မန္တလေးမြို့နေပြည်သူများ ဆန်၊ ဆီ၊ အသား/ငါး အပါအဝင် စားသောက်ကုန်များအား သက်သာသောနှုန်းထားဖြင့် ဝယ်ယူနိုင်ရေး ဈေးရောင်းကား(၂) စီးဖြင့် လှည့်လည်ရောင်း ချပေးနေနေကြောင်း သိရသည်။
ထိုသို့ ရောင်းချပေးရာ၌ မန္တလေးမြို့ (၆)မြို့နယ်အတွင်း လှည်လည်ရောင်းချပေးနေခြင်းဖြစ်ပြီး မဟာအောင်မြေမြို့နယ်၊ တက္ကသိုလ်ရပ်ကွက်၊ (၇၃)လမ်း အခြေခံစားသောက်ကုန်အရောင်းဆိုင် (၁)၊ ပြည်ကြီးတံခွန်မြို့နယ်၊ (စ)ရပ် ကွက်၊ (၁၂၆) လမ်း၊ (၅၈) လမ်းနှင့် ၅၈(A)လမ်းကြားရှိ အခြေခံစားသောက်ကုန် အရောင်းဆိုင်(၂)တွင် လှည့်လည်ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
အခြေခံစားသောက်ကုန်ဈေးနှုန်းများအနေဖြင့် ဆန် (၁) ပြည် ကျပ် (၄,၀၀၀)၊ ဆီ (၁) ပိဿာ ကျပ်(၈,၅၀၀)၊ ဆား (၅၀) ကျပ်သား (၆၅၀) ကျပ်၊ ငရုတ်သီးအ ကြမ်းမှုန့် (၁၀) ကျပ်သား (၁,၅၀၀)ကျပ်၊ ကုလားပဲ (၂၅) ကျပ်သား (၁,၈၀၀) ကျပ်၊ ဝက်သား (၁) ပိဿာ (၂၆,၀၀၀) ကျပ်၊ အမဲ (၁) ပိဿာ (၂၅,၀၀၀) ကျပ်၊ ဆိတ်သား (၁) ပိဿာ (၂၈,၀၀၀) ကျပ်၊ ကြက်သား (၁) ပိဿာ (၂၀,၀၀၀) ကျပ်၊ ငါးမျိုးစုံ၊ ဟင်းသီးဟင်းရွက်မျိုးစုံ၊ ကြက်ဥတစ်လုံး (၄၀၀) ကျပ်နှင့် ဘဲဥတစ် လုံး (၅၅၀) ကျပ်တို့ဖြင့် အသီးသီးရောင်းချပေးနေကြောင်း သိရသည်။
အဆိုပါ ရောင်းချပေးမှုအား မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ လမ်းညွန်မှုဖြင့် ဈေးနှင့် သားသတ်ဌာနက ကြီးကြပ်၍ ရောင်းချပေးနေခြင်း ဖြစ်သည်။