Wednesday, August 5, 2026

ဆည်တော်ကြီးဆည် ရေပြည့်ရန် ၁ပေခွဲခန့်သာ လိုတော့သဖြင့်...

ကျေးရွာအချို့နှင့် ကပ်လျက်ရှိသော ချောင်းဘောင်များမှ ရေများ ကျော်လွန်စီးဝင်နေဖြင့် ပြည်သူများ အရေးပေါ်ပြောင်းရွှေ့ရန် နှိုးဆော် မန္တလေးတိုင်းဒေသကြီးရှိ ဆည်တော်ကြီးဆည်၏ ကန်ရေမှာ ရေပြည့်အမှတ်သို့ (၁)ပေခွဲခန့်သာ လိုတော့သည့်အတွက်...

လေးမျက်နှာမြို့နယ်တွင် ဆက်သွယ်ရေးပြန်လည်ရရှိစေရန် B2B Satellite...

လေးမျက်နှာ၊ သြဂုတ်-၄ ငဝန်မြစ်ရေဝင်ရောက်မှုကြောင့် ဆက်သွယ်ရေးပြတ်တောက်နေသည့် လေးမျက်နှာမြို့နယ်တွင် ဆက်သွယ်ရေးဝန်ဆောင်မှုများ ပြန်လည်ရရှိစေရန် B2B Satellite Terminal ၂ စုံနှင့် Call on...

သမ္မတ ဦးမင်းအောင်လှိုင် ဩဂုတ်လ ၆...

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သမ္မတ ဦးမင်းအောင်လှိုင်ဟာ ထိုင်းဝန်ကြီးချုပ် အနုတင် ချာန်ဗီရာကူးလ်ရဲ့ ဖိတ်ကြားချက်အရ ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၆ ရက်ကနေ ၇...

မိုးညှင်းမြို့၌ မိုးသည်းထန်စွာရွာသွန်း၍ မြို့ပေါ်ရပ် ကွက်များအတွင်း...

ကချင်ပြည်နယ်၊ မိုးညှင်းမြို့၌ ယနေ့ သြဂုတ် ၄ ရက်နံနက်ပိုင်းမှစတင်ပြီး မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြို့ပေါ်ရပ်ကွက်များအတွင်းရှိ နေအိမ်များနှင့် လမ်း များပေါ်သို့ ရေဝင်/ရေကျော်မှုများဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။ ရေလည်ကျွန်းရပ်ကွက်၊...
HomeNewsLocal Newsမန္တလေးကျူးကျော်များရှင်းလင်းရာတွင် နှစ်ပေါင်း၅၀ကျော် အတည်တကျနေထိုင်များပါဝင်နေ၍...

မန္တလေးကျူးကျော်များရှင်းလင်းရာတွင် နှစ်ပေါင်း၅၀ကျော် အတည်တကျနေထိုင်များပါဝင်နေ၍ အသနားခံစာတင်

(Unicode)

မန္တလေးကျူးကျော်များရှင်းလင်းရာတွင် နှစ်ပေါင်း၅၀ကျော် အတည်တကျနေထိုင်များပါဝင်နေ၍ အသနားခံစာတင်

မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီသည် ၂၀၂၂ခုနှစ်ဇန်နဝါရီလမှစပြီး စည်ပင်သာယာနယ်နိမတ်အတွင်းရှိ ကျူးကျော်များကို ဖယ်ရှားရှင်းလင်းနေရာတွင် နှစ်ပေါင်း၅၀ကျော် အတည်တကျနေထိုင်ပြီး စည်ပင်နှင့်ဆိုင်သော အခွန်အခများကို လစဉ်ပုံမှန်ပေးသွင်းလျှက်ရှိသော အခွန်ထမ်းပြည်သူများပါဝင်နေကြောင်း မြို့ခံပြည်သူအချို့ကပြောသည်။

“ကျနော်တို့ဒီမှာနေလာတာ နှစ်ပေါင်းများစွာကြာလာပါပြီ၊ဦးသန်းရွေလက်ထက်၊ဦးသိန်းစိန်လက်ထက်၊NLD လက်ထက်တွေမှာကတည်းက ဒီနေရာမှာ နေခဲ့ကြတာပါ။အစိုးရကိုပေးရမယ့် အခွန်အခအားလုံးကိုလည်း နိုင်ငံသားတစ်ဦးတာဝန်အနေနဲ့ အပြည့်အဝဆောင်ခဲ့ပါတယ်။အခု ကျနော်တို့နေအိမ်ကို ရထားလမ်းဧရိယာနဲ့မလွတ်လို့ဆိုပြီး ဒီလ၁၂ရက်မှာ ဖယ်ရှားပေးရမယ်ဆိုတဲ့စာကို စည်ပင်ကလာပေးသွားပါတယ်။ရှေ့အစိုးရအဆက်ဆက်ကလည်း ကျနော်တို့နေအိမ်တွေ ဖယ်ရှားမခံခဲ့ရပါဘူး။ဒါကြောင့် ကျနော်တို့နေအိမ်တွေ ဖယ်ရှားပေးရမယ့်ကိစ္စအပေါ်ကို လက်ရှိတာဝန်ရှိသူတွေအနေနဲ့ ငဲ့ညှာထောက်ထားပြီး လျော့ပေါ့ပေးပါလို့တောင်းဆိုချင်ပါတယ်” အမရပူရမြို့နယ်ဈေးချိုရပ်ကွက်နေကိုရဲမှ ပြောသည်။

မန္တလေးမြို့တော်စည်ပင်သာယာနယ်နိမိတ်အတွင်း ဖယ်ရှားရှင်းလင်းခံရမည့် ကျူးကျော်နေထိုင်သူများအနေဖြင့် ၊ ရန်ကုန်-မန္တလေးရထားသံလမ်း ဝဲ/ယာ၊ မန္တလေး-မြစ်ကြီးနားရထားသံလမ်း ဝဲ/ယာ၊ မန္တလေး-လားရှိုး ရထားသံလမ်းဝဲ/ယာ၊ ဧရာဝတီမြစ်ကမ်းပါးဘေးများ၊မန္တလေးမြို့ပတ်လမ်း ဝဲယာ အစရှိသည့် နေရာများတွင် နေထိုင်လျှက်ရှိကာ နေထိုင်သူအများစု အခြေခံလူတန်းစားများ ဖြစ်ကြကြောင်းလည်း သိရသည်။

အမရပူရမြို့နယ်ရွှေဂွမ်းထုတ်ရပ်ကွက်နေပြည်သူတစ်ဦးကလည်း “ကျွန်တော်တို့ခုနေနေတဲ့နေရာမှာက လွန်ခဲ့တဲ့နှစ်၄၀လောက်ကတည်းကနေလာကြတာပါ။အခြားဒေသတွေကနေ ကျူးဆောက်လုပ်နေထိုင်ကြသူများ မရှိဘဲ လက်ရှိ အိမ်ခြေအတိုင်း ရပ်ကွက်နေ ဒေသခံပြည်သူများသာ အစဉ်အဆက် နေထိုင်လာကြ
ပြီး ရပ်ကွက်အမည်တောင်ရှိပါတယ်။ကျွန်တော်တို့ရပ်ကွက်မှာတပိုင်တနိုင် မိရိုးဖလာ ရက္ကန်းလုပ်ငန်း လုပ်ကိုင်တဲ့သူတွေ ပန်းရံ၊ သံချည် သံကွေး စတဲ့ အောက်ခြေ အလုပ်တွေကို ရိုးသားစွာ အသက်မွေး ဝမ်းကျောင်းပြုနေကြတဲ့ အခြေခံလူတန်းစားတွေ နေထိုင်ကြပါတယ်။၂၀၁၉ ခုနှစ် Covid-19 ရောဂါ စဖြစ်တဲ့အချိန်ကတည်းကဒီနေ့ထိ ရက္ကန်းလုပ်ငန်းများ ရပ်နားထားရတာတွေ တခြားအခြေခံလုပ်ငန်း ရှားပါးလာတာတွေကို ရင်ဆိုင်နေကြရသူတွေဖြစ်လို့ စားဝတ်နေရေး အကျပ်အတည်း ရင်ဆိုင်နေရပါတယ်။ဒီအချိန်မှာ အစိုးရက အခုလို အိမ်နေရာတွေဖယ်မယ်ဆိုရင် ကျွန်တော်တို့မှာ အိမ်မြေပြန်ဝယ်နိုင်ဖို့နေနေသာသာ
အိမ်ငှားခတောင် ပေးဖို့မလွယ်ရတဲ့အခြေအနေပါ။ဒါကြောင့် တာဝန်ရှိသူများအနေနဲ့ ကျွန်တော်တို့အတွက် စာနာနားလည်ငဲ့ညှာပေးကြပါ။သက်ဆိုင်ရာကိုလည်း အသနားခံစာတင်ပြသွားဖို့လည်းရှိပါတယ်”ဟု ပြောကြားခဲ့သည်။

နစကက ရန်ကုန်နှင့်မန္တလေးအပါအဝင် နိုင်ငံတစ်ဝန်လုံးရှိ လမ်းမြေ၊ မြောင်းမြေ၊ ရထားလမ်းမြေ၊ လျှပ်စစ် ဓာတ်အားလိုင်းနယ်မြေ၊ အစိုးရဌာနဆိုင်ရာမြေနှင့် ပုဂ္ဂလိကပိုင်မြေနေရာ များတွင် ဥပဒေနှင့် ညီညွတ်မှုမရှိဘဲ တရားဝင်ပိုင်ဆိုင်ခွင့်မရှိသူများမှ တရားမဝင် ကျူးကျော် နေထိုင်လျက်ရှိသူများအား ဇန်နဝါရီလအတွင်းနောက်ဆုံးဖယ်ရှားပေးရမည့်ရက်များသတ်မှတ်ပြီး ဖယ်ရှားရန် စီမံချက်ချမှတ်၍ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးထားသည်။

မန္တလေးမြို့တွင် အမှန်တကယ်တရားမဝင် ကျူးကျော်နေထိုင်သူများရှိသော်လည်း သက်ဆိုင်ရာ မြို့နယ်အလိုက် အိမ်ခွန်၊အမှိုက်ခွန်၊လမ်းမီးခွန်တို့အားလစဉ်ပေးဆောင်ပြီးသက်ဆိုင်ရာစည်ပင်သာယာရေးအဖွဲ့မှာ တရားဝင်အိမ်နံပါတ်များချထားပေးခဲ့ကာနေအိမ်များတွင်လည်း တည်ဆဲအစိုးရအသီးသီးက ချထားပေးခဲ့သော လျှပ်စစ်မီတာများရှိသည့်အပြင် မီတာခအားလည်း လစဉ် ပုံမှန်ပေးဆောင်၍ ၎င်းတို့နေထိုင်ရာနေရာများတွင်လည်း အနည်းဆုံးနှစ်ပေါင်း၂၀မှနှစ်ပေါင်း၄၀ကျော် အစဉ်အဆက်နေထိုင်ခဲ့ကြသော ပြည်သူများအတွက် နိုင်ငံတော်အစိုးရမှ နိုင်ငံသားပြည်သူများ၏ အခွင့်အရေးနှင့်ရပိုင်ခွင့်များအတွက် ၎င်းတို့၏ နေအိမ်များ ဖယ်ရှားခံရမည့်အရေးကို လျော့ပေါ့စဉ်းစားပေးစေလိုကြောင်း နေအိမ်ဖယ်ရှားခံရမည့်ပြည်သူများက တညီတညွတ်တည်းပြောဆိုခဲ့ကြသည်။

မန်းစည်ပင်တာဝန်ရှိသူတစ်ဦးက“ ကျနော်တို့အနေနဲ့လည်း ပြည်သူတွေရဲ့နေအိမ်ဖယ်ရှားရမယ့်ကိစ္စအပေါ်စိတ်မကောင်းဖြစ်ရပါတယ်။ခုကိစ္စကလည်း စီမံချက်ချဆောင်ရွက်နေတာဆိုတော့ ကျနော်တို့အနေနဲ့လည်း ပြည်သူကို ဘာမှ မကူညီပေးနိုင်ဘူးဖြစ်နေတယ်။နေအိမ်ဖယ်ရှားခံရမယ့်ပြည်သူတွေအနေနဲ့ နိုင်ငံတော်အဆင့်၊တိုင်းဒေသ ကြီးအဆင့် တာဝန်ရှိသူတွေဆီကို အသနားခံစာတင်ပြီး အထက်အဆင့်ဆင့်က အသနားခံစာအပေါ် နားလည်လက်ခံပြီး လျော့ ပေါ့စဉ်းစားပေးမယ်ဆိုရင် သူတို့နေအိမ်ဖယ်ရှားခံမယ့်ကိစ္စတွေ အဆင်ပြေလာလိမ့်မယ်လို့ ထင်ပါတယ်”ဟု မှတ်ချက်ပြုသည်။

(Zawgyi)

မႏၲေလးက်ဴးေက်ာ္မ်ားရွင္းလင္းရာတြင္ ႏွစ္ေပါင္း၅၀ေက်ာ္ အတည္တက်ေနထိုင္မ်ားပါဝင္ေန၍ အသနားခံစာတင္

မႏၲေလးၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီသည္ ၂၀၂၂ခုႏွစ္ဇန္နဝါရီလမွစၿပီး စည္ပင္သာယာနယ္နိမတ္အတြင္းရွိ က်ဴးေက်ာ္မ်ားကို ဖယ္ရွားရွင္းလင္းေနရာတြင္ ႏွစ္ေပါင္း၅၀ေက်ာ္ အတည္တက်ေနထိုင္ၿပီး စည္ပင္ႏွင့္ဆိုင္ေသာ အခြန္အခမ်ားကို လစဥ္ပုံမွန္ေပးသြင္းလွ်က္ရွိေသာ အခြန္ထမ္းျပည္သူမ်ားပါဝင္ေနေၾကာင္း ၿမိဳ႕ခံျပည္သူအခ်ိဳ႕ကေျပာသည္။

“က်ေနာ္တို႔ဒီမွာေနလာတာ ႏွစ္ေပါင္းမ်ားစြာၾကာလာပါၿပီ၊ဦးသန္းေ႐ြလက္ထက္၊ဦးသိန္းစိန္လက္ထက္၊NLD လက္ထက္ေတြမွာကတည္းက ဒီေနရာမွာ ေနခဲ့ၾကတာပါ။အစိုးရကိုေပးရမယ့္ အခြန္အခအားလုံးကိုလည္း ႏိုင္ငံသားတစ္ဦးတာဝန္အေနနဲ႔ အျပည့္အဝေဆာင္ခဲ့ပါတယ္။အခု က်ေနာ္တို႔ေနအိမ္ကို ရထားလမ္းဧရိယာနဲ႔မလြတ္လို႔ဆိုၿပီး ဒီလ၁၂ရက္မွာ ဖယ္ရွားေပးရမယ္ဆိုတဲ့စာကို စည္ပင္ကလာေပးသြားပါတယ္။ေရွ႕အစိုးရအဆက္ဆက္ကလည္း က်ေနာ္တို႔ေနအိမ္ေတြ ဖယ္ရွားမခံခဲ့ရပါဘူး။ဒါေၾကာင့္ က်ေနာ္တို႔ေနအိမ္ေတြ ဖယ္ရွားေပးရမယ့္ကိစၥအေပၚကို လက္ရွိတာဝန္ရွိသူေတြအေနနဲ႔ ငဲ့ညႇာေထာက္ထားၿပီး ေလ်ာ့ေပါ့ေပးပါလို႔ေတာင္းဆိုခ်င္ပါတယ္” အမရပူရၿမိဳ႕နယ္ေဈးခ်ိဳရပ္ကြက္ေနကိုရဲမွ ေျပာသည္။

မႏၲေလးၿမိဳ႕ေတာ္စည္ပင္သာယာနယ္နိမိတ္အတြင္း ဖယ္ရွားရွင္းလင္းခံရမည့္ က်ဴးေက်ာ္ေနထိုင္သူမ်ားအေနျဖင့္ ၊ ရန္ကုန္-မႏၲေလးရထားသံလမ္း ဝဲ/ယာ၊ မႏၲေလး-ျမစ္ႀကီးနားရထားသံလမ္း ဝဲ/ယာ၊ မႏၲေလး-လားရႈိး ရထားသံလမ္းဝဲ/ယာ၊ ဧရာဝတီျမစ္ကမ္းပါးေဘးမ်ား၊မႏၲေလးၿမိဳ႕ပတ္လမ္း ဝဲယာ အစရွိသည့္ ေနရာမ်ားတြင္ ေနထိုင္လွ်က္ရွိကာ ေနထိုင္သူအမ်ားစု အေျခခံလူတန္းစားမ်ား ျဖစ္ၾကေၾကာင္းလည္း သိရသည္။

အမရပူရၿမိဳ႕နယ္ေ႐ႊဂြမ္းထုတ္ရပ္ကြက္ေနျပည္သူတစ္ဦးကလည္း “ကြၽန္ေတာ္တို႔ခုေနေနတဲ့ေနရာမွာက လြန္ခဲ့တဲ့ႏွစ္၄၀ေလာက္ကတည္းကေနလာၾကတာပါ။အျခားေဒသေတြကေန က်ဴးေဆာက္လုပ္ေနထိုင္ၾကသူမ်ား မရွိဘဲ လက္ရွိ အိမ္ေျခအတိုင္း ရပ္ကြက္ေန ေဒသခံျပည္သူမ်ားသာ အစဥ္အဆက္ ေနထိုင္လာၾက
ၿပီး ရပ္ကြက္အမည္ေတာင္ရွိပါတယ္။ကြၽန္ေတာ္တို႔ရပ္ကြက္မွာတပိုင္တႏိုင္ မိ႐ိုးဖလာ ရကၠန္းလုပ္ငန္း လုပ္ကိုင္တဲ့သူေတြ ပန္းရံ၊ သံခ်ည္ သံေကြး စတဲ့ ေအာက္ေျခ အလုပ္ေတြကို ႐ိုးသားစြာ အသက္ေမြး ဝမ္းေက်ာင္းျပဳေနၾကတဲ့ အေျခခံလူတန္းစားေတြ ေနထိုင္ၾကပါတယ္။၂၀၁၉ ခုႏွစ္ Covid-19 ေရာဂါ စျဖစ္တဲ့အခ်ိန္ကတည္းကဒီေန႔ထိ ရကၠန္းလုပ္ငန္းမ်ား ရပ္နားထားရတာေတြ တျခားအေျခခံလုပ္ငန္း ရွားပါးလာတာေတြကို ရင္ဆိုင္ေနၾကရသူေတြျဖစ္လို႔ စားဝတ္ေနေရး အက်ပ္အတည္း ရင္ဆိုင္ေနရပါတယ္။ဒီအခ်ိန္မွာ အစိုးရက အခုလို အိမ္ေနရာေတြဖယ္မယ္ဆိုရင္ ကြၽန္ေတာ္တို႔မွာ အိမ္ေျမျပန္ဝယ္ႏိုင္ဖို႔ေနေနသာသာ
အိမ္ငွားခေတာင္ ေပးဖို႔မလြယ္ရတဲ့အေျခအေနပါ။ဒါေၾကာင့္ တာဝန္ရွိသူမ်ားအေနနဲ႔ ကြၽန္ေတာ္တို႔အတြက္ စာနာနားလည္ငဲ့ညႇာေပးၾကပါ။သက္ဆိုင္ရာကိုလည္း အသနားခံစာတင္ျပသြားဖို႔လည္းရွိပါတယ္”ဟု ေျပာၾကားခဲ့သည္။

နစကက ရန္ကုန္ႏွင့္မႏၲေလးအပါအဝင္ ႏိုင္ငံတစ္ဝန္လုံးရွိ လမ္းေျမ၊ ေျမာင္းေျမ၊ ရထားလမ္းေျမ၊ လွ်ပ္စစ္ ဓာတ္အားလိုင္းနယ္ေျမ၊ အစိုးရဌာနဆိုင္ရာေျမႏွင့္ ပုဂၢလိကပိုင္ေျမေနရာ မ်ားတြင္ ဥပေဒႏွင့္ ညီၫြတ္မႈမရွိဘဲ တရားဝင္ပိုင္ဆိုင္ခြင့္မရွိသူမ်ားမွ တရားမဝင္ က်ဴးေက်ာ္ ေနထိုင္လ်က္ရွိသူမ်ားအား ဇန္နဝါရီလအတြင္းေနာက္ဆုံးဖယ္ရွားေပးရမည့္ရက္မ်ားသတ္မွတ္ၿပီး ဖယ္ရွားရန္ စီမံခ်က္ခ်မွတ္၍ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း အသိေပးထားသည္။

မႏၲေလးၿမိဳ႕တြင္ အမွန္တကယ္တရားမဝင္ က်ဴးေက်ာ္ေနထိုင္သူမ်ားရွိေသာ္လည္း သက္ဆိုင္ရာ ၿမိဳ႕နယ္အလိုက္ အိမ္ခြန္၊အမႈိက္ခြန္၊လမ္းမီးခြန္တို႔အားလစဥ္ေပးေဆာင္ၿပီးသက္ဆိုင္ရာစည္ပင္သာယာေရးအဖြဲ႕မွာ တရားဝင္အိမ္နံပါတ္မ်ားခ်ထားေပးခဲ့ကာေနအိမ္မ်ားတြင္လည္း တည္ဆဲအစိုးရအသီးသီးက ခ်ထားေပးခဲ့ေသာ လွ်ပ္စစ္မီတာမ်ားရွိသည့္အျပင္ မီတာခအားလည္း လစဥ္ ပုံမွန္ေပးေဆာင္၍ ၎တို႔ေနထိုင္ရာေနရာမ်ားတြင္လည္း အနည္းဆုံးႏွစ္ေပါင္း၂၀မွႏွစ္ေပါင္း၄၀ေက်ာ္ အစဥ္အဆက္ေနထိုင္ခဲ့ၾကေသာ ျပည္သူမ်ားအတြက္ ႏိုင္ငံေတာ္အစိုးရမွ ႏိုင္ငံသားျပည္သူမ်ား၏ အခြင့္အေရးႏွင့္ရပိုင္ခြင့္မ်ားအတြက္ ၎တို႔၏ ေနအိမ္မ်ား ဖယ္ရွားခံရမည့္အေရးကို ေလ်ာ့ေပါ့စဥ္းစားေပးေစလိုေၾကာင္း ေနအိမ္ဖယ္ရွားခံရမည့္ျပည္သူမ်ားက တညီတၫြတ္တည္းေျပာဆိုခဲ့ၾကသည္။

မန္းစည္ပင္တာဝန္ရွိသူတစ္ဦးက“ က်ေနာ္တို႔အေနနဲ႔လည္း ျပည္သူေတြရဲ႕ေနအိမ္ဖယ္ရွားရမယ့္ကိစၥအေပၚစိတ္မေကာင္းျဖစ္ရပါတယ္။ခုကိစၥကလည္း စီမံခ်က္ခ်ေဆာင္႐ြက္ေနတာဆိုေတာ့ က်ေနာ္တို႔အေနနဲ႔လည္း ျပည္သူကို ဘာမွ မကူညီေပးႏိုင္ဘူးျဖစ္ေနတယ္။ေနအိမ္ဖယ္ရွားခံရမယ့္ျပည္သူေတြအေနနဲ႔ ႏိုင္ငံေတာ္အဆင့္၊တိုင္းေဒသ ႀကီးအဆင့္ တာဝန္ရွိသူေတြဆီကို အသနားခံစာတင္ၿပီး အထက္အဆင့္ဆင့္က အသနားခံစာအေပၚ နားလည္လက္ခံၿပီး ေလ်ာ့ ေပါ့စဥ္းစားေပးမယ္ဆိုရင္ သူတို႔ေနအိမ္ဖယ္ရွားခံမယ့္ကိစၥေတြ အဆင္ေျပလာလိမ့္မယ္လို႔ ထင္ပါတယ္”ဟု မွတ္ခ်က္ျပဳသည္။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071