မန္တလေးမြို့ရှိ လမ်းဆုံလမ်းခွ၊ မီးပွိုင့်များတွင် ကလေးသူ ငယ်များအား တောင်းရမ်းရန် စေခိုင်းသူများကို အရေးယူဖမ်းဆီးထားကြောင်း သိရသည်။
“ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေနဲ့ ဖမ်းတာပါ” ဟု ဖြစ်စဉ်ကို သိရှိသည့် လူမှုကူညီရေးအဖွဲ့တခုကလ ည်း ဆိုသည်။
ထိုကဲ့သို့ တောင်းရမ်းရန် စေခိုင်းသူများသည် ချမ်းမြသာစည်မြို့နယ်၊ လမ်း(၁၁၀ )(သိပ္ပံလမ်း)နှင့် (၆၂)လမ်းထောင့်တွင် ကလေးသူငယ်များအား ညှင်းပန်းနှိပ်စက်၍ တောင်း ရမ်းစေခိုင်းနေသည်ဟု သတင်းအရ ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးတပ်ဖွဲ့စု အပါအဝင် သက်ဆိုင်ရာ န ယ်မြေရဲစခန်းတို့မှ တာဝန်ရှိသူများက သွားရောက်စစ်ဆေးခဲ့ခြင်းလည်း ဖြစ်သည်။
ဖမ်းဆီးခံရသူများသည် ပုသိမ်ကြီးမြို့နယ်၊ မဲကင်းကုန်းကျေးရွာတွင် နေထိုင်ကြသည့် မိုးမင်း(ခ)ကုလား (၃၈)နှစ်၊ ငြိမ်းငြိမ်းအိ (၂၄)နှစ်၊ သန်းသန်းခိုင် (၂၂)နှစ်တို့ဖြစ်ကြပြီး ခိုင်းစေထားခြင်းမှ ရရှိသည့်ငွေအသီးသီးတို့နှင့်အတူ ဖမ်းမိခြင်း ဖြစ်သည်။
၄င်းတို့နှင့်အတူ တောင်းရမ်းစေခိုင်းခံထားရသည့် အသက် (၅)နှစ်အရွယ် ကလေး(၃)ဦးနှင့် (၉)နှစ်အရွယ် ကလေး (၁) ဦး၊ (၁၂)အရွယ် ကလေး (၁)ဦး စုစုပေါင်း မိန်းကလေး (၅) ဦးတို့ကိုလည်း ကူညီကယ်ဆယ်နိုင်ခဲ့သည်ဟုလည်း သိရသည်။
