မလေးရှားနိုင်ငံသို့ စင်ကာပူနိုင်ငံ၏ နယ်စပ်စစ်ဆေးရေးဂိတ်များမှတဆင့် ဖြတ်သန်းသွားလာမည်ဆိုပါက မလေးရှားနိုင်ငံသို့ အဝင်အထွက်တံဆိပ်တုံးများ ရို-က်နှိပ်ပေးပြီးမှသာ အဝင်အထွက်ပြုလုပ်ကြရန် စင်ကာပူနိုင်ငံဆိုင်ရာ မြန်မာသံရုံးက ထုတ်ပြန်သည်။
စင်ကာပူနိုင်ငံဆိုင်ရာ မြန်မာသံရုံးအနေဖြင့် ၂၀၂၅ခုနှစ်၊ ဖေဖော်ဝါရီလကတည်းက ယင်းအကြောင်းအရာကို အသိပေးပြီး ဖြစ်သည်ဟုလည်း ဆိုသည်။
လက်ရှိ၌ တံဆိပ်တုံးရို-က်နှိပ်မှုမရှိသည့် ဖြစ်စဉ်များလည်း ထပ်မံဖြစ်ပွါးလျက်ရှိနေသည့်အတွက် မြန်မာသံရုံး၊ ကွာလာလမ်ပူမြို့နှင့် မြန်မာသံရုံး၊ စင်ကာပူတို့အနေဖြင့် သက်ဆိုင်ရာတာဝန်ရှိ ပုဂ္ဂိုလ်များနှင့် စေ့စပ်ညှိနှိုင်းဆောင်ရွက်ပေးရခြင်း၊ ကာယကံရှင်များအနေဖြင့် ဒ-ဏ်ကြေးပေးဆောင်ပြီးမှသာ ပြန်လည်လွတ်မြောက်ခြင်းများ ရှိနေသည်ဟု ဆိုသည်။
ထို့ကြောင့် မလေးရှားနိုင်ငံသို့ သွားရောက်မည်ဆိုပါက အဝင်အထွက်တံဆိပ်တုံးများ ရို-က်နှိပ်ရန်၊ သက်ဆိုင်ရာတာဝန်ရှိသူများက အဝင်အထွက် တံဆိပ်တုံး ရို-က်နှိပ်ပေးခြင်းမရှိဘဲ ထွက်ခွါရန်ပြောကြားပါကလည်း အဝင်အထွက် တံဆိပ်တုံး ရို-က်နှိပ်ပေးရန် တောင်းဆိုပြီးမှသာ ဝင်ထွက်ကြပါရန် ထပ်မံအသိပေးကြောင်း စင်ကာပူနိုင်ငံဆိုင်ရာ မြန်မာသံရုံးက ထုတ်ပြန်ထားသည်။
