မကွေးတိုင်း၊ မင်းဘူးမြို့နယ်၌ မိုးသည်းထန်စွာရွာသွန်းပြီး မန်းချောင်းရေမြင့်တက်ကာ မန်းရွှေစက်တော်ဘုရား၏ အောက်စက်တော်ရာဘုရားအတွင်းသို့ ယနေ့ စက်တင်ဘာ ၂၅ ရက်နံနက် ၇ နာရီကျော်ခန့်မှစတင်ကာ ရေဝင်ရောက်မှုများဖြစ်ပေါ်လျှက်ရှိကြောင်း သိရသည်။
ထို့ကြောင့် မန်းချောင်းတစ်လျှောက်ရှိ နေအိမ်များအား ရွှေစက်တော်နယ်မြေမီးသ-တ်စခန်းမှတပ်ဖွဲ့ဝင်များက ရေဘေးလွတ်ကင်းရာသို့ ကူညီရွှေ့ပြောင်းပေးလျက်ရှိကြောင်း သိရသည်။
