မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ် နိုင်ငံတကာခရီးစဉ်များ ယာယီဆိုင်းငံ့၊ ပြည်တွင်းခရီးစဉ်အချို့ အနီးစခန်းသို့ ပြောင်းလဲပြေးဆွဲမည်

မန္တလေး၊ စက်တင်ဘာ ၁၁ မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဆိုက်ရောက်မည့်နှင့် ယင်းလေဆိပ်မှ ထွက်ခွာမည့် နိုင်ငံတကာလေကြောင်းခရီးစဉ်များအားလုံးကို နောက်ထပ်အသိပေးချက် မထုတ်ပြန်မီအထိ ယာယီဆိုင်းငံ့ထားမည်ဖြစ်ကြောင်း မြန်မာအမျိုးသားလေကြောင်းလိုင်း (MAI) က စက်တင်ဘာ ၁၀ ရက် ညပိုင်းတွင် အသိပေးထုတ်ပြန်သည်။ ယခုကဲ့သို့ ယာယီဆိုင်းငံ့ခြင်းမှာ လုပ်ငန်းလည်ပတ်မှုဆိုင်ရာ အခြေအနေများကြောင့်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားပြီး ယင်းကာလအတွင်း မန္တလေးလေဆိပ်မှ ပြေးဆွဲရန် စီစဉ်ထားသည့် MAI နှင့် မင်္ဂလာလေကြောင်းလိုင်းတို့၏ ပြည်တွင်းခရီးစဉ်အချို့ကို ပြင်ဦးလွင်မြို့ရှိ အနီးစခန်းလေဆိပ်သို့ ပြောင်းလဲပြေးဆွဲပေးသွားမည်ဖြစ်သည်။ ခရီးစဉ်အပြောင်းအလဲကြောင့် ထိခိုက်သည့် ခရီးသည်များအနေဖြင့် လက်မှတ်ခကို ၁၀၀ ရာခိုင်နှုန်း အပြည့်အဝ ပြန်လည်ထုတ်ယူနိုင်မည်ဖြစ်သကဲ့သို့ ထိုင်ခုံနေရာလွတ်ရှိမှုအပေါ် မူတည်၍ ခရီးစဉ်လမ်းကြောင်းကို အခမဲ့ တစ်ကြိမ် ပြောင်းလဲခွင့်ရရှိမည်ဖြစ်ကြောင်း သိရသည်။ ခရီးသွားအေဂျင်စီ သို့မဟုတ် အွန်လိုင်းကိုယ်စားလှယ်များမှတစ်ဆင့် လက်မှတ်ဝယ်ယူထားသူများအနေဖြင့် … Continue reading မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ် နိုင်ငံတကာခရီးစဉ်များ ယာယီဆိုင်းငံ့၊ ပြည်တွင်းခရီးစဉ်အချို့ အနီးစခန်းသို့ ပြောင်းလဲပြေးဆွဲမည်