Saturday, June 13, 2026

လဝက၏ (၃၁)နှစ်မြောက် နှစ်ပတ်လည်နေ့အထိမ်းအမှတ်စုပေါင်းသွေးလှူဒါန်း

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၏ ဇွန် ၁၅ ရက်တွင်ကျရောက်မည့် (၃၁) နှစ်မြောက်နှစ် ပတ်လည်နေ့ကို ကြိုဆိုဂုဏ်ပြုသည့်အနေဖြင့် ဝန်ကြီးရုံးနှင့် ဦးစီးဌာနများမှဝန်ထမ်းများက ဇွန် ၁၂...

အထူးကုဆရာဝန်ကြီးများက ကျောက်မဲမြို့နှင့် အနီးတစ်ဝိုက်မှ ဒေသခံတိုင်းရင်းသားပြည်သူများအား...

လားရှိုးပြည်သူ့ ဆေးရုံကြီးနှင့် ကျောက်မဲပြည်သူ့ဆေးရုံမှ အထူးကုဆရာဝန်ကြီးများသည် ကျောက်မဲမြို့နှင့် အနီးတစ်ဝိုက်မှ ဒေသခံတိုင်းရင်းသားပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးခဲ့ကြသည်။ ကွင်းဆင်းကျန်းမာရေး စောင့်ရှောက်မှုအနေဖြင့် လာရောက်ပြသသူများအား နှစ်သိမ့်ဆွေးနွေးပညာပေး၍ အိပ်ချ်အိုင်ဗွီ၊...

ရန်ကုန်အပါအဝင် ဒေသအချို့တွင် မိုးကြီးပြီး မိုးသက်လေပြင်းတိုက်ခတ်နိုင်

ရန်ကုန်တိုင်းဒေသကြီးအပါအဝင် တိုင်းနှင့် ပြည်နယ်အချို့တွင် နေရာကွက်၍ မိုးကြီးနိုင်သလို မိုးသက်လေပြင်းတို-က်ခတ်ခြင်းများလည်း ဖြစ်ပေါ်နိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည်။ မိုးဇလ၏ ထုတ်ပြန်ချက်အရ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊...

အင်ဒိုနီးရှားက မြန်မာ့ငြိမ်းချမ်းရေး ကြိုးပမ်းမှုကိုကူညီမည်

ဇွန်လ ၁၀ ရက် အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး ဆူဂျီယိုနို က မြန်မာနိုင်ငံတွင် အားလုံးပါဝင်ပြီး ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင်ရန် အင်ဒိုနီးရှားနိုင်ငံအနေဖြင့် ပံ့ပိုးကူညီသွားမည့်...
HomeNewsLocal Newsမန္တလေးတက္ကသိုလ် နှစ်(၁၀၀)ပြည့်အကြို ပြခန်းများခင်းကျင်းပြသ

မန္တလေးတက္ကသိုလ် နှစ်(၁၀၀)ပြည့်အကြို ပြခန်းများခင်းကျင်းပြသ

မန္တလေးတက္ကသိုလ် နှစ်(၁၀၀)ပြည့်အထိမ်းအမှတ် ရာပြည့်သဘင်အားအောက်တိုဘာ ၄ ရက်တွင်ကျင်းပသွားမည်ဖြစ်ရာ ရာပြည့်သဘင်အကြိုအဖြစ် ရာပြည့်ဂုဏ်ပြုမဂ္ဂဇင်း၊ အမှတ်တရပစ္စည်းများရောင်းချခြင်းနှင့် သမိုင်းမှတ်တမ်းဓာတ်ပုံများ၊ ပန်းချီကားများခင်းကျင်းပြသခြင်းအခမ်းအနားကို ယနေ့ ဇူလိုင် ၄ ရက်နံနက်ပိုင်းက ကျင်းပခဲ့သည်။

မန္တလေးတက္ကသိုလ်အဝင်လမ်း၊ ၁၉၂၅ ခုနှစ် ဇူလိုင်  ၄ ရက်တွင် မန္တလေးဥပစာကောလိပ်အဖြစ်စတင်ဖွင့်လှစ်ခဲ့သည့် သမိုင်းဝင်အုတ်တိုက်နီအဆောက်အဦးတွင်ကျင်းပရာ မန္တလေးတိုင်းဝန်ကြီးချုပ်ဦးမျိုးအောင်နှင့် အငြိမ်းစား ဆရာကြီး၊ ဆရာမကြီးများ၊ ကျောင်းသား၊ကျောင်းသူဟောင်းများ၊ ပါမောက္ခ ချုပ်များ၊ ဆရာ၊ ဆရာမများတက်ရောက်ခဲ့ကြသည်။

တိုင်းဝန်ကြီးချုပ်ဦးမျိုးအောင်မှ မန္တလေးတက္က သိုလ်နှစ်(၁၀၀)ပြည့် ကျင်းပရေးကော်မတီမှ ရာပြည့်အထိမ်းအမှတ် ဂုဏ်ပြုမဂ္ဂဇင်းများနှင့် အမှတ်တရလက်ဆောင်ပစ္စည်းရောင်းချပေးနေမှု၊ သမိုင်းဝင်မှတ်တမ်းဓာတ်ပုံများနှင့် ပန်းချီကားများပြသထားမှုတို့ကို ကြည့်ရှုအားပေးပြီး ရာပြည့်သဘင်အတွက် မြန်မာ-ဂျပန် စီးပွားရေးလုပ်ငန်းရှင်များအသင်းမှလှူဒါန်းသည့် ငွေကျပ်သိန်း(၁၀၀)၊ မန္တလေးတက္ကသိုလ် ကျောင်းသူဟောင်းဒေါ်ခင်စောဦးမှ ဒုတိယအကြိမ်အဖြစ်လှူဒါန်းသည့် ငွေကျပ်သိန်း (၅၀)တို့အား လက်ခံရယူခဲ့သည်။

ထို့နောက် ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၄ ရက်တွင်ကျရောက်သည့် အမိတက္ကသိုလ်မွေးနေ့အထိမ်းအမှတ် မွေးနေ့ကိတ်အား ဆရာကြီး၊ ဆရာမကြီးများ၊ မြို့မိမြို့ဖများ၊ ကျောင်းသား၊ ကျောင်းသူဟောင်းများနှင့်အတူလှီးပြီး စတုဒိသာကျွေးမွေးမှုများပြုလုပ်ခဲ့ကြသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

လဝက၏ (၃၁)နှစ်မြောက် နှစ်ပတ်လည်နေ့အထိမ်းအမှတ်စုပေါင်းသွေးလှူဒါန်း

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၏ ဇွန် ၁၅ ရက်တွင်ကျရောက်မည့် (၃၁) နှစ်မြောက်နှစ် ပတ်လည်နေ့ကို ကြိုဆိုဂုဏ်ပြုသည့်အနေဖြင့် ဝန်ကြီးရုံးနှင့် ဦးစီးဌာနများမှဝန်ထမ်းများက ဇွန် ၁၂ ရက်နံနက်ပိုင်းတွင် နေပြည်တော်ပြည်သူ့ဆေးရုံကြီး (ခုတင်-၁၀၀၀) ရှိ သွေးလှူဘဏ်ခန်းမဆောင်၌ စုပေါင်းသွေးလှူဒါန်းခဲ့ကြသည်။ ထိုသို့ စုပေါင်းသွေးလှူဒါန်းမှုကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမြင့်ကြိုင်၊ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန် ကြီးဒေါက်တာသက်ခိုင်ဝင်းနှင့် တာဝန်ရှိသူများကြည့်ရှုအားပေးခဲ့ကြသည်။ ကျန်းမာရေးဝန်ထမ်းများကသွေးလှူဒါန်းမည့် ဝန်ထမ်းများအား သွေးပေါင်ချိန်တိုင်းစစ်ဆေးမှု၊ သွေးအမျိုးအစားခွဲခြားသတ်မှတ်မှုနှင့် သွေးအလှူရှင်အား နည်းပညာအသုံးပြုမှတ်တမ်းတင်နေမှုတို့ကိုကြည့်ရှုပြီး သွေးလှူရှင်များကိုအာဟာရဖြည့်စွက်စာများ ထောက်ပံ့ပေးအပ်ခဲ့ကြသည်။

အထူးကုဆရာဝန်ကြီးများက ကျောက်မဲမြို့နှင့် အနီးတစ်ဝိုက်မှ ဒေသခံတိုင်းရင်းသားပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုပေး

လားရှိုးပြည်သူ့ ဆေးရုံကြီးနှင့် ကျောက်မဲပြည်သူ့ဆေးရုံမှ အထူးကုဆရာဝန်ကြီးများသည် ကျောက်မဲမြို့နှင့် အနီးတစ်ဝိုက်မှ ဒေသခံတိုင်းရင်းသားပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးခဲ့ကြသည်။ ကွင်းဆင်းကျန်းမာရေး စောင့်ရှောက်မှုအနေဖြင့် လာရောက်ပြသသူများအား နှစ်သိမ့်ဆွေးနွေးပညာပေး၍ အိပ်ချ်အိုင်ဗွီ၊ ကာလသားရောဂါနှင့် ဌက်ဖျားရောဂါပိုး ရှိ၊ မရှိ သွေးစစ်ဆေးပေးခြင်း၊ ဆေးစိမ်ခြင်ထောင်များ ဖြန့်ဝေပေးခြင်းတို့ကို ဆောင်ရွက်ပေးခြင်း ဖြစ်သည်။ ထို့အတူ အထွေထွေရောဂါ၊ ကလေးကျန်း မာပညာ၊ ခွဲစိတ်ကုပညာ၊ သားဖွားမီးယပ်ပညာ၊ အရိုး၊ အကြောရောဂါပညာ၊ မျက်စိ၊ နား၊ နှာခေါင်း၊  လည်ချောင်း၊ ဦးခေါင်းနှင့်လည်ပင်းရောဂါပညာ၊ သွားနှင့်ခံတွင်းရောဂါ၊ အကြော၊ အဆစ်နှင့် ပြန်လည်သန်စွမ်းရေးနှင့် ဓါတ်မှန်နှင့်ပုံရိပ်ဖော်စသည့်...

ရန်ကုန်အပါအဝင် ဒေသအချို့တွင် မိုးကြီးပြီး မိုးသက်လေပြင်းတိုက်ခတ်နိုင်

ရန်ကုန်တိုင်းဒေသကြီးအပါအဝင် တိုင်းနှင့် ပြည်နယ်အချို့တွင် နေရာကွက်၍ မိုးကြီးနိုင်သလို မိုးသက်လေပြင်းတို-က်ခတ်ခြင်းများလည်း ဖြစ်ပေါ်နိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည်။ မိုးဇလ၏ ထုတ်ပြန်ချက်အရ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း သိရသည်။ လက်ရှိတွင် ရန်ကုန်တိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့၌ မိုးတိမ်တောင်များ ဖြစ်ထွန်းလျက်ရှိပြီး အဆိုပါ မိုးတိမ်တောင်များ ရွေ့လျားရာ နေရာများတွင် မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတို-က်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပ-စ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071