မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်၊ ပုဂံမြို့၊ မြင်းကပါကျေးရွာရှိ မနုဟာမင်းကြီး၏ကောင်းမှုတော်ဖြစ်သော မနုဟာဘုရား၏ ဗုဒ္ဓပူဇနိယပွဲတော်အား ယနေ့ စက်တင်ဘာ ၆ ရက် (တော်သလင်းလပြည့်နေ့) နံနက် ၁၀ နာရီက ဆင်ယင်ကျင်းပခဲ့သည်။
မနုဟာဘုရား၏ ဗုဒ္ဓပူဇနိယပွဲတော်နှင့်အတူ ရေစက်ချမင်္ဂလာနှင့် ကြွရောက်တော်မူလာကြသည့် ဆရာတော်၊ သံဃာတော်(၇၀)ပါးအား ဆွမ်းသပိတ်လုံးများလောင်းလှူပူဇော်ပွဲကိုလည်း ဆင်ယင်ကျင်းပခဲ့သည်။
