Friday, June 20, 2025

လျှပ်စစ်နှင့် ဆိုလာဓာတ်အားစနစ်သုံးရေတင်စီမံ ကိန်းတို့ဖြင့် မိုးစပါးဧက(၃,၉၀၉)ဧက...

မကွေးတိုင်း၊ မင်းဘူးခရိုင်တွင် လျှပ်စစ်နှင့် ဆိုလာဓာတ်အားစနစ်သုံးရေတင်စီမံကိန်းတို့ဖြင့် မိုးစပါးဧက(၃,၉၀၉) ဧကစိုက်ပျိုးသွားမည်ဟု မင်းဘူးခရိုင်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန (ရေအရင်းမြစ်)ထံမှ သိရသည်။ မင်းဘူးခရိုင်အတွင်း သီးနှံစိုက်စွမ်းအားနှင့် သီးနှံအထွက်နှုန်းတိုးတက်မြင့်မားစေရန်ရည်ရွယ်၍ ဇွန်...

တောင်ငူမြို့ ခပေါင်းချောင်းရေ မြင့်တက်လာမှုကြောင့် ဒေသခံအိမ်ထောင်စု...

တောင်ငူမြို့တွင် ခပေါင်းချောင်းရေ မြင့်တက်လာမှုကြောင့် ကင်းဆိပ်ကျေးရွာအပါအဝင် ချောင်းနဘေးကျေးရွာနေ ဒေသခံအိမ်ထောင်စု (၂,၀၀၀) ခန့် ဘေးလွတ်ရာသို့ ပြောင်းရွှေ့နေကြရကြောင်း သိရသည်။ ချောင်းရေမြင့်တက်လာခြင်းကြောင့် တောင်ငူမြို့ ကင်းဆိပ်ရွာအပြင်...

အနောက်တောင်မုတ်သုံလေ အားအလွန်ကောင်းလာနိုင်ခြင်းကြောင့် မိုးကြီးခြင်းနှင့် မိုးသက်လေပြင်းတို-က်ခတ်ခြင်းဖြစ်ပေါ်နိုင်ဟု...

အနောက်တောင်မုတ်သုံလေ အားအလွန်ကောင်းလာနိုင်ခြင်းကြောင့် ယခုရက်ပိုင်း ဇွန်လ (၂၀) ရက်မှ (၂၅) ရက်အတွင်း တိုင်းနှင့် ပြည်နယ်များအလိုက် မိုးကြီးခြင်းနှင့် မိုးသက်လေပြင်းတို-က်ခ-တ်ခြင်းများဖြစ်ပေါ်နိုင်သည်ဟု မိုး/ဇလ...

အီရန်ကို တို-က်မတို-က် နှစ်ပတ်အတွင်း ဆုံးဖြတ်မည်

တေရန်၏ နျူကလီးယားအစီအစဉ်များနှင့် ပတ်သက်ပြီး စေ့စပ်ညှိနှိုင်းမှုများကို အသစ်တဖန်ပြန်စနိုင်ရေးအတွက် အခွင့်အရေးပေးသည့်အနေဖြင့် အစ္စရေးနှင့် အီရန်ပဋိပက္ခတွင် အမေရိကန်စစ်တပ်က တို-က်ရို-က်ပါဝင်မည်လားဆိုသည်ကို နှစ်ပတ်အတွင်း သူဆုံးဖြတ်သွားမည်ဖြစ်ကြောင်း အမေရိကန်သမ္မတ...
HomeNewsLocal Newsမန္တလေးမြို့ ဧရာဝတီမြစ်ရေတိုးဝင်လာမှု အန္တရာယ်ကို...

မန္တလေးမြို့ ဧရာဝတီမြစ်ရေတိုးဝင်လာမှု အန္တရာယ်ကို မပေါ့ဆကြရန်နှင့် အမြဲသတိရှိကြရန် မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေး ဗဟိုကော်မတီ တို-က်တွန်းနှိုးဆော်

မန္တလေးမြို့ ဧရာဝတီမြစ်ရေတိုးဝင်လာမှု အန္တရာယ်ကို မပေါ့ဆကြရန်နှင့် အမြဲသတိရှိကြရန် မန္တလေးတိုင်း လူမှုကယ်ဆယ်ရေးဗဟိုကော်မတီက ယနေ့တွင် တို-က်တွန်းနှိုးဆော်ထားသည်။

“ငလျင် ရဲ့ နောက်ဆက်တွဲ ဆိုးကျိုးအနေနဲ့ မျက်စိနဲ့မြင်ရနိုင်တဲ့ မြေသားကြံ့ခိုင်မှုလျော့နည်းသွားတဲ့ အက်ကွဲကြောင်းဖြစ်စဉ်တွေကလည်း အများအပြားဖြစ်ပေါ်ခဲ့ပါတယ်။ အနှံ့အပြားလဲ ရှိခဲ့ပါတယ်။ ဒါကြောင့်မလို့ ကျွန်တော်တို့ မြစ်ကမ်းဘေးမှာ နေထိုင်တဲ့ပြည်သူတွေ အနေနဲ့ သာမန်မြစ်ရေဝင်ရောက်မှုသာမက မြေသားကြံ့ခိုင်မှု လျော့နည်းသွားခြင်း ဖြစ်စဉ်တွေဖြစ်ခဲ့တဲ့ဒေသတွေ ကိုယ်တိုင် ငလျင်ဒဏ်ကိုပြင်းပြင်းထန်ထန် ခံစားခဲ့ရတဲ့ဒေသတွေအနေနဲ့ ရေတိုးဝင်လာမှု အန္တရာယ်ကို မပေါ့ဆကြဖို့ အမြဲသတိရှိကြဖို့လဲ ကျွန်တော်တို့က တို-က်တွန်းပါတယ် အကြံပြုပါတယ်”ဟု မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ ဗဟိုကော်မတီ ဒုတိယဥက္ကဌ ဦးလှိုင်မင်းဦး ပြောကြားထားသည်။

လက်ရှိ မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့အနေဖြင့် သဘာဝဘေးအန္တရာယ် ကြုံတွေ့လာပါက ကူညီကယ်ဆယ်ရန် စနစ်တကျ စုဖွဲ့ပြင်ဆင်ခြင်း၊ လေ့ကျင့်သင်ကြားခြင်းဖြင့် အသင့်ပြင်ဆင်ထားပြီးဖြစ်ကြောင်း ဆိုသည်။

ထို့ကြောင့် ငလျင်သင့်ဒေသအပါအဝင် နိုင်ငံတစ်ဝန်းရှိ မြစ်ချောင်းများအနီးနှင့်မြေနိမ့်ပိုင်းနေထိုင်သူ ပြည်သူများအနေဖြင့် သဘာဝဘေးအန္တရာယ်ကြုံတွေ့လာပါက မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့အပြင် ဒေသတွင်းလူမှုကယ်ဆယ်ရေးအဖွဲ့များနှင့် သက်ဆိုင်ရာ အုပ်ချုပ်ရေးပိုင်းတာဝန်ရှိသူများဖြင့် ပူးပေါင်းပါဝင်ကြရန် တို-က်တွန်းနှိုးဆော်ထားသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

လျှပ်စစ်နှင့် ဆိုလာဓာတ်အားစနစ်သုံးရေတင်စီမံ ကိန်းတို့ဖြင့် မိုးစပါးဧက(၃,၉၀၉)ဧက စိုက်ပျိုးမည်

မကွေးတိုင်း၊ မင်းဘူးခရိုင်တွင် လျှပ်စစ်နှင့် ဆိုလာဓာတ်အားစနစ်သုံးရေတင်စီမံကိန်းတို့ဖြင့် မိုးစပါးဧက(၃,၉၀၉) ဧကစိုက်ပျိုးသွားမည်ဟု မင်းဘူးခရိုင်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန (ရေအရင်းမြစ်)ထံမှ သိရသည်။ မင်းဘူးခရိုင်အတွင်း သီးနှံစိုက်စွမ်းအားနှင့် သီးနှံအထွက်နှုန်းတိုးတက်မြင့်မားစေရန်ရည်ရွယ်၍ ဇွန် ၂၂ ရက်မှစတင်ကာ တညောင်လျှပ်စစ်ရေတင်စီမံကိန်းမှ(၁,၉၈၁)ဧက၊ ရေပုတ်ကလေးဆိုလာဓာတ်အားပေးစနစ်စီမံကိန်းမှ(၁၀၀)ဧက၊ ကျောင်းကုန်းကြီး ဆိုလာဓာတ်အားပေးစနစ်စီမံကိန်းမှ(၂၄၀)ဧကတို့ကို ရေပေးဝေသွားမည်ဖြစ်ကြောင်း သိရသည်။ ထို့ပြင် ရွာသာကြီးဆိုလာဓာတ်အားပေးစနစ် စီမံ ကိန်းမှ(၅၀၀)ဧက၊ ဘုရားကုန်းဆိုလာဓာတ်အားပေးစနစ်စီမံကိန်းမှ(၈၂)ဧက၊ အောင်ပင်လယ်လျှပ်စစ်စီမံကိန်းမှ(၇၈)ဧက၊ ကျောက်စံလျှပ်စစ်နှင့် ဆိုလာဓာတ်အားစနစ်စီမံကိန်းမှ(၅၂၅)ဧက၊ ကန်းနီဆိုလာဓာတ်အားပေးစနစ်ရေတင်စီမံကိန်းမှ(၄၀၃)ဧကတို့ကိုလည်း ရေပေးဝေသွားမည်ဖြစ်ကြောင်း သိရသည်။ မင်းဘူးခရိုင်အတွင်း မူလဆည်ရေသောက်ဧရိယာနှင့် မိုးကောင်းသောက်ဧရိယာများ၊ အစိုးရဆည်တမံများ၊ လျှပ်စစ်မြစ်ရေတင်စီမံကိန်းများ၊ မြေအောက်ရေစုပ်တင်ခြင်းများ၊ မိုးကောင်းသောက်စနစ်များ စသော ရေရရှိရေးနည်းလမ်းများဖြင့်...

တောင်ငူမြို့ ခပေါင်းချောင်းရေ မြင့်တက်လာမှုကြောင့် ဒေသခံအိမ်ထောင်စု (၂,၀၀၀)ခန့် ဘေးလွတ်ရာသို့ ပြောင်းရွှေ့နေရ

တောင်ငူမြို့တွင် ခပေါင်းချောင်းရေ မြင့်တက်လာမှုကြောင့် ကင်းဆိပ်ကျေးရွာအပါအဝင် ချောင်းနဘေးကျေးရွာနေ ဒေသခံအိမ်ထောင်စု (၂,၀၀၀) ခန့် ဘေးလွတ်ရာသို့ ပြောင်းရွှေ့နေကြရကြောင်း သိရသည်။ ချောင်းရေမြင့်တက်လာခြင်းကြောင့် တောင်ငူမြို့ ကင်းဆိပ်ရွာအပြင် အနီးပတ်ဝန်းကျင် ကျေးရွာများဖြစ်သည့် ရေချမ်း၊ ဆင်ချေပုန်းရပ်ကွက်၊ ကျွန်းတောကုန်းစသည့်တို့မှ ဒေသခံများ ပြောင်းရွှေ့နေကြရခြင်းဖြစ်သည်။ " အခု ခပေါင်းချောင်းရေကြီးတာက ရုတ်တရက် ရေကြီးရေလျှံတာလို့ ပြောလို့ရတယ်။ သူက ချက်ချင်းတက်ချက် ချင်းပြန်ကျတဲ့ အခြေအနေပါ။ ဟိုလို မြစ်ရေတက်လာပြီး ရက်ကြာရေကြီးတဲ့ပုံမျိုးမဟုတ်ပါဘူး အခုတော့ ဆုံးရှုံးနိုင်တဲ့ လူတို့‌၊ ဝက်တို့၊ ဆိုင်ကယ် တန်ဖိုးရှိတာတွေ ပြောင်းရွှေ့ပေးနေပါတယ်"ဟု...

အနောက်တောင်မုတ်သုံလေ အားအလွန်ကောင်းလာနိုင်ခြင်းကြောင့် မိုးကြီးခြင်းနှင့် မိုးသက်လေပြင်းတို-က်ခတ်ခြင်းဖြစ်ပေါ်နိုင်ဟု မိုး/ဇလ အသိပေး

အနောက်တောင်မုတ်သုံလေ အားအလွန်ကောင်းလာနိုင်ခြင်းကြောင့် ယခုရက်ပိုင်း ဇွန်လ (၂၀) ရက်မှ (၂၅) ရက်အတွင်း တိုင်းနှင့် ပြည်နယ်များအလိုက် မိုးကြီးခြင်းနှင့် မိုးသက်လေပြင်းတို-က်ခ-တ်ခြင်းများဖြစ်ပေါ်နိုင်သည်ဟု မိုး/ဇလ အသိပေးထားသည်။ ထို့ကြောင့် ပြည်သူလူထုအနေဖြင့် မိုးရွာသွန်းခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သည့် ရေကြီးခြင်း၊ မြေပြိုခြင်းနှင့် လေပြင်းတို-က်ခ-တ်ခြင်းကြောင့် အဆောက်အအုံများ၊ သစ်ပင်သစ်ကိုင်းများ၊ ဖိုင်ဘာလိုင်းနှင့် လျှပ်စစ်ဓာတ်အားလိုင်းများ ပြိုကျယိုင်လဲခြင်းစသော သဘာဝဘေး အန္တရာယ်တို့ ဖြစ်ပေါ်နိုင်သည့်အတွက် ကုန်းမြင့်ဒေသများအနီးတွင် နေထိုင်ကြသူ များအနေဖြင့် မိုးကြိုးပစ်ခြင်းနှင့် မြေပြိုမှုအန္တရာယ်ကို သတိပြုနေထိုင်ကြရန် နှိုးဆော်ထားသည်။ ထို့ပြင် မြန်မာ့ကမ်းရိုးတန်တလျှောက် မြစ်ငယ်ချောင်းငယ်များအနီးနှင့် မြေနိမ့်ပိုင်းတွင် နေထိုင်ကြသူများအနေဖြင့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071