မန္တလေးတွင် ပြိုကျရန် အန္တရာယ်ရှိနေသည့် အဆောက်အဦးထဲမှ ကျပ်သိန်း (၄,၀၀၀) ကျော်ဖိုး ရွှေနှင့် ငွေသားခိုးယူသူများကို ဖမ်းမိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်တွင် အခင်းဖြစ် အဆောက်အဦးပိုင်ရှင်သည် ငလျင်ဘေးကြောက်သောကြောင့် မျက်နှာချင်းဆိုင်လမ်းတစ်ဘက်ရှိ တိုက်ခန်းမြေညီထပ်၌ သွားရောက်အိပ်နေချိန် ၎င်းပိုင်ဆိုင်သည့် ရွှေထည်များနှင့် ကျပ်သိန်း (၂,၀၀၀) ခန့် စုစုပေါင်းကျပ်သိန်း (၄,၃၀၀)ကျော် ပျော-က်ဆုံးခဲ့ခြင်း ဖြစ်သည်။
အဆိုပါ ရဲစခန်း၌ အမှုဖွင့်ခဲ့ပြီးနောက် လုံခြုံရေးတပ်ဖွဲ့က စုံစမ်းဖော်ထုတ်ရာ ပျေ-ာက်ဆုံးမှုဖြစ်ပွားခဲ့သည့် တိုက်ခန်းနှင့်ကပ်လျက်ရှိ ဆောက်လက်စအဆောက်အဦးရှိ အလုပ်သမားတစ်ဦး ပျေ-ာက်ဆုံးနေရာမှ ခြေရာခံ စုံစမ်းခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။
စုံစမ်းမှုများအရ ယင်းအလုပ်သမားကို ၎င်းနှင့်အတူ ခိုးရာပါပစ္စည်း သိမ်းဆည်းပေးသူများကိုပါ တပ်ကုန်းမြို့နယ်၊ လက်ပံကျေးရွာ၌ ဖမ်းမိခဲ့ကြောင်း သိရသည်။