံဂီတအစည်းအရုံး(ဗဟို) ဥက္ကဋ္ဌကလက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။ ထို့ပြင် ယနေ့ ပူဇော်ကန်တော့ပွဲသို့ ပြန်ကြားရေးဝန်ကြီး ဌာနက အလှူငွေကျပ်သိန်း(၃၀)၊ ရန်ကုန်တိုင်းအစိုးရအ ဖွဲ့က အလှူငွေကျပ်(၁၅၈)သိန်း၊ ရန်ကုန်တိုင်း USDP ပါ တီကအလှူငွေကျပ်(၅)သိန်းတို့အပါအဝင် အလှူငွေကျပ်သိန်း(၃၀၀)ကျော်နှင့် အလှူပစ္စည်းများကို...

MSME လုပ်ငန်းရှင်များ ဒစ်ဂျစ်တယ်နည်းပညာအသုံးပြုကြရန် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တိုက် တွန်း

MSME လုပ်ငန်းရှင်များ ဒစ်ဂျစ်တယ်နည်းပညာအသုံးပြုကြရန် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ယနေ့ ဇွန် ၂၇ ရက်နံနက်ပိုင်းတွင် နေပြည်တော်ရှိ MICC-1 ၌ကျင်းပသည့် ကမ္ဘာ့အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများနေ့အထိမ်းအမှတ်အခမ်းအနားတွင် တိုက်တွန်းပြောကြားခဲ့ခြင်းဖြစ်သည်။ MSME လုပ်ငန်းရှင်များအနေဖြင့် ကုန်ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုကဏ္ဍများတွင် ငွေကြေးစီးဆင်းမှုမြန်ဆန် ချောမွေ့စေရေးအတွက် ဒစ်ဂျစ်တယ်ငွေပေးချေမှုစနစ်များကိုကျယ်ကျယ်ပြန့်ပြန့်အသုံးပြုရန် တိုက်တွန်းပြောကြားခဲ့သည်။ "ကုန်ပစ္စည်းတွေကို ဒေသတွင်းကနေ ကမ္ဘာ့ဈေးကွက်အထိထိုးဖောက်နိုင်ဖို့အတွက် ဒစ်ဂျစ်တယ် ရောင်းဝယ် ဖောက်ကားမှုပလက်ဖောင်းတွေကို လက်တွေ့အသုံးချပြီး ဈေးကွက်ရှာဖွေတာတွေကို ဆက်လက်လုပ်ဆောင်ကြဖို့လိုပါတယ်"ဟု နိုင်ငံတော်သမ္မတက ပြောကြားခဲ့သည်။ ထို့ကြောင့် MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးဆိုင် ရာတာဝန်ရှိသူများအနေဖြင့် MSME လုပ်ငန်းရှင်များ၊...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071