တပ်မတော်မှ အကြမ်းဖက်အဖွဲ့များခေတ္တထိမ်းချုပ်ထားသော မန္တလေး-မတ္တရာ-စဉ့်ကူး-သပိတ်ကျင်း ဆက်သွယ်ရေးလမ်းကြောင်းအားပြန်လည်ထိန်းချုပ်ရန် အကြမ်းဖက်ချေမှုန်းမှုစစ်ဆင်ရေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ခဲ့သဖြင့် အောက်တိုဘာ ၁၁ ရက်တွင် သပိတ်ကျင်းမြို့နယ်၊ ဝါးဖြူတောင်ကျေးရွာ၊ အောက်တိုဘာ ၁၃ ရက်တွင် ဖော့တောလမ်းဆုံ၊ ဒီဇင်ဘာ ၁၈ ရက်တွင် ဇရပ်ကွင်းကျေးရွာ၊ ဒီဇင်ဘာ ၂၂ ရက်တွင် လိပ်ကျကျေးရွာ၊ ဒီဇင်ဘာ ၂၈ ရက်တွင် ကျည်တောက်ပေါက်ကျေးရွာ၊ ဒီဇင်ဘာ ၂၉ ရက်တွင် သပိတ်ကျင်းမြို့နယ်၊ ချောင်းကြီးကျေးရွာ၊ ဒီဇင်ဘာ ၃၁ ရက်တွင် လိပ်ကျကျေးရွာတို့ကိုပြန်လည်သိမ်းပိုက်ခဲ့ကြောင်း သိရသည်။
ထို့ကြောင့် ဒေသခံများသွားလာမှုနှင့် ကူးသန်းရောင်းဝယ်မှုများအဆင်ပြေစေရေးအတွက် မန္တလေး-မတ္တရာ-စဉ့်ကူး-သပိတ်ကျင်းဆက်သွယ်ရေးလမ်းကြောင်းအား ပြန်လည်ဖွင့်လှစ်ပေးခဲ့ကာ လိုအပ်သည့် နယ်မြေလုံခြုံရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထို့ပြင် သပိတ်ကျင်း-မိုးကုတ်ဒေသအနီးဝန်းကျင်ရှိ ဒေ သခံများ၏ ကုန်စည်ကူးသန်းရောင်းဝယ်မှုများ လွယ်ကူလျင်မြန်ချောမွေ့လာစေရေးနှင့် နိုင်ငံစီးပွားတိုးတက်ရေးအထောက်အကူပြုသည့် မြေပေါ်/မြေအောက် သယံဇာတများအား စနစ်တကျစီမံဆောင်ရွက်နိုင်ရေးတို့အတွက် သပိတ်ကျင်း-မိုးကုတ် ဆက်သွယ်ထားသည့် လမ်းကြောင်းအား အမြန်ဆုံးဖွင့်လှစ်နိုင်ရေးအတွက် လိုအပ်သည့်နယ်မြေလုံခြုံရေးလုပ်ငန်းများကိုလည်း ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
