တက္ကသိုလ်ဝင်တန်းစာမေးပွဲအဖြေလွှာများအားစစ် ဆေးနေစဥ် မန္တလေးငလျင်ကြီးဒဏ်ကြောင့် မီးလောင်မှုဖြစ်ပွားကာ ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် မန္တလေးတိုင်း၊ မဟာအောင်မြေမြို့နယ်ရှိ မန္တလေးတက္ကသိုလ်ပင်မဆောင် အဆောက်အဦးနှင့် ဘွဲ့နှင်း သဘင်ခန်းမတို့အား ပြန်လည်ပြုပြင်မှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။
ထိုသို့ ပြန်လည်ပြုပြင်နေမှုများကို မန္တလေးတိုင်းဝန် ကြီးချုပ်ဦးမျိုးအောင်မှ ယနေ့ သြဂုတ် ၂ ရက်နံနက်ပိုင်းကကြည့်ရှုစစ်ဆေး၍ လုပ်ငန်းခွင်အန္တရာယ် ကင်းရှင်းရေး၊ အရည်အသွေးစံချိန်စံညွှန်းပြည့်မီရေးနှင့် တည်ဆောက်ရေးလုပ်ငန်းများ သတ်မှတ် ကာလအတွင်းပြီးစီးရေး အလေးထားဆောင်ရွက်ရန်တို့ကို မှာကြားခဲ့သည်။
မကြာမီတွင်လည်း မန်းတက္ကသိုလ်ရာပြည့်ပွဲ ကျင်းပနိုင်ရေး ကျောင်းသားဟောင်းများက ကြိုးပမ်းနေကြသဖြင့် ပြင်နေသည့် အဆောက်ဦများ အမှီ ပြီးပါက အမိကျောင်းတော်ကြီးကို ကျက်သရေ အဖြာဖြာနှင့် ကြည်နူးစွာ မြင်တွေ့ ရမည်ဖြစ်သည်။
