Sunday, June 28, 2026

The Whole Burma First...

၂၀၂၆ တက္ကသိုလ်ဝင်စာမေးပွဲမှာ မြန်မာတစ်နိုင်ငံလုံး ပထမ(The Whole Burma First)ကို မန္တလေးတိုင်း၊ ချမ်းအေးသာစံမြို့နယ်မှာ နေထိုင်တဲ့ မသီရိစိုးက စုစုပေါင်း ၅၆၂...

မိတ္ထီလာမြို့နယ်တွင် (၆) ဘာသာဂုဏ်ထူးရှင် (၁၅)...

၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်စာရင်းများအား တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ယနေ့ ဇွန် ၂၈ ရက်နံနက် ၆ နာရီမှစတင်၍ သက်ဆိုင်ရာ စာစစ်ဌာနအသီးသီး၌ ကပ်ထားကြေညာခဲ့ကြောင်း...

မိုးလယ်ကာလအတွင်း ဧရာဝတီမြစ်ရေအပါအဝင်မြစ်ရေများ စိုးရိမ်ရေမှတ်အထက် (၁)...

မိုးလယ်ကာလဖြစ်သည့် ဇူလိုင် ၁ ရက်မှ သြဂုတ် ၃၁ ရက်အတွင်း ဧရာဝတီမြစ်ရေအပါအဝင်မြစ်ရေများ စိုးရိမ်ရေမှတ်အထက်သို့ (၁) ကြိမ်ခန့်စီကျော်လွန်ရောက်ရှိနိုင်ကြောင်း မိုးလေဝသနှင့် ဇလဒေဒညွှန်ကြားမှုဦးစီးဌာန၏...

၂၀၂၆ တက္ကသိုလ်ဝင်စာမေးပွဲတွင် တစ်နိုင်ငံလုံးအ တိုင်းအတာဖြင့်...

၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများကို ယနေ့ ဇွန် ၂၈ ရက်ကတစ်ချိန်တည်းတစ်ပြိုင်တည်းထုတ်ပြန်ခဲ့ရာ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အောင် မြင်သူ(၁၃၃,၆၇၃)ဦးရှိခဲ့ကြောင်း မြန်မာနိုင်ငံစာစစ်ဦးစီးဌာန၏ စာရင်းများအရ သိရသည်။ မန္တလေးတိုင်းက...
HomeNewsLocal Newsမန္တလေးငလျင်ကြီးဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှုတန်ဖိုးငွေကျပ်(၃၈၀၄)ဘီလီယံကျော်ရှိခဲ့

မန္တလေးငလျင်ကြီးဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှုတန်ဖိုးငွေကျပ်(၃၈၀၄)ဘီလီယံကျော်ရှိခဲ့

ယနေ့ မေ ၂၉ ရက်မွန်းလွဲပိုင်းက နေပြည် တော်၌ကျင်းပသည့် မန္တလေးငလျင်ကြီးကြောင့် ဘေးဒဏ်သင့်ခဲ့ရသူများအား ကူညီထောက်ပံ့နိုင်ရန်နှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန် စေတနာရှင်၊ အလှူရှင်များ၏ ဒုတိယအကြိမ်မြောက်အလှူငွေများပေးအပ်လှူဒါန်းပွဲတွင် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ၊ နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ထိခိုက်ပျက်စီးမှုများနှင့်ပတ်သက်၍ ထည့်သွင်းပြောကြားခဲ့သည်။

မန္တလေးငလျင်ကြီးဒဏ်ကြောင့် နေပြည်တော်အပါအဝင် တိုင်းနှင့်ပြည်နယ်(၁၀)ခုတွင်ထိခိုက်မှုရှိခဲ့ပြီး (၆)ခုမှာပြင်းထန်စွာခံစားခဲ့ရပြီး နေပြည်တော်အပါအဝင် တိုင်းနှင့် ပြည်နယ်(၁၀)ခုရှိ ရပ်ကွက်(၃၇၄) ခု၊ ကျေးရွာအုပ်စု(၉၄၄)စု၊ ကျေးရွာ(၂၀၈၁)ရွာ၊ အိမ်ထောင်စု(၁၆၂၁၆၇)စု၊ လူဦးရေ(၅၀၆၀၆၉)ဦးဘေးသင့်ခဲ့သည်ဟု ပြောသည်။

” ‌ေ-သဆုံးသူ(၃၇၃၉)ယောက်၊ ပျောက်ဆုံးသူ(၆၈) ယောက်နဲ့၊ ဒဏ်ရာရသူ(၅၁၀၄)ယောက်ရှိပါတယ်။ ဒါ့အပြင် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေဆောင်ရွက်ရာမှာ ပြည်ပနိုင်ငံတွေကလာရောက်ကူညီကြတဲ့ ရှာဖွေကယ်ဆယ်ရေးအဖွဲ့တွေနဲ့ပူးပေါင်းပြီး အ ရေးပေါ်ရှာဖွေကူညီကယ်ဆယ်ရေးလုပ်ငန်းတွေကိုဆောင်ရွက်ခဲ့ကြတာကြောင့် အဆောက်အအုံတွေထဲမှာ ပိတ်မိနေသူ(၆၅၃)ယောက်ကိုအသက်ရှင်လျက်ရှာဖွေကယ်ဆယ်နိုင်ခဲ့ပါတယ်။ ‌ေ-သဆုံးသူ(၈၀၆) ယောက်ကိုလည်း ဖော်ထုတ်ရှာဖွေပေးနိုင်ခဲ့ပါတယ် “ဟု နစက ဥက္ကဋ္ဌက ပြောသည်။

ထို့ပြင် နေအိမ်၊ အဆောက်အဦနှင့် အခြားထိခိုက်ပျက်စီးမှုများအနေဖြင့် လူနေအိမ်(၅၁၂၁၀)လုံး၊ လမ်းလုပ်ငန်း(၄၃၁)ခု၊ တံတား(၁၀၃)စင်း၊ ရထားလမ်းပျက်စီးနေရာ(၈၃)နေရာနှင့် ရထားလမ်းတံ တား(၁၁)စင်း၊ မိုဘိုင်းဆက်သွယ်ရေးစခန်း (၆၇၃၀)ခု၊ မဟာဓာတ်အားလိုင်း(၁၀)လိုင်း၊ ဓာတ်အားလိုင်းတိုင်(၃၄၃၅)တိုင်၊ ဆည်မြောင်း(၅၉၄)ခု၊ တာတမံ(၆)ခု၊ ဌာနအဆောက်အဦ(၁၁၃၃၈)လုံး၊ ဆေးရုံ(၃၈၄)ရုံ၊ ဆေးခန်း(၃၆၄)ခန်း၊ ရှေးဟောင်းအဆောက်အဦနှင့်ပြတိုက်(၁၆၆)ခု၊ အခြေခံပညာကျောင်း(၂၄၀၉)ကျောင်း၊ အဆင့်မြင့်ပညာကျောင်း(၇၂)ကျောင်း၊ ပုဂ္ဂလိကစာသင်ကျောင်း (၉၀)ကျောင်း၊ ဘုရားစေတီ(၆၄၆၉)ဆူ၊ ဘုန်းကြီးကျောင်း/သီလရှင်ကျောင်းနှင့် အခြားဘာသာရေးအဆောက်အဦ(၅၅၈၈)ခု၊ ပုဂ္ဂလိကစက်ရုံ/အလုပ် ရုံ(၃၄၄)ခု၊ သီးနှံ(၇၈ ဒသမ ၅)ဧက၊ တိရိစ္ဆာန် (၁၃၃၇၀၀)ကောင်ထိခိုက်ပျက်စီးခဲ့ရသဖြင့် မူလပျက်စီးဆုံးရှုံးမှုတန်ဖိုးစုစုပေါင်းမှာ ငွေကျပ်(၃၈၀၄ ဒသမ ၅၄၉)ဘီလီယံဖြစ်သည်ဟု ပြောသည်။

ထို့ကြောင့် ငလျင်ဘေးကြောင့်ထိခိုက်ပျက်စီးခဲ့ရသည့် တိုင်းနှင့်ပြည်နယ်များ၌ အရေးပေါ်ရှာဖွေကယ်ဆယ်ရေး၊ အရေးပေါ်ထောက်ပံ့ကူညီရေးလုပ်ငန်းများဆောင်ရွက်ခဲ့ပြီး ယခုအချိန်တွင် အပျက်အစီးများရှင်းလင်းရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို တစိုက်မတ်မတ်ဆက်လက်ဆောင်ရွက်လျက်ရှိသည်ဟု နစက ဥက္ကဋ္ဌက ပြောကြားခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

The Whole Burma First ရခဲ့သူ သမီးလေး မသီရိစိုးကို ဂုဏ်ပြုအနမ်းချွေခဲ့တဲ့ မိဘနှစ်ပါးရဲ့ ကြည်နူးစရာမြင်ကွင်း

၂၀၂၆ တက္ကသိုလ်ဝင်စာမေးပွဲမှာ မြန်မာတစ်နိုင်ငံလုံး ပထမ(The Whole Burma First)ကို မန္တလေးတိုင်း၊ ချမ်းအေးသာစံမြို့နယ်မှာ နေထိုင်တဲ့ မသီရိစိုးက စုစုပေါင်း ၅၆၂ မှတ်နဲ့ရရှိခဲ့ပါတယ်။ သမီးလေးအတွက် ဖေဖေ ဦးတင်အောင်ဝင်း၊ မေမေ ဒေါ်ဦးခင်ကျော့တို့က ဂုဏ်ပြုအနမ်းလက်ဆောင်ပေးနေတဲ့ ကြည်နူးစရာပုံရိပ်ကို ပရိသတ်တွေ ထပ်တူခံစားရအောင် ဖော်ပြပေးလိုက်ပါတယ်။

မိတ္ထီလာမြို့နယ်တွင် (၆) ဘာသာဂုဏ်ထူးရှင် (၁၅) ဦးအပါအဝင် တက္ကသိုလ်ဝင်တန်းအောင်မြင်သူ (၂,၈၆၅) ဦးရှိ

၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်စာရင်းများအား တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ယနေ့ ဇွန် ၂၈ ရက်နံနက် ၆ နာရီမှစတင်၍ သက်ဆိုင်ရာ စာစစ်ဌာနအသီးသီး၌ ကပ်ထားကြေညာခဲ့ကြောင်း သိရသည်။ ထိုသို့ ကြေညာခဲ့ရာ မန္တလေးတိုင်း၊ မိတ္ထီလာမြို့နယ်ရှိ စာစစ်ဌာန (၉) ခု၌ ဝင်ရောက်ဖြေဆိုသည့် ကျောင်းသား/သူ (၄,၅၅၃) ဦးအနက် (၆) ဘာသာဂုဏ်ထူးရှင် (၁၅) ဦး အပါအဝင် တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်မြင်သူ (၂,၈၆၅) ဦး ရှိခဲ့ကြောင်း သိရသည်။ (၆) ဘာသာဂုဏ်ထူးရှင် (၁၅) ဦး၊ (၅) ဘာသာဂုဏ်ထူးရှင်...

မိုးလယ်ကာလအတွင်း ဧရာဝတီမြစ်ရေအပါအဝင်မြစ်ရေများ စိုးရိမ်ရေမှတ်အထက် (၁) ကြိမ်ခန့်စီကျော်လွန်ရောက်ရှိနိုင်

မိုးလယ်ကာလဖြစ်သည့် ဇူလိုင် ၁ ရက်မှ သြဂုတ် ၃၁ ရက်အတွင်း ဧရာဝတီမြစ်ရေအပါအဝင်မြစ်ရေများ စိုးရိမ်ရေမှတ်အထက်သို့ (၁) ကြိမ်ခန့်စီကျော်လွန်ရောက်ရှိနိုင်ကြောင်း မိုးလေဝသနှင့် ဇလဒေဒညွှန်ကြားမှုဦးစီးဌာန၏ ယနေ့ ဇွန် ၂၈ ရက်နံနက်ပိုင်းထုတ်ပြန်ချက်အရ သိရသည်။ ဧရာဝတီမြစ်ရေသည် ဗန်းမော်မြို့၊ ရွှေကူမြို့၊ ကသာမြို့၊ သပိတ်ကျင်းမြို့၊ မန္တလေးမြို့၊ စစ်ကိုင်းမြို့၊ မြင်းမူမြို့၊ ပခုက္ကူမြို့၊ ညောင်ဦးမြို့၊ ချောက်မြို့၊ မင်းဘူးမြို့၊ မကွေးမြို့၊ အောင်လံမြို့၊ ပြည်မြို့၊ ဆိပ်သာမြို့၊ ဟင်္သာတမြို့နှင့် ဇလွန်မြို့တို့တွင် (၁) ကြိမ်ခန့်စီ စိုးရိမ်ရေမှတ်အထက်ကျော်လွန်ရောက်ရှိနိုင်ကြောင်း သိရသည်။ ချင်းတွင်းမြစ်ရေသည်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071