Friday, June 6, 2025

(၁၃)ကြိမ်မြောက် သီတဂူစက္ခုဒါနဆေးရုံတွင် မျက်စိကုသလိုသူများ စာရင်းပေးနိုင်ပြီ

ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်၊ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်အတွင်းရှိ သီတဂူစက္ခုဒါနဆေးရုံ(ရန်ကုန်)၏ (၁၃)ကြိမ်မြောက် မျက်စိဝေဒနာရှင်များအား ကုသပေးမည်ဖြစ်ရာ ကုသလိုသူများ စာရင်းလာရောက်ပေးနိုင်ကြောင်း ယနေ့တွင် အသိပေးထားသည်။ မျက်စိကုသလိုသူများ စာရင်းပေးရာတွင် ဇွန်...

ပြည်တွင်း စက်သုံးဆီဈေးနှုန်းများ ကျရိပ်ပြနေ

ရန်ကုန်အထိုင် စက်သုံးဆီဈေးနှုန်းများ ကျရိပ်ပြနေကြောင်း စက်သုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေး ကော်မတီက ထုတ်ပြန်ထားသည့် ရည်ညွှန်းဈေးနှုန်းအရ သိရသည်။ ယခုတစ်ပါတ်အတွက် ရန်ကုန်အထိုင် စက်သုံးဆီဈေးနှုန်းများမှာ ၉၂...

ဘေရွတ်တောင်ပိုင်း ဆင်ခြေဖုံးဒေသတွေကို အစ္စရေးက ၁၇...

လက်ဘနွန်နိုင်ငံရဲ့ မြို့တော်ဘေရွတ်ရဲ့ တောင်ပိုင်းဆင်ခြေဖုံးဒေသတွေကို အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ (IDF) က ၁၇ ကြိမ်ထက်မနည်း ဗုံးကြဲတို-က်ခို-က်ခဲ့တယ်လို့ Al Jazeera သတင်းဌာနက ဖော်ပြပါတယ်။ အဆိုပါသတင်းအရ...

အမေရိကန်နိုင်ငံသားတွေကို ဗီဇာထုတ်ပေးခြင်း ဆိုင်းငံ့ကြောင်း ချဒ်နိုင်ငံက...

ချဒ်နိုင်ငံသားတွေ အမေရိကန်ကို လာရောက်လည်ပတ်ခွင့် ပိ-တ်ပင်တဲ့ ထရမ့်အစိုးရရဲ့ ဆုံးဖြတ်ချက်ကို တုံ့ပြန်တဲ့အနေနဲ့ အမေရိကန်နိုင်ငံသားတွေကို ဗီဇာထုတ်ပေးခြင်း ဆိုင်းငံ့မယ်လို့ ချဒ်သမ္မတ မာဟာမက် အီဒရစ်...
HomeNewsLocal Newsမန္တလေးမှ မြန်မာသူရ ကျောက်စိမ်းကျောက်မျက်...

မန္တလေးမှ မြန်မာသူရ ကျောက်စိမ်းကျောက်မျက် ကုမ္ပဏီရုံးနှင့် နေအိမ်ကို ချိတ်ပိတ်

မန္တလေးမှ မြန်မာသူရ ကျောက်စိမ်းကျောက်မျက် ကုမ္ပဏီရုံးနှင့် နေအိမ်ကို ချိတ်ပိတ်

မန္တလေးမြို့ရှိ မြန်မာသူရ ကျောက်စိမ်း ကျောက်မျက် ကုမ္ပဏီရုံးခန်းနှင့် နေအိမ်ကို ဩဂုတ်လ (၁၈) ရက် နေ့လယ်ပိုင်းတွင် နစက မှ ချိတ်ပိတ်သွားကြောင်း နီးစပ်သူများထံမှ သိရသည်။

အဆိုပါ မြန်မာသူရ ကျောက်စိမ်း ကျောက်မျက် ကုမ္ပဏီ ပိုင်ရှင်ဖြစ်သူမှာ PDF များအား ဆက်သွယ်ထောက်ပံ့ သည်ဟုဆိုကာယခုလို လုပ်ဆောင်ခြင်း ဖြစ် ကြောင်း နီးစပ်သူများနှင့် မန္တလေးမြို့ခံ သတင်းရင်းမြစ်များထံက သိရသည်။

” PDF နဲ့ ဆက်သွယ်လို့ ဆိုပြီးတော့ လုပ်သွားတာပဲ။ မနက်က အိမ်ရှေ့က ဖြတ်သွားတော့ ဘာမှမဖြစ်သေးဘူး။ ညနေဘက် အပြန်ကျတော့ ကြိုးအဝါတွေတားပြီးတော့ ဗီနိုင်းချိတ်ထားတာတွေ့ရတယ်” ဟု မန္တလေးမြို့မှ ကျော က်ပွဲစား တစ်ဦးက ပြောသည်။


၅၃ လမ်းနှင့် ၃၃ လမ်းထောင့်ရှိ နေအိမ်နှင့် ၈၈ လမ်း၊  ၃၃ လမ်းနှင့် ၃၄ လမ်း ကြား  ဘေးမဲ့ကျောင်း တိုက်တောင်ဘက်ရှိ ကုမ္ပဏီရုံးခန်းတို့အား ထွေအုပ်နှင့် စစ်တပ်မှ တပ်ဖွဲ့ဝင်များက ဩဂုတ်လ (၁၈) ရက် ‌မွန်းလွဲပိုင်းတွင် ချိတ်ပိတ်ခဲ့ခြင်း ဖြစ်သည်။

” သူ့တိုက်ခန်း (၂) ခန်း ချိတ်ပိတ်သွားတယ်လို့ပဲ ကြားတယ်။ အသေးစိတ်တော့ မသိလိုက်ဘူး ။ ကျွန်တော်လည်း သင်တန်းကိစ္စတွေနဲ့ အလုပ်ရှုပ်နေတာ” ဟု မြန်မာသူရ ကျော က်စိမ်းကျောက်မျက်ကုမ္ပဏီ ပိုင်ရှင် ဦးကျော်သူရနှင့် နီးစပ်သူ ကျောက်စိမ်းပညာရှင် တစ်ဦးက ပြောသည်။

လက်ရှိတွင် မြန်မာသူရ ကျောက်စိမ်း ကုမ္ပဏီ ပိုင်ရှင် ဦးကျော်သူရအား တပ်မှ ဖမ်းဆီးထားခြင်း ရှိမရှိ ပေါ် ပြူလာမှ အတည်ပြုနိုင်ရန် စုံစမ်းနေသော်လည်း အသေး စိတ် အချက်အလက်များ အတည်ပြုနိုင်ခြင်း မရှိသေးပေ။

မြန်မာသူရ ကျောက်စိမ်း ကုမ္ပဏီပိုင်ရှင် ဦးကျော်သူရသ ည် မြန်မာ့ ကျောက်စိမ်းလောက ဖွံ့ဖြိုးတိုးတက်ရေးအတွက် အားစိုက်လုပ်ဆောင်နေသူများထဲမှ တစ်ဦးအပါ အဝင်ဖြစ်ပြီး ကျောက်စိမ်း ပညာရပ်နှင့် ပတ်သက်၍ ဗဟုသုတများ မျှဝေခြင်း ၊ ကျောက်စိမ်း ပန်းပုသမားများအား တရုတ်နိုင်ငံသို့ ပညာတော်သင် စီစဉ်စေလွှတ်ပေးခြင်းများ လုပ်ဆောင်နေသူတစ်ဦး ဖြစ်ကြောင်း နီးစပ်သူများထံမှ သိရသည်။

မန္တလေးမြို့တွင် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်အတွင်းကလည်း ကျောက်စိမ်း ဝယ်ရောင်း လုပ်ကိုင်သူ ၄၀၀ ဝန်းကျင်ကို ဖမ်းဆီးခဲ့ပြီး ယင်းသို့ ဖမ်းဆီးခံရသူများထဲမှ တရုတ်နိုင် ငံသား ကျောက်ပွဲစား ၁၀၀ ကျော်ကို ပြန်လွှတ်ပေးကာမြန်မာနိုင်ငံသားများကို တရားမဝင် ကျောက်မျက်ကိုင်ဆောင်မှုအပါအဝင်  ပုဒ်မများနှင့် အရေးယူမှုများ လုပ် ဆောင်ခဲ့သည်။

အဆိုပါ တရားစွဲ ခံထားရသည့် ကျောက်စိမ်း ဝယ်ရောင်းများထဲမှ အချို့ကို ပြီးခဲ့သည့် ဩဂုတ်လ (၁၁) ရက်က ထောင်ဒဏ် (၁) နှစ်ခွဲ  ကျခံရန် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

(၁၃)ကြိမ်မြောက် သီတဂူစက္ခုဒါနဆေးရုံတွင် မျက်စိကုသလိုသူများ စာရင်းပေးနိုင်ပြီ

ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်၊ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်အတွင်းရှိ သီတဂူစက္ခုဒါနဆေးရုံ(ရန်ကုန်)၏ (၁၃)ကြိမ်မြောက် မျက်စိဝေဒနာရှင်များအား ကုသပေးမည်ဖြစ်ရာ ကုသလိုသူများ စာရင်းလာရောက်ပေးနိုင်ကြောင်း ယနေ့တွင် အသိပေးထားသည်။ မျက်စိကုသလိုသူများ စာရင်းပေးရာတွင် ဇွန် (၂၀) ရက် နံန က် (၇) နာရီမှစ၍ ကိုယ်တိုင် (သို့မဟုတ်) ကိုယ်စား စာရင်းလာရောက်ပေးသွင်းနိုင်‌ကြောင်း သိရသည်။ "သတင်းကောင်းပေးပါသည်။ သီတဂူစက္ခုဒါနဆေးရုံ (ရန်ကုန်)၏ (၁၃) ကြိမ်မြောက် မျက်စိအလင်းအလှူ စာရင်းပေးကာလကို အသိပေးပါသည်"ဟု အသိပေးထားသည်။ စာရင်းလာရောက်ပေးသွင်း လိုသူများအနေဖြင့် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်) စာကြည့်တိုက်ရုံးခန်း၊ ဘေလီတံတားအဆင်း၊ မြောက်ဒဂုံမြို့နယ်၊ ရန်ကုန်မြို့...

ပြည်တွင်း စက်သုံးဆီဈေးနှုန်းများ ကျရိပ်ပြနေ

ရန်ကုန်အထိုင် စက်သုံးဆီဈေးနှုန်းများ ကျရိပ်ပြနေကြောင်း စက်သုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေး ကော်မတီက ထုတ်ပြန်ထားသည့် ရည်ညွှန်းဈေးနှုန်းအရ သိရသည်။ ယခုတစ်ပါတ်အတွက် ရန်ကုန်အထိုင် စက်သုံးဆီဈေးနှုန်းများမှာ ၉၂ တစ်လီတာ (၂,၆၇၉)ကျပ်၊ ၉၅ တစ်လီတာ (၂,၇၂၇) ကျပ်၊ ရိုးရိုးဒီဇယ်က တစ်လီတာ (၂,၂၂၇) ကျပ်၊ ပရီမီယံဒီဇယ်က တစ်လီတာ (၂,၇၈၂) ကျပ်ဖြစ်ကြောင်း သိရသည်။ ပြီးခဲ့သည့်တစ်ပါတ်တွင် ရန်ကုန်အထိုင် စက်သုံးဆီဈေးနှုန်းများမှာ ၉၂ တစ်လီတာ (၂,၈၅၅)ကျပ်၊ ၉၅ တစ်လီတာ (၂,၉၁၀) ကျပ်၊ ရိုးရိုးဒီဇယ်က တစ်လီတာ...

ဘေရွတ်တောင်ပိုင်း ဆင်ခြေဖုံးဒေသတွေကို အစ္စရေးက ၁၇ ကြိမ်ထက်မနည်း ဗုံးကြဲတို-က်ခို-က်

လက်ဘနွန်နိုင်ငံရဲ့ မြို့တော်ဘေရွတ်ရဲ့ တောင်ပိုင်းဆင်ခြေဖုံးဒေသတွေကို အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ (IDF) က ၁၇ ကြိမ်ထက်မနည်း ဗုံးကြဲတို-က်ခို-က်ခဲ့တယ်လို့ Al Jazeera သတင်းဌာနက ဖော်ပြပါတယ်။ အဆိုပါသတင်းအရ မြို့တော်ရဲ့ တောင်ဘက်အစွန်ရပ်ကွက်တွေကို တို-က်လေယာဉ်တွေနဲ့ ဒရုန်းတွေက တို-က်ခို-က်ခဲ့တာ ဖြစ်ပါတယ်။ လက်ဘနွန် LBCI ရုပ်သံဌာနကတော့ အစ္စရေးဟာတို-က်ရို-က်ပ-စ်ခ-တ်မှု ၆ ကြိမ်နဲ့ သတိပေးပစ်ခတ်မှု ၁၀ ကြိမ်ပြုလုပ်ခဲ့ပြီး ကျန်ရှိတဲ့ ပစ်ခတ်မှုတစ်ခုကတော့ ပေါ-က်ကွဲမှုမဖြစ်ခဲ့ဘူးလို့ ပြောကြားခဲ့ပါတယ်။ ဒီနေ့အစောပိုင်းမှာ IDF က သူတို့ရဲ့တို-က်ခို-က်မှုတွေဟာ ဘေရွတ်တောင်ပိုင်းဆင်ခြေဖုံး Dahieh မှာရှိတဲ့ ဟစ်ဇဘိုလာ လေကြောင်းယူနစ်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071