မန္တလေးငလျင်ဒ-ဏ်ကြောင့် ထိခိုက်ပျ-က်စီးခဲ့သည့် အားကစားကွင်း/အားကစားရုံများ သတ်မှတ်ချိန်အတွင်း ပြီးစီးရေးမြန်မာနိုင်ငံ အိုလံပစ်ကော်မတီ ဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်ကမှာ ကြားခဲ့ကြောင်း သိရသည်။
မန္တလေငလျင်ဒ-ဏ်ကြောင့် ထိခိုက်ပျ-က်စီးခဲ့သည့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ အားကစားကွင်း/အားကစားရုံများအား ငလျင်အပြီးတည်ဆောက်ရေးလုပ်ငန်းပြန်လည်ပြုပြင်ဆောင်ရွက်နေမှု အခြေအနေမျာကို ဇန်နဝါရီ (၁၈) ရက်က လိုက်လံကြည့်ရှုစစ်ဆေးခဲ့ခြင်းဖြစ်သည်။
အားကစားကွင်း/အားကစားရုံ များအားသတ်မှတ်စံချိန်/စံညွှန်းနှင့်အညီ အရည်အသွေးပြည့်မီစေရေးအတွက် သက်ဆိုင်ရာကုမ္ပဏီ၊ အရည်အသွေးစစ် ဆေးသည့် (QC) ကုမ္ပဏီနှင့် ဝန်ကြီးဌာနမှ တာဝန်ရှိသူများက စိစစ်ကြပ်မတ်ဆောင်ရွက်သွားရန်နှင့် ဘောလုံးကွင်း မြက်ခင်းများ စိမ်းလန်းစိုပြေစေရေး၊ ဘောလုံးကွင်း ရေစိမ့်မြောင်းများနှင့် ရေဖြန်းစနစ်များ ကောင်းမွန်စေရေး၊ ဘောလုံးကွင်းဂိုးတိုင်၊ ဂိုးပိုက်များနှင့် Corner တိုင်များ စနစ်တကျ တပ်ဆင်ထားရှိရေးတို့ကို မှာကြားခဲ့ကြောင်း သိရသည်။
အလားတူ ရေလုံလောက်စွာ ရရှိစေရေးနှင့် ရေလိုင်း၊ မီးလိုင်းများ ကောင်းမွန်စေရေးတို့အတွက် ရေစင်တည်ဆောက်ထားရှိမှုအခြေအနေ၊ မန္တလေးတိုင်းဒေသကြီး အားကစား အဆင့်အတန်း ပိုမိုတိုးတက်မြင့်မားလာစေရေး၊ နွေရာသီ အားကစားသင်တန်းများ ဖွင့်လှစ်သင်ကြားလေ့ကျင့် ပေးနိုင်စေရေး၊ သိပ္ပံသင်တန်းသားနှင့် မျိုးဆက်သစ် လူငယ်အားကစားသမားများ ပိုမိုမွေးထုတ်ပေးနိုင်စေရေးတို့အတွက်အကောင်အထည်ဖော်ဆောင်ရွက်သွားရန် ထပ်မံမှာ ကြားခဲ့သည်။
ထို့နောက် ဗထူးအားကစားကွင်းရှိ ဗထူးမိုးလုံလေလုံ အားကစားရုံသို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကာ မိုးလုံလေလုံ အားကစားရုံ ရေရှည်တည်တံ့စေရေး၊ ခိုငှက်များ မဝင်ရောက်နိုင်စေရေးအတွက် သံဇကာများဖြင့် စနစ်တကျကာရံသွားရန်၊ အားကစားရုံပတ်ဝန်းကျင် သန့်ရှင်းသပ်ရပ်မှုရှိစေရန်နှင့် ပြည်သူများ လာရောက်လေ့ကျင့်ကစားနိုင်စေရေးတို့အတွက် စနစ်တကျ ထိန်းသိမ်းဆောင်ရွက်သွားရန်မှာကြားခဲ့ကြောင်း သိရသည်။
