Tuesday, June 3, 2025

မြန်မာသင်္ဘောမြုပ်၍ ဖူးခက်သန္တာကျောက်တန်းပျ-က်စီးနိုင်ခြေစစ်ဆေး     

   မြန်မာနိုင်ငံမှ သင်္ဘောတစ်စီး နစ်မြုပ်ခဲ့ သောကြောင့် ထိုင်းနိုင်ငံမူကိုဆူရင် အမျိုးသားဥယျာဉ်ကမ်းလွန်ရှိ သန္တာကျောက်တန်း၏ ပျ-က်စီးနိုင်ခြေကို ဥယျာဉ်နှင့် ရေတပ်ရေငုပ်သမားများက စစ်ဆေးအကဲဖြတ်နေကြောင်း သိရသည်။           ကုန်သင်္ဘော အမ်ဗီဧရာလင်း...

ဗိုလ်တထောင်စေတီတော်မြတ်ကြီးအား ထိုင်းဘုရင့်လေတပ်မှ ဒု-ဗိုလ်ချုပ်ကြီးဖူးမြှော်ကြည်ညို

ဗိုလ်တထောင်စေတီတော်မြတ်ကြီးအား ထိုင်းဘုရင့်လေတပ်မှ ဒု-ဗိုလ်ချုပ်ကြီး Air Marshal Anurak Romnarak ဦးဆောင်သောအဖွဲ့ဝင်များက ယနေ့ ဇွန် ၃ ရက်နေ့လည် ၃...

ထိုင်းတွင်ကိုဗစ်လူနာသစ် ၆၅,၀၀၀ ကျော်ရှိ၊ ‌ေ-သဆုံးသူသည်သုံးဦးရှိပြီဖြစ်

     ထိုင်းနိုင်ငံတွင် မေလနောက်ဆုံးအပတ်က ကိုဗစ်-၁၉ ကူးစက်သူသည် ၆၅,၈၈၀ ဦး အထိရှိလာပြီး‌ေ-သဆုံးသူသည် သုံးဦးအထိရှိလာသော်လည်း ရောဂါဖြစ်ပွားမှုသည် နှစ်အလိုက် အထွတ်အထိပ်အခြေအနေအောက် လျော့နည်းသွားသည်ဟု ပြည်သူ့ကျန်းမာရေးဝန်ကြီးက...

မြန်မာမှာပိ-တ်မိနေတဲ့အီသီယိုးပီးယားနိုင်ငံသား ၇၀၀ ကျော်ကိုနေရပ်ပြန်ပို့

အက်ဒစ်အဘာဘာ၊ မေ ၃၀ မြန်မာနိုင်ငံမှာ ပိ-တ်မိနေသော နိုင်ငံသား ၇၀၀ ကျော်ကို နေရပ်သို့ပြန်လည်ပို့ဆောင်လိုက်ပြီလို့ အီသီယိုးပီးယားအစိုးရက ကြာသပတေးနေ့မှာ ကြေညာလိုက်ပါသည်။ အီသီယိုးပီးယား နိုင်ငံခြားရေး ဝန်ကြီးဌာန...
HomeNewsLocal Newsမန်းရွှေစက်တော်ဘုရား၏ ဗုဒ္ဓပူဇနိယပွဲတော်တွင် တေးသံရှင်များက...

မန်းရွှေစက်တော်ဘုရား၏ ဗုဒ္ဓပူဇနိယပွဲတော်တွင် တေးသံရှင်များက နှစ်ရက်တာ အခမဲ့ဖျော်ဖြေတင်ဆက်မည်

မကွေးတိုင်း၊ မင်းဘူးမြို့နယ်ရှိ မန်းရွှေစက်တော်ဘုရား၏ ဗုဒ္ဓပူဇနိယပွဲတော်ကာလဖြစ်သည့် မတ် ၁၈ ရက်နှင့် ၁၉ ရက်တို့တွင် တေးသံရှင်များက တပေါင်းပွဲတော်ညအဖြစ် နှစ်ရက်တာအခမဲ့ဖျော်ဖြေတင်ဆက်လျက်ရှိကြောင်း မန်းရွှေစက်တော်ဘုရားဂေါပကအဖွဲ့ထံမှ သိရသည်။

တေးသံရှင်များ၏ အခမဲ့ဖျော်ဖြေတင်ဆင်မှုများနှင့်အတူ အငြိမ့်ပွဲများလည်းပါဝင်မည်ဖြစ်ကာ မန်းရွှေစက်တော်ဘုရားပွဲတော် အထူးတံတားမုဒ်ဦးအနီးရှိ စတိတ်စင်မြင့်တွင် ကျင်းပလျက်ရှိကြောင်း သိရသည်။

ထိုသို့ ဖျော်ဖြေတင်ဆက်ခြင်းကို “မင်းထွေး”ဇာတ်အဖွဲ့မှဦးဆောင်၍ ဇာတ်မင်းသား၊ မင်းသမီးများဖြစ်သည့် မင်း‌ထွေး၊ ချောသိင်္ဂီချစ်စု(ကျောက်ပန်းတောင်း)၊ မေဘိုဘို၊ တေသံရှင်များဖြစ်သည့် ချောကလက်၊ သူရိန်စိုး(လွှမ်းမိုးအလွမ်းပြေ)၊ နိုင်ငံကျော်ဟာသ(လူရွှင်တော်)အနုပညာရှင်များဖြစ်သည့် စိန်ခဲ၊ ကံပွင့်၊ အောင်ဟိန်း၊ လန်းလန်းတို့က ရွှေခိုင်ဇော် မင်္ဂလာဆိုင်းနှင့်အတူ ဖျော်ဖြေတင်ဆက်လျက်ရှိကြောင်း သိရသည်။

မန်းရွှေစက်တော်ဘုရား၏ ဗုဒ္ဓပူဇနိယပွဲတော်အား ဖေဖော်ဝါရီ ၂ ရက်မှ ဧပြီ ၁၇ ရက်အထိ(၇၅) ရက် ကြာကျင်းပလုပ်လျက်ရှိပြီး စတင်ကျင်းပသည့်နေ့မှစ၍ ယနေ့အထိ ပြည်တွင်း/ပြည်ပမှဘုရားဖူးဧည့်သည် (၁၅၀၀၀)ကျော်လာရောက်ဖူးမြှော်ခဲ့ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မြန်မာသင်္ဘောမြုပ်၍ ဖူးခက်သန္တာကျောက်တန်းပျ-က်စီးနိုင်ခြေစစ်ဆေး     

   မြန်မာနိုင်ငံမှ သင်္ဘောတစ်စီး နစ်မြုပ်ခဲ့ သောကြောင့် ထိုင်းနိုင်ငံမူကိုဆူရင် အမျိုးသားဥယျာဉ်ကမ်းလွန်ရှိ သန္တာကျောက်တန်း၏ ပျ-က်စီးနိုင်ခြေကို ဥယျာဉ်နှင့် ရေတပ်ရေငုပ်သမားများက စစ်ဆေးအကဲဖြတ်နေကြောင်း သိရသည်။           ကုန်သင်္ဘော အမ်ဗီဧရာလင်း နစ်မြုပ်ခဲ့သော ရေပြင်ဧရိယာရှိ သန္တာကျောက်တန်းအခြေအနေကို စစ်ဆေးရန်အတွက် အဏ္ဏဝါဥယျာဉ်ဌာနနှင့် ဘုရင့်ရေတပ်မှ ရေငုပ်သမားများကို စေလွှတ်ထားသည်ဟု အဒ္ဒမန်ကမ်းရိုးတန်းကို ကြီးကြပ်ရသည့် ထိုင်းရေကြောင်း ကွပ်ကဲမှုစင်တာက တနင်္လာနေ့တွင် ပြောကြားခဲ့သည်။          လူသုံးကုန်ပစ္စည်းများ အပြည့်တင်ဆောင်ထားပြီး သင်္ဘောသား ခုနှစ်ဦးလိုက်ပါခဲ့သော မြန်မာနိုင်ငံအလံတင်သင်္ဘောသည် ကြာသပတေးနေ့က ရနောင်းပြည်နယ်ရှိ ဆိပ်ခံတံတားတစ်ခုမှ မြန်မာနိုင်ငံ ဆိပ်ကမ်းများသို့ ထွက်ခွာသွားခဲ့ခြင်းဖြစ်သည်။ သင်္ဘောသည် ကော့သောင်းတွင်...

ဗိုလ်တထောင်စေတီတော်မြတ်ကြီးအား ထိုင်းဘုရင့်လေတပ်မှ ဒု-ဗိုလ်ချုပ်ကြီးဖူးမြှော်ကြည်ညို

ဗိုလ်တထောင်စေတီတော်မြတ်ကြီးအား ထိုင်းဘုရင့်လေတပ်မှ ဒု-ဗိုလ်ချုပ်ကြီး Air Marshal Anurak Romnarak ဦးဆောင်သောအဖွဲ့ဝင်များက ယနေ့ ဇွန် ၃ ရက်နေ့လည် ၃ နာရီတွင် လာရောက်ဖူးမြှော်ကြည်ညိုခဲ့ကြကြောင်း သိရသည်။ ဒု-ဗိုလ်ချုပ်ကြီးသည် ဆံတော်မြတ်ရတနာ၊ ဆံတော်တိုက်ပြခန်း၊ နန်းဦးဘုရားကြီးတို့အား ဖူးမြှော်ကြည်ညိုပြီးနောက် ရွှေသင်္ကန်းအလှူတော်ငွေကျပ်( ၁၀၀,၀၀၀)အားပေးအပ်လှူဒါန်းရာ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့မှလက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဆံတော်မြတ်ရတနာဓာတ်ပုံတို့အား ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။ ထို့ပြင် ဒု-ဗိုလ်ချုပ်ကြီးသည် ဗိုလ်တထောင်စေတီတော်မြတ်ကြီး၏ တန်ဆောင်းအသီးသီးတွင်ရှိသော ဘုရားများကိုလည်း လှည့်လည်ဖူးမြှော်ကြည် ညိုခဲ့ကြောင်း သိရသည်။

ထိုင်းတွင်ကိုဗစ်လူနာသစ် ၆၅,၀၀၀ ကျော်ရှိ၊ ‌ေ-သဆုံးသူသည်သုံးဦးရှိပြီဖြစ်

     ထိုင်းနိုင်ငံတွင် မေလနောက်ဆုံးအပတ်က ကိုဗစ်-၁၉ ကူးစက်သူသည် ၆၅,၈၈၀ ဦး အထိရှိလာပြီး‌ေ-သဆုံးသူသည် သုံးဦးအထိရှိလာသော်လည်း ရောဂါဖြစ်ပွားမှုသည် နှစ်အလိုက် အထွတ်အထိပ်အခြေအနေအောက် လျော့နည်းသွားသည်ဟု ပြည်သူ့ကျန်းမာရေးဝန်ကြီးက ပြောကြားသည်။       မေလ ၂၅ ရက် နေ့မှ ၃၁ ရက်နေ့အထိ ပိုးတွေ့လူနာနှင့် ‌ေ-သဆုံးမှုအသစ်များကို မှတ်တမ်းတင်ထားခြင်းဖြစ်ကြောင်း ဝန်ကြီး Somsak Thepsuthin က တနင်္လာနေ့တွင် ပြောကြားခဲ့သည်။       ကူးစက်လူနာသစ်များတွင် အသက် ၃၀ မှ ၃၉ နှစ် အရွယ်များသည် အရေအတွက် ၁၂,၄၀၃ ဦးဖြင့် အသက်အကြီးဆုံး ကူးစက်လူနာအုပ်စုဖြစ်ခဲ့ကာ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071