Looking for something?

Explore the website

Looking for something?

Tuesday, June 3, 2025

ပြည်နယ်အဆင့် မုန်တိုင်းအန္တရာယ်နှင့် သဘာဝဘေးအန္တရာယ် ရှာဖွေကယ်ဆယ်ရေးလေ့ကျင့်မှုပြုလုပ်

မွန်ပြည်နယ်၊ မော်လမြိုင်မြို့ သံလွင်မြစ်အတွင်း ယ‌နေ့ဇွန်လ(၃)ရက် နံနက်ပိုင်း၌ ပြည်နယ်အဆင့် မုန်တိုင်းအန္တရာယ်နှင့် သဘာဝဘေးအန္တရာယ် ရှာဖွေကယ်ဆယ်ရေး လေ့ကျင့်မှုတစ်ခု ပြုလုပ်လျက်ရှိကြောင်း သိရသည်။ အဆိုပါ လေ့ကျင့်မှုကို...

IBEC ကျောင်းတော်ကြီး၏ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်...

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းတောင်ရိုးပေါ်ရှိ အပြည်ပြည်ဆိုင်ရာဗုဒ္ဓဘာသာပညာရေးစင်တာ(IBEC)ကျောင်းတော်ကြီး၏ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ပထမဆုံးကျောင်းဖွင့်ရက်ဖြစ်သော ဇွန် ၂ ရက်တွင် တက်ရောက်ပညာသင်ကြားကြမည့် ကျောင်းသား၊ ကျောင်းသူများအား IBEC...

ရက်ကန်းနှင့် အသက်မွေး ပညာသင်တန်းကျောင်း (တောင်ကြီး)...

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှု လုပ်ငန်းရုံးဌာနတွင် ရက်ကန်းနှင့်အသက် မွေးပညာသင်တန်းကျောင်း (တောင်ကြီး) ၌ ၂၀၂၅ ခုနှစ်၊ ပညာသင်နှစ်အတွက် သင်တန်းသားများခေါ်ယူထားကြောင်း...

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ၂ဝ၂၅-၂ဝ၂၆ ခုနှစ်ပညာသင်နှစ်တွင် ကျောင်းသား၊...

၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် ပညာရေးဝန် ကြီးဌာန၏ အခြေခံပညာကျောင်းများအား ဇွန် ၂ ရက်က တစ်နိုင်ငံလုံးအတိုင်းအတာဖြင့်စတင်ဖွင့်လှစ်ရာ ကျောင်းသား၊ ကျောင်းသူသိန်း(၆၀)ဦးခန့်တက်ရောက်ခဲ့ကြောင်း သိရသည်။ နေပြည်တော်အပါအဝင် တိုင်းနှင့်ပြည်နယ်အသီးသီးရှိ...
HomeNewsLocal Newsမန်းရွှေစက်တော်ဘုရားပွဲတော်ကာလတွင် ခရီးသည်တင်ကား ၃၀...

မန်းရွှေစက်တော်ဘုရားပွဲတော်ကာလတွင် ခရီးသည်တင်ကား ၃၀ စီးပြေးဆွဲပေးမည်

မကွေးတိုင်း၊မင်းဘူး(စကု)မြို့နယ်ရှိ မန်းရွှေစက်တော် ဘုရားပွဲတော်ကာလအတွင်း၌ ဘုရားဖူးလာရောက်ကြသူများ သွားလာရေးအဆင်ပြေစေရန် ခရီးသည်တင်ကား ၃၀ စီးပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အောင်မန်းမော်တော်ယာဉ်ငယ်လိုင်းမှ ၁၂ ယောက်၊ ၁၅ ယောက်ဆံ့(Starex နှင့် Vongo) ကားအမျိုးအစား မှန်လုံယာဥ်ငယ်များဖြင့် မင်းဘူး-ရွှေစက်တော်ခရီးစဉ်အား ကား ၁၀ စီး၊တောင်ပေါ်-တောင်အောက်(အတက်-အဆင်း)ခရီးစဉ်အား ၂၀ စီး(စုစုပေါင်း ၃၀ စီး)ဖြင့်ပြေးဆွဲသွားမည်ဖြစ်သည်။

ထို့ပြင် ပွဲတော်ကာလအတွင်း၌ ကားစီးရေမလုံလောက်ပါက ထပ်မံဖြည့်တင်းပေးသွားမည်ဖြစ်ကာ ယာဉ်စီးခနှုန်းထားများမှာ အသွား/အပြန် ၁၂၀၀၀ ကျပ်၊တောင်ပေါ်-တောင်အောက် ခရီးစဉ်မှာ အတက် ၁၀၀၀ ကျပ်၊ အဆင်း ၅၀၀ ကျပ် သတ်မှတ်ထားကြောင်း သိရသည်။

ပြေးဆွဲမည့်ကားများ ကြံ့ခိုင်ကောင်းမွန်ရေး၊ဘုရားဖူးများ စိတ်အေးချမ်းသာစွာဖူးမြော်နိုင်ရေး၊ ယာဉ်မောင်းနှင့်ယာဉ်နောက်လိုက်များသတ်မှတ်စည်းကမ်းချက်များနှင့်အညီ ပြေးဆွဲမောင်းနှင်နိုင်ရေးတို့အား စစ်ဆေးကြပ်မတ်သွားမည်ဖြစ်ကြောင်း မင်းဘူးခရိုင်ပုဂ္ဂလိကပိုင်လုပ်ငန်းသုံး မော်တော်ယာဉ်လိုင်းများကြီးကြပ်ရေးကော်မတီမှ သိရသည်။

ခရီးသည်တင်ကားများသည် မင်းဘူးမြို့၊မြောက်လှည်းကောက်အဝိုင်းပတ်ဂိတ်မှ ဇန်နဝါရီ ၂၅ ရက်မှစတင်ကာ နံနက် ၆ နာရီမှည ၆ နာရီအထိ ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မင်းဘူးရွှေစက်တော်ဘုရားပွဲတော်အား ဇန်နဝါရီ ၂၅ ရက်မှစတင်၍ မြန်မာနှစ်ဆန်းတစ်ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ပြည်နယ်အဆင့် မုန်တိုင်းအန္တရာယ်နှင့် သဘာဝဘေးအန္တရာယ် ရှာဖွေကယ်ဆယ်ရေးလေ့ကျင့်မှုပြုလုပ်

မွန်ပြည်နယ်၊ မော်လမြိုင်မြို့ သံလွင်မြစ်အတွင်း ယ‌နေ့ဇွန်လ(၃)ရက် နံနက်ပိုင်း၌ ပြည်နယ်အဆင့် မုန်တိုင်းအန္တရာယ်နှင့် သဘာဝဘေးအန္တရာယ် ရှာဖွေကယ်ဆယ်ရေး လေ့ကျင့်မှုတစ်ခု ပြုလုပ်လျက်ရှိကြောင်း သိရသည်။ အဆိုပါ လေ့ကျင့်မှုကို ကယ်ဆယ်ရေး စက်တပ်လှေ (၁၀)စီးဖြင့် လေ့ကျင့်ပြင် ဆင်နေခြင်းဖြစ်ပြီး၊ မော်လမြိုင်မီးသတ်တပ်ဖွဲ့ဝင်များ၊ ဒေသတွင်း လူမှုကယ်ဆယ်ရေးအဖွဲ့များ၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များပူးပေါင်း လေ့ကျင့်ပြင်ဆင်ကြခြင်းဖြစ်ကြောင်း သိရသည်။ ပြီးခဲ့သော မေ(၂၈)ရက်ကလည်း ချောင်းဆုံမြို့နယ်နှင့် ဘီးလင်းမြို့နယ်တို့တွင် မုန်တိုင်းအန္တရာယ်နှင့် သဘာဝဘေး အန္တရာယ် ရှာဖွေကယ်ဆယ်ရေးလေ့ကျင့်မှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

IBEC ကျောင်းတော်ကြီး၏ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ပထမဆုံးကျောင်းဖွင့်ရက်

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းတောင်ရိုးပေါ်ရှိ အပြည်ပြည်ဆိုင်ရာဗုဒ္ဓဘာသာပညာရေးစင်တာ(IBEC)ကျောင်းတော်ကြီး၏ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ပထမဆုံးကျောင်းဖွင့်ရက်ဖြစ်သော ဇွန် ၂ ရက်တွင် တက်ရောက်ပညာသင်ကြားကြမည့် ကျောင်းသား၊ ကျောင်းသူများအား IBEC ဆရာတော်က နွေးထွေးစွာကြိုဆိုနှုတ်ဆက်တော်မူခဲ့သည်။

ရက်ကန်းနှင့် အသက်မွေး ပညာသင်တန်းကျောင်း (တောင်ကြီး) တွင်သင်တန်းသားများခေါ်ယူ

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှု လုပ်ငန်းရုံးဌာနတွင် ရက်ကန်းနှင့်အသက် မွေးပညာသင်တန်းကျောင်း (တောင်ကြီး) ၌ ၂၀၂၅ ခုနှစ်၊ ပညာသင်နှစ်အတွက် သင်တန်းသားများခေါ်ယူထားကြောင်း သိရသည်။ အဆိုပါ သင်တန်းသို့ တက်ရောက်လိုသူများအနေဖြင့် လက်ရက်ကန်းသင်တန်းကာလမှာ ဇူလိုင်လ (၁) ရက်မှ ဒီဇင်ဘာ (၃၁) ရက်အထိ (၆)လ သင်တန်းကာလဖြစ်ပြီး သင်တန်းသားဦးရေမှာ (၁၀) ဦးဖြစ်ကြောင်း ပညာအရည်အချင်းအနေဖြင့် အခြေခံပညာမူလတန်းအောင်မြင်ပြီးသူ ဖြစ်ရမည်ဖြစ်ပြီး အသက် (၁၆) နှစ်မှ (၂၅)နှစ်အတွင်း အိမ်ထောင်မရှိသူ အပျို/လူပျိုဖြစ်ရမည် ဖြစ်သည်။ အဆိုပါ သင်တန်းဝင်ခွင့်အတွက်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071