Monday, May 19, 2025

ဂရင်းလန်းအပေါ် ဒိန်းမတ်၏ အချုပ်အခြာအာဏာပိုင်ဆိုင်မှုတရုတ်က အပြည့်အ၀...

ဂရင်းလန်းအရေးတွင် ဒိန်းမတ်နိုင်ငံ၏ အချုပ်အခြာအာဏာပိုင်ဆိုင်မှုနှင့် နယ်မြေတည်တံ့ခိုင်မြဲမှုကို တရုတ်နိုင်ငံက အပြည့်အဝလေးစားသည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက တနင်္လာနေ့က ပေကျင်းတွင် ဒိန်းမတ်နိုင်ငံခြားရေးဝန်ကြီး Lars Lokke...

ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီး တရုတ်သွားမည်

အိန္ဒိယနိုင်ငံနှင့် ဆယ်စုနှစ်များစွာအတွင်း အဆိုးဝါးဆုံး ပဋိပက္ခကို အပစ်အခတ်ရပ်စဲရန် သဘောတူညီမှုရရှိခဲ့အပြီး တစ်ပတ်ကျော်အကြာတွင် ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီးသည် တရုတ်နိုင်ငံသို့ သုံးရက်ကြာ နိုင်ငံတော်ခရီးစဉ်သွားရောက်မည်ဖြစ်ကြောင်း ၎င်း၏ ရုံးက...

ဂျိုးဘိုင်ဒင် ဆီးကျိတ်ကင်ဆာရောဂါ ကိုပြင်းထန်စွာခံစားနေရဟုဆို

ဝါရှင်တန်၊မေ ၁၉ အမေရိကန်သမ္မတဟောင်းဂျိုးဘိုင်ဒင်သည် ဆီးကျိတ်ကင်ဆာဝေဒနာကိုအပြင်းအထန်ခံစားနေရကြောင်း၊ ကင်ဆာဆဲလ်များသည် ၎င်း၏ အရိုးများအထိပင်ပျံ့နှံ့နေပြီဖြစ်‌ေကြာင်းသိရသည်။ အသက် ၈၂ နှစ်အရွယ်ရှိသမ္မတ‌ေဟာင်း ဂျိုးဘိုင်ဒင်သည် ဆီးနှင့်ပတ်သက်သည့်ရောဂါလက္ခဏာများကို ခံစားခဲ့ရခြင်းဖြစ်ကြောင်းသိရပြီး နောက်ပိုင်းမှသာ ၎င်း၏မိသားစုဝင်များက...

ပြည်တွင်းစက်သုံးဆီဈေး အနည်းငယ် ကျဆင်း

ပြည်ပမှ ဝယ်ယူရသည့် စက်သုံးဆီများ ဈေးနှုန်းကျဆင်းလျက်ရှိသောကြောင့် ပြည်တွင်းစက်သုံးဆီဈေးနှုန်းလည်း လိုက်ပါကျဆင်းလာကြောင်း သိရသည်။ လက်ရှိတွင် ပြည်တွင်းစက်သုံးဆီဈေးနှုန်းများ ကျဆင်းလျက်ရှိပြီး လိုအပ်သလောက် အလွယ်တကူ ဝယ်ယူသုံးစွဲနိုင်ကြောင်းလည်း စက်သုံးဆီတင်သွင်းသိုလှောင်...
HomeNewsLocal Newsမနက်၁နာရီခွဲ ​လောင်တဲ့မီး တစ်နာရီအကြာတွင်ငြိမ်း​သော်လည်းမနက်လင်းမှ...

မနက်၁နာရီခွဲ ​လောင်တဲ့မီး တစ်နာရီအကြာတွင်ငြိမ်း​သော်လည်းမနက်လင်းမှ ​မီး​လောင်သေဆုံး​နေ​သော အမျိုးသမီး ၁ ဦး​တွေ့

စစ်ကိုင်းတိုင်း၊မြင်းမူမြို့၊သီဟရပ်ကွက်တွင် ဖေဖော်ဝါရီ ၂၇ ရက်ညပိုင်းကဖြစ်ပွားခဲ့သည့် ကုန်စုံဆိုင်မီးလောင်မှုဖြစ်စဥ်၌ အမျိုးသမီးတစ်ဦးမီးလောင်သေဆုံးကာ ၂ ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်နှင့်လူမှုကူညီရေးအသင်းများမှ သိရသည်။

ယမန်နေ့ည ၁ နာရီ ၂၅ မိနစ်ခန့်က မြင်းမူမြို့၊သီဟရပ်ကွက်ရှိ ကုန်စုံဆိုင်တစ်ဆိုင်၌ မီးလောင်မှုဖြစ်ပွားကြောင်းသတင်းအရ မြင်းမူမြို့နယ်မီးသတ်စခန်း၊မြို့မအရန်မီးသတ်စခန်းတို့မှ တပ်ဖွဲ့ဝင်များနှင့်လူမှုကူညီရေးအသင်းများက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသည်။

ထို့ကြောင့် နံနက် ၂ နာရီခွဲတွင် မီးငြိမ်းသွားခဲ့ပြီး ယင်းကုန်စုံဆိုင်မှ အမျိုးသမီး ၂ ဦးတွင် ထိခိုက်ဒဏ်ရာများရရှိခဲ့သဖြင့် လူမှုကူညီရေးအသင်းကားများဖြင့် မြင်းမူမြို့ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

“ဖြစ်စဥ်ပြီးတဲ့အချိန်မှာ သေဆုံးတာကိုမသိရသေးဘူး။ ဒဏ်ရာရတဲ့ ၂ ယောက်ပဲတွေ့ခဲ့ရတယ်။ မီးလောင်သေဆုံးတဲ့ အမျိုးသမီးကိုကြတော့ ဒီနေ့(ဖေဖော်ဝါရီ ၂၈ ရက်)မနက်ပိုင်း အသေးစိတ်ရှင်းလင်းရေးလုပ်တဲ့အချိန်မှာ ဒုတိယထပ်က​နေတွေ့တာ။ ဆေးရုံကိုပို့ထားပါတယ်”ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။

လက်ရှိအချိန်၌ မီးလောင်မှုဖြစ်ပွားရသည့်အကြောင်းရင်းနှင့်ပျက်စီးဆုံးရှုံးမှုတန်ဖိုးအား မီးသတ်တပ်ဖွဲ့တာဝန်ရှိသူများက စစ်ဆေးလျက်ရှိကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဂရင်းလန်းအပေါ် ဒိန်းမတ်၏ အချုပ်အခြာအာဏာပိုင်ဆိုင်မှုတရုတ်က အပြည့်အ၀ လေးစား–ဝမ်ယိ

ဂရင်းလန်းအရေးတွင် ဒိန်းမတ်နိုင်ငံ၏ အချုပ်အခြာအာဏာပိုင်ဆိုင်မှုနှင့် နယ်မြေတည်တံ့ခိုင်မြဲမှုကို တရုတ်နိုင်ငံက အပြည့်အဝလေးစားသည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက တနင်္လာနေ့က ပေကျင်းတွင် ဒိန်းမတ်နိုင်ငံခြားရေးဝန်ကြီး Lars Lokke Rasmussen ကို ပြောကြားလိုက်သည်။ တရုတ်နိုင်ငံ၏ အချုပ်အခြာအာဏာပိုင်ဆိုင်မှုနှင့် နယ်မြေ တည်တံ့ခိုင်မြဲမှုတွင်လည်း ဒိန်းမတ်နိုင်ငံအနေဖြင့် တရုတ်နိုင်ငံ၏ တရားဝင်ရပ်တည်မှုကို ဆက်လက်ထောက်ခံမည်ဟု မျှော်လင့်ပါကြောင်း ဝမ်က ပြောဆိုခဲ့သည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာန၏ သတင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ပေကျင်းက အပြင်းအထန် ရှုတ်ချခဲ့သော ထိုင်ဝမ်သမ္မတဟောင်း ဆိုင်အင်းဝမ်၏ ကိုပင်ဟေဂင် ခရီးစဉ်အပြီး ရက်ပိုင်းအကြာတွင် ဝမ်က...

ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီး တရုတ်သွားမည်

အိန္ဒိယနိုင်ငံနှင့် ဆယ်စုနှစ်များစွာအတွင်း အဆိုးဝါးဆုံး ပဋိပက္ခကို အပစ်အခတ်ရပ်စဲရန် သဘောတူညီမှုရရှိခဲ့အပြီး တစ်ပတ်ကျော်အကြာတွင် ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီးသည် တရုတ်နိုင်ငံသို့ သုံးရက်ကြာ နိုင်ငံတော်ခရီးစဉ်သွားရောက်မည်ဖြစ်ကြောင်း ၎င်း၏ ရုံးက မေလ ၁၈ ရက် နေ့တွင် ပြောကြားခဲ့သည်။ ဒုတိယဝန်ကြီးချုပ်အဖြစ်လည်း တာဝန်ယူထားသော မစ္စတာ အီရှတ်ဒါ သည် မေလ ၁၉ ရက် နေ့တွင် ပေကျင်းခရီးစဉ်ကို စတင်မည်ဖြစ်ကာ တောင်အာရှတွင် ပြောင်းလဲနေသော ဒေသဆိုင်ရာအခြေအနေများ၊ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးဆိုင်ရာ အကျိုးသက်ရောက်မှုများနှင့် ပတ်သက်၍ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနှင့် နက်ရှိုင်းစွာ ဆွေးနွေးကြမည်ဖြစ်သည်ဟု...

ဂျိုးဘိုင်ဒင် ဆီးကျိတ်ကင်ဆာရောဂါ ကိုပြင်းထန်စွာခံစားနေရဟုဆို

ဝါရှင်တန်၊မေ ၁၉ အမေရိကန်သမ္မတဟောင်းဂျိုးဘိုင်ဒင်သည် ဆီးကျိတ်ကင်ဆာဝေဒနာကိုအပြင်းအထန်ခံစားနေရကြောင်း၊ ကင်ဆာဆဲလ်များသည် ၎င်း၏ အရိုးများအထိပင်ပျံ့နှံ့နေပြီဖြစ်‌ေကြာင်းသိရသည်။ အသက် ၈၂ နှစ်အရွယ်ရှိသမ္မတ‌ေဟာင်း ဂျိုးဘိုင်ဒင်သည် ဆီးနှင့်ပတ်သက်သည့်ရောဂါလက္ခဏာများကို ခံစားခဲ့ရခြင်းဖြစ်ကြောင်းသိရပြီး နောက်ပိုင်းမှသာ ၎င်း၏မိသားစုဝင်များက ဆရာဝန်များနှင့်စစ်ဆေးအတည်ပြုနိုင်ခဲ့ကာ ဆေးဆက်လက်ကုသရန်တိုင်ပင်နေသည်ဟုလည်းသိရသည်။ သမ္မတဟောင်းဘိုင်ဒင်သည် ၂၀၂၁ ခုနှစ်မှ ၂၀၂၅ ခုနှစ်အတွင်း ၎င်း၏သမ္မတသက်တမ်းကာလအတွင်း အစောပိုင်းကာလများကအဆင်ပြေသော်လည်း နောက်ပိုင်းတွင် ပုံမှန်မဟုတ်သောစကားပြောပုံများဖြင့် တစ်ခါတစ်ရံ စကားများမှားကာ ယူကရိန်းသမ္မတနှင့်ရုရှားသမ္မတနာမည်မှားခေါ်သည်အထိဖြစ်ခဲ့ကာ ဝေဒနာ၏ဒဏ်ကိုခံခဲ့ရသူလည်းဖြစ်သည်။ လက်ရှိသတင်းများအရ သမ္မတထရမ့်ပ်ကမူ သမ္မတဟောင်းဘိုင်ဒင်နှင့်၎င်း၏ဇနီးတို့အတွက် စာနာနားလည်ကာ စိတ်မကောင်းဖြစ်မိပါသည်ဟုလည်း ၎င်း၏လူမှုကွန်ရက်စာမျက်နှာတွင်ထုတ်ဖော်ပြောကြားခဲ့သည်။ “သမ္မတဟောင်းဘိုင်ဒင်ရဲ့ဆေးစစ်ချက်ကိုသိပြီးတဲ့နောက် ကျွန်တော်ရော မလီနာပါ အင်မတန်ကိုစိတ်ထိခိုက်ခဲ့ရပါတယ်၊သမ္မတဟောင်းဘိုင်ဒင်လည်း အမြန်ဆုံးကုသနိုင်ပြီး ဝေဒနာပျောက်ကင်းပါစေလို့ဆုတောင်းပေးပါတယ်” ဟုလည်း၎င်းကဆိုသည်။ Source :...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071