မန္တလေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ငလျင်ဒ-ဏ်ထိခိုက်ခံစားခဲ့ရသည့် အငယ်စားနှင့် အလတ်စားလုပ်ငန်းများအတွက် ကျပ်သိန်း (၄၀) မှ သိန်း(၁၀၀) အထိ ပေးအပ်သွားမည့် ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP Myanmar) ၏ ငွေကြေးအထောက်အပံ့များ လျှောက်ထားနိုင်ပြီဖြစ်ကြောင်း အသိပေးထားသည်။
အဆိုပါ တိုင်းဒေသကြီးအတွင်းရှိ ပထမအသုတ် အငယ်စားနှင့်အလတ်စားလုပ်ငန်း (၂၀၀) အတွက် UNDP က ငွေကြေးထောက်ပံ့မှုများ ပေးအပ်ပံ့ပိုးသွားမည်ဖြစ်သည်။
ထို့ကြောင့် တရားဝင်မှတ်ပုံတင်ထားသော လုပ်ငန်းများ (Formal SMEs) လျှောက်ထားနိုင်သကဲ့သို့ လုပ်ငန်းသက်တမ်း (၁) နှစ်အောက်သာ ရှိသေးသည့် သက်တမ်းနုလုပ်ငန်းများလည်း လျှောက်ထားနိုင်ကြောင်း သိရသည်။
အထူးဦးစားပေးအနေဖြင့် အမျိုးသမီးများ ဦးဆောင်ပိုင်ဆိုင်သည့် လုပ်ငန်းများတွင် အနည်းဆုံး ၆၀ ရာခိုင်နှုန်းကို ဦးစားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
လျောက်ထားမည့်သူများအနေဖြင့် အသေးစိတ်အချက်အလက်ကို ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP Myanmar) က ဖော်ပြထားသည့် ဖုန်းနံပါတ်ကတစ်ဆင့် စုံစမ်းနိုင်ပြီး လျှောက်လွှာများကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ (၅) ရက်တွင် နောက်ဆုံးထားပေးပို့လျှောက်ထားနိုင်ကြောင်း သိရသည်။
၂၀၂၅ ခုနှစ် မတ်လ ငလျင်ဖြစ်စဉ်အတွင်း စီးပွားရေးလုပ်ငန်းအများအပြားသည် အခက်အခဲများတွေ့ခဲ့ရပြီး လုပ်ငန်းလည်ပတ်မှုအချို့ကို ရပ်တန့်ခဲ့ရကြောင်း သိရသည်။
