ယနေ့ မေ(၁၁)ရက်၌ မန္တလေးမြို့ မဟာမုနိရုပ်ရှင်တော်ဘုရားကြီးအား တစ်ရက်တာ အနီးကပ်ဖူးမျှော်ခွင့်ရရှိရန် ဂေါပကအဖွဲ့က ခွင့်ပြုပေးထားကြောင်း သိရသည်။
ယနေ့တွင် ရုပ်ပွားတော်မြတ်အား အတွင်းတော်အထိ ဝင်ရောက်ဖူးမျှော်ခွင့်ပြုထားပြီး၊ ဘုရားအရှေ့တောင်ထောင့်ရှိဗောဓိညောင်ပင်တွင်လည်း အနယ်နယ်အရပ်ရပ်ရှိ ဘုရားဖူးပြည်သူများ ညောင်ရေသွန်းမှုများဖြင့် စည်းကားလျက်ရှိသည်ဟု ဒေသခံသတင်းရင်းမြစ်တစ်ဦးက ပြောသည်။
“ဘုရားဆောင်းတန်းတစ်လျှောက်ကို ယာယီထောက်တိုင်တွေထောက်ပေးထားပါတယ်။ ဒီနေ့ ဂေါပကအဖွဲ့က ဘုရားကိုအနီးကပ်ဖူးခွင့်ရအောင်ဆောင်ရွက်ပေးထားပါတယ်”ဟု ၎င်းကဆိုသည်။
ပြီးခဲ့သည့် ဧပြီ(၁၇)ရက်(မြန်မာနှစ်ဆန်း (၁)ရက်နေ့)တွင်လည်း မဟာမုနိရုပ်ရှင်တော်မြတ်ကြီးအား ဘုရားဖူးများ ရုပ်ပွားတော်ကို ကနဦး အနီးကပ်ဖူးမျော်နိုင်ရန် LED ထားရှိကာ ဖူးမျှော်ခွင့်ပြုခဲ့သည်။
မတ်လ (၂၈)ရက်က မန္တလေးမြို့တွင်ဖြစ်ပွားခဲ့သော အင်အားပြင်း ငလျင်ကြောင့် မဟာမုနိရုပ်ရှင်တော်မြတ်ကြီးနှင့် ပုရဝုဏ်အတွင်း အဆောက်အအုံများ ထိခို-က်ပျ-က်ဆီးခဲ့ရသည်။